လာလီဂါကြယ်ပွင့်ကို ပေါင် ၂၇ သန်းဖြင့် ခေါ်ယူဖို့ ချယ်ဆီး ချိန်ရွယ်နေကြောင်း စပိန်သတင်းဖော်ပြ

UNICODE – ချယ်ဆီးအသင်းဟာ ဘယ်အစွန်လူ ရှာပုံတော် ဖွင့်နေရာမှာ လာလီဂါကလပ် ဂီတာဖေးအသင်းမှ မက် ကူကူရယ်လာကို ခေါ်ယူလိုနေတယ်လို့ စပိန်သတင်းဌာန AS က ဖော်ပြသွားပါတယ်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ အသက် ၂၂ နှစ်ပြည့်သွင်းတဲ့ ကူကူရယ်လာကို ခေါ်ယူလိုရင် ချယ်ဆီးဘက်က ပေါင် ၂၇ သန်း ဝန်းကျင် ပေးချေဖို့ လိုအပ်မှာဖြစ်ပါတယ်။ ကူကူရယ်လာဟာ ဒီရာသီ ဂီတာဖေးအတွက် ၃၇ ပွဲ ကစားပေးပြီး ဂိုးထောက်ပံ့မှု ၅ ကြိမ် လုပ်ပေးထားနိုင်သူဖြစ်ပါတယ်။

ဘာစီလိုနာအသင်း ကစားသမားဟောင်း ကူကူရယ်လာဟာ အီဘာအသင်းကနေ ဂီတာဖေးအသင်းထံ ထပ်မံအငှားချခြင်း ခံခဲ့ရသူဖြစ်တယ်။ ဂီတာဖေးက ကူကူရယ်လာကို ယူရို ၆ သန်းဖြင့် အပြီးသတ် ဝယ်ယူခွင့် ရှိထားပေမယ့် ကစားသမားကို ပိုင်ဆိုင်ခွင့်ရဲ့ ၄၀% ကို ဘာစီလိုနာက ကိုင်ထားဆဲ ဖြစ်ပါတယ်။

ကူကူရယ်လာဟာ ဘယ်အစွန်လူအဖြစ် ကစားနေပေမယ့် တောင်ပံကစားသမားအဖြစ်လည်း ကစားနိုင်စွမ်းရှိသူဖြစ်တယ်။ သူ့ကို ခေါ်ယူဖို့ လာလီဂါ ကလပ်တွေဖြစ်တဲ့ ဆီဗီလာ၊ ဘက်တစ်နဲ့ ဘွန်ဒက်စ်လီဂါ ကလပ်တွေဖြစ်တဲ့ ဖရန့်ဖတ်၊ ဂလက်ဘတ်တို့က စိတ်ဝင်စားထားပါတယ်။

ချယ်ဆီးက ဘမ်ချီဝဲလ်ကို ခေါ်ယူလိုပေမယ့် ကစားသမားအတွက် ပေးရမယ့် ပြောင်းရွှေ့ကြေး မြင့်မားလွန်းတာကြောင့် အခြားသော ကစားသမားတွေကို ရှာဖွေနေဆဲဖြစ်တယ်။ ကူကူရယ်လာကို ချယ်ဆီးက စိတ်ဝင်စားပါတယ်ဆိုတဲ့ သတင်းတွေက စပိန်သတင်းဌာနတွေရဲ့ ဖော်ပြမှု အဆင့်မှာပဲ ရှိသေးတာကြောင့် ဆက်လက်ပြီး စောင့်ကြည့်ဖို့တော့ လိုဦးမှာ ဖြစ်ပါတယ်။

ZAWGYI – ခ်ယ္ဆီးအသင္းဟာ ဘယ္အစြန္လူ ရွာပံုေတာ္ ဖြင့္ေနရာမွာ လာလီဂါကလပ္ ဂီတာေဖးအသင္းမွ မက္ ကူကူရယ္လာကို ေခၚယူလိုေနတယ္လို႔ စပိန္သတင္းဌာန AS က ေဖာ္ျပသြားပါတယ္။

လြန္ခဲ့တဲ့ ရက္အနည္းငယ္ကမွ အသက္ ၂၂ နွစ္ျပည့္သြင္းတဲ့ ကူကူရယ္လာကို ေခၚယူလိုရင္ ခ်ယ္ဆီးဘက္က ေပါင္ ၂၇ သန္း ဝန္းက်င္ ေပးေခ်ဖို႔ လိုအပ္မွာျဖစ္ပါတယ္။ ကူကူရယ္လာဟာ ဒီရာသီ ဂီတာေဖးအတြက္ ၃၇ ပြဲ ကစားေပးျပီး ဂိုးေထာက္ပံ့မႈ ၅ ၾကိမ္ လုပ္ေပးထားႏုိင္သူျဖစ္ပါတယ္။

ဘာစီလိုနာအသင္း ကစားသမားေဟာင္း ကူကူရယ္လာဟာ အီဘာအသင္းကေန ဂီတာေဖးအသင္းထံ ထပ္မံအငွားခ်ျခင္း ခံခဲ့ရသူျဖစ္တယ္။ ဂီတာေဖးက ကူကူရယ္လာကို ယူရုိ ၆ သန္းျဖင့္ အျပီးသတ္ ဝယ္ယူခြင့္ ရွိထားေပမယ့္ ကစားသမားကို ပိုင္ဆုိင္ခြင့္ရဲ႕ ၄၀% ကို ဘာစီလိုနာက ကိုင္ထားဆဲ ျဖစ္ပါတယ္။

ကူကူရယ္လာဟာ ဘယ္အစြန္လူအျဖစ္ ကစားေနေပမယ့္ ေတာင္ပံကစားသမားအျဖစ္လည္း ကစားႏုိင္စြမ္းရွိသူျဖစ္တယ္။ သူ႔ကို ေခၚယူဖို႔ လာလီဂါ ကလပ္ေတြျဖစ္တဲ့ ဆီဗီလာ၊ ဘက္တစ္နဲ႔ ဘြန္ဒက္စ္လီဂါ ကလပ္ေတြျဖစ္တဲ့ ဖရန္႔ဖတ္၊ ဂလက္ဘတ္တို႔က စိတ္ဝင္စားထားပါတယ္။

ခ်ယ္ဆီးက ဘမ္ခ်ီဝဲလ္ကို ေခၚယူလိုေပမယ့္ ကစားသမားအတြက္ ေပးရမယ့္ ေျပာင္းေရႊ႔ေၾကး ျမင့္မားလြန္းတာေၾကာင့္ အျခားေသာ ကစားသမားေတြကို ရွာေဖြေနဆဲျဖစ္တယ္။ ကူကူရယ္လာကို ခ်ယ္ဆီးက စိတ္ဝင္စားပါတယ္ဆိုတဲ့ သတင္းေတြက စပိန္သတင္းဌာနေတြရဲ႕ ေဖာ္ျပမႈ အဆင့္မွာပဲ ရွိေသးတာေၾကာင့္ ဆက္လက္ျပီး ေစာင့္ၾကည့္ဖို႔ေတာ့ လိုဦးမွာ ျဖစ္ပါတယ္။