နွေမှာ အသင်းပြောင်းဖို့ မက်ဆီ ဆက်သွယ် ပြောဆိုနေတဲ့ ကလပ်အသင်း ၃ သင်း

ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မှာ ဖြစ်တဲ့ အပြင် ဒီတလော အသင်းနဲ့ မကျေလည်မှုတွေ ရှိနေတဲ့ အာဂျင်တီးနား ကြယ်ပွင့် လီယွန်နယ် မက်ဆီကတော့ နွေမှာ အသင်းပြောင်းဖို့ စကားပြောနေတဲ့ ကလပ် အသင်း ၃ သင်း ရှိနေပါတယ်။

ဘာစီလိုနာ တစ်သင်းတင် မဟုတ်ဘဲ အခြား ကလပ်တွေနဲ့လည်း အဆက်သွယ် ရှိနေတဲ့ မက်ဆီ တစ်ယောက် ဘယ်အသင်းထံ ရောက်သွားမလဲ က ရင်ခုန်စရာ ဖြစ်နေပါတယ်။

ဒီတလောမှာ မက်ဆီနဲ့ ဆက်သွယ် ဆွေးနွေးနေတဲ့ ကလပ် အသင်း ၃ သင်းက အောက်ပါအတိုင်း ဖြစ်ပါတယ်။

အယ် ဟီလယ်

ဆော်ဒီကလပ်ရဲ့ မက်လောက်ဖွယ် ကမ်းလှမ်းမှု တစ်ရပ် က လွန်ခဲ့တဲ့ သီတင်းပတ် အနည်းငယ်ကပဲ ပယ်ချခံခဲ့ရပေမယ့် မက်ဆီရဲ့ အေးဂျင့်တွေနဲ့ ဆက်လက် ဆွေးနွေးနေဆဲပါ။ မက်ဆီ ဒီအသင်းကို ရွေးမလး ဆိုတာ ဘက်စကွပ်နဲ့ ဂျော်ဒီ အယ်ဘာ တို့ကလည်း စောင့်ကြည့်နေပါတယ်။

တကယ်လို့ မက်ဆီရဲ့ ဘာစီလိုနာ အပြန်လမ်း ဖြစ်မလာဘူး ဆိုရင် ဒီလူဟောင်း ၃ ယောက်ဟာ နောက်ရာသီ အယ် ဟီလယ်မှာ အတူ မြင်ရဖို့လည်း ဖြစ်လာနိုင်ခြေ ရှိနေပါတယ်။

ဘာစီလိုနာ

ကတ်တလန် ကလပ်ကတော့ မက်ဆီ အတွက် သူတို့ရဲ့ တရားဝင် ကမ်းလှမ်းမှုကို ပထမဆုံး တင်သွင်းဖို့ ပြင်ဆင်နေပါတယ်။ မက်ဆီကို လာလီဂါမှာ စာရင်း သွင်းဖို့ ဆိုတာ လုပ်ဆောင်စရာတွေ အများကြီး ရှိနေပေမယ့် ဘာစီလိုနာက ဖြစ်နိုင်တဲ့ဘက်က အကုန် ကြိုးစားနေပါတယ်။

အင်တာမီယာမီ

မက်ဆီက ဒီကာလမှာ မေဂျာလိဂ် မသွားလိုသေးဘဲ တွန့်ဆုတ်နေပေမယ့် ဒေးဗစ် ဘက်ခမ်း ပိုင်တဲ့ မီယာမီ ကလပ်ကတော့ မျှော်လင့်ချက်ကို မစွန့်လွှတ်သေးပါဘူး။ အသင်း တာဝန်ရှိသူတွေနဲ့ ကစားသမား အေးဂျင့်တွေ့လည်း ဆွေးနွေးမှု ရှိနေတယ်လို့ ဂါးဒီးယန်း သတင်းက ဆိုပါတယ်။

မက်ဆီ ဘယ်အသင်းကို ရွေးချယ် မလဲ ဆိုတာ လာမယ့် ဇွန်လမှာ အဖြေ သိရဖို့ ရှိနေပါတယ်။