ဝါရင့် ဂုရုကြီး လော်ရိုးရဲ့ ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်များ အတွက် လိုတိုရှင်း သုံးသပ် ခန့်မှန်းချက်များ

ဒီအပတ် ကစားကြမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် ဘောလုံးပွဲ သုံးသပ် ဝါရင့် ဆရာကြီး လော်ရိုးက အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

ဖူလ်ဟမ် vs မန်စီးတီး

ဖူလ်ဟမ်က မန်စီးတီးကို ပွဲကောင်းတစ်ပွဲ ကစားရစေမှာပါ။ အိမ်ကွင်းမှာ ကစားရတာကို သူတို့ သိပ်ပြီး သက်သောင့်သက်သာ ဖြစ်နေမယ်ဆိုပေမယ့်လို့ ဒီအခြေအနေမှာ မန်စီးတီး ကစားနေတာက ကောင်းလွန်းနေပါတယ်။

လော်ရိုး ခန့်မှန်းရလဒ်။ ။ ဖူလ်ဟမ် 0-2 မန်စီးတီး။

မန်ယူနိုက်တက် vs အက်စတွန်ဗီလာ

အက်စတွန်ဗီလာက ခြေစွမ်း သိပ်တက်နေပြီး သူတို့ ကစားတာ သိပ်ကောင်းနေပေမယ့် ဒီပွဲမှာ မန်ယူနိုက်တက် နိုင်မယ့်ဘက်က ထောက်ခံသွားပါမယ်။

လော်ရိုး ခန့်မှန်းရလဒ်။ ။ မန်ယူနိုက်တက် 2-0 အက်စတွန်ဗီလာ

လီဗာပူး vs တော်တင်ဟမ်

ဒီတလော လီဗာပူးက ပြန်တုန့်ပြန်လာနိုင်ပြီး ၃ ပွဲဆက် နိုင်ပွဲ ရယူထားနိုင်ပါတယ်။ သူတို့ ခံစစ်က ဂိုးတွေ ပေးနေရဆဲဖြစ်နေတာကတော့ စိုးရိမ်စရာပါပဲ။ လီဗာပူး ၄ ပွဲဆက် နိုင်ပွဲရမယ်လို့ ထင်ပါတယ်။

လော်ရိုး ခန့်မှန်းရလဒ်။ ။ လီဗာပူး 2-0 စပါး။

အာဆင်နယ် vs ချယ်ဆီး

ချယ်ဆီးက ရှက်ဖို့ ကောင်းပါတယ်။ လမ်းပတ်လက်ထက် ပွဲတိုင်းကို ရှုံးနေတာပါ။ ဒီပွဲမှာ အာဆင်နယ်တို့ နိုင်မယ်ထင်ပါတယ်။ သူတို့က မန်စီးတီးကို အရေးနိမ့်ခဲ့မှုကို တုန့်ပြန်ပြဖို့ ကြိုးစားမှာပါ။ ချယ်ဆီးက ဒီရာသီမှာ အရမ်း ညံ့ဖျင်းလွန်းပြီး သူတို့ လုပ်ချင်တာတွေ ဖြစ်မလာပါဘူး။

လော်ရိုး ခန့်မှန်းရလဒ်။ ။ အာဆင်နယ် 2-0 ချယ်ဆီး။

အခြား ပွဲစဉ်များ အတွက် လော်ရိုးရဲ့ ခန့်မှန်းရလဒ်များ

  • Crystal Palace 1-1 West Ham
  • Brentford 2-1 Nottingham Forest
  • Brighton 1-1 Wolves
  • Bournemouth 1-2 Leeds
  • Newcastle 2-0 Southampton
  • Leicester 2-1 Everton