ပရီးမီးယားလိဂ် နောက်ဆုံးပွဲ ကစားသွားတဲ့ ပက်ဒရိုနဲ့ လမ်းပတ်ရဲ့ နှုတ်ဆက်စကား

ချယ်ဆီး ဝါရင့်တောင်ပံ ကစားသမား ပက်ဒရိုဟာ ဒီရာသီ အကုန်မှာ အသင်းနဲ့ လမ်းခွဲတော့မှာ ဖြစ်ကြောင်း ချယ်ဆီးနည်းပြ ဖရန့်လမ်းပတ်က အတည်ပြု ထုတ်ဖော် ပြောဆိုသွားခဲ့ပါပြီ။ ညက ဝုဗ်နဲ့ ပွဲမှာ လူစားဝင် ကစားသွားတဲ့ စပိန်သား တောင်ပံကစားသမား ဟာ သူ့ရဲ့ နောက်ဆုံး ပရီးမီးယားလိဂ်ပွဲ ကစားသွားခဲ့ပြီလို့ ဆိုရတော့မှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ပွဲတွေ ပြီးသွားပေမယ့် အသက် ၃၂ နှစ် အရွယ် တောင်ပံသမား ပက်ဒရိုဟာ ချယ်ဆီးနဲ့ အတူ အက်ဖ်အေဖလား ဗိုလ်လုပွဲနဲ့ ဘိုင်ယန်မြူးနစ်ကို သွားရောက် ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ပွဲတွေမှာ ပါဝင် ကစားနိုင်ဦးမှာ ဖြစ်ပါတယ်။ ဘာစီလိုနာ ကစားသမားဟောင်းလည်း ဖြစ်တဲ့ ပက်ဒရိုဟာ နောက်ရာသီမှာ ရိုးမား အသင်းထံ ပြောင်းရွှေ့ဖို့ များနေပါတယ်။

ချယ်ဆီးနည်းပြ ဖရန့်လမ်းပတ်ကတော့ ပက်ဒရို တစ်ယောက် အနောက်လန်ဒန်ကို လက်ပြနှုတ်ဆက်ပြီ ဖြစ်ကြောင်း အတည်ပြု ပြောဆိုခဲ့ပါတယ်။

” ဒီပွဲက ပက်ဒရိုရဲ့ နောက်ဆုံး ပရီးမီးယားလိဂ် ပွဲ ဖြစ်ခဲ့တယ်။ သူ ဒီမှာ ရှိနေတာက သက်ရောက်မှုကြီး ရှိပါတယ်။ ကျနော် သူ့ကို ကျေးဇူး အများကြီးတင်တယ်လို့ ပြောချင်ပါတယ်။ ရှေ့ဆက်ရမယ့် ခရီးလမ်းမှာလည်း ဖြောင့်ဖြူးသာယာပါစေ ဆုတောင်းပေးပါတယ်။ သူက အသင်းရဲ့ လက်ကျန်ပွဲတွေ အတွက် ဆက်ရှိပေးနေတာပါ။ ဒီလို ကစားသမား ကောင်းကြီး တစ်ယောက်ကို ကျနော်တို့ လက်လွှတ်ရတော့မယ်။ ” လို့ လမ်းပတ်က ဆိုခဲ့ပါတယ်။

ပက်ဒရိုရဲ့ ၁၃၇ ပွဲမြောက် လိဂ်ပွဲဟာ ၎င်းရဲ့ နောက်ဆုံး ပရီးမီးယားလိဂ် ပွဲ ဖြစ်သွားခဲ့ပြီး ပက်ဒရိုက တွစ်တာကနေလည်း ‘ ငါ့ရဲ့ စတန်းဖို့ဘရစ်ချ်က နောက်ဆုံး ပွဲပါ။ ‘ လို့ ပြောဆိုခဲ့ပါတယ်။

” ဒီနှစ်တွေ အတွင်း အားပေးခဲ့ကြတဲ့ ပရိသတ် တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။ ဒါ့အပြင် အပြာရောင် တပ်သားတစ်ဦး အဖြစ် ပါဝင်ခွင့်ပေးတဲ့ အသင်းကိုရော၊ အသင်းဖော်တွေကိပါ ကျေးဇူးတင်ပါတယ်။ မင်းတို့အားလုံး ငါ့နှလုံးသားထဲမှာ အမြဲ ရှိနေမှာပါ။ အခု အက်ဖ်အေဖလားအတွက် ဆက်လက် တိုက်ပွဲဝင်ကြပါစို့။ ” လို့ ပက်ဒရိုကလည်း နှုတ်ဆက်စကား ဆိုထားပါတယ်။

Zawgyi – ခ်ယ္ဆီး ၀ါရင့္ေတာင္ပံ ကစားသမား ပက္ဒရိုဟာ ဒီရာသီ အကုန္မွာ အသင္းနဲ႕ လမ္းခြဲေတာ့မွာ ျဖစ္ေၾကာင္း ခ်ယ္ဆီးနည္းျပ ဖရန္႔လမ္းပတ္က အတည္ျပဳ ထုတ္ေဖာ္ ေျပာဆိုသြားခဲ့ပါျပီ။ ညက ၀ုဗ္နဲ႕ ပြဲမွာ လူစား၀င္ ကစားသြားတဲ့ စပိန္သား ေတာင္ပံကစားသမား ဟာ သူ႔ရဲ႕ ေနာက္ဆံုး ပရီးမီးယားလိဂ္ပြဲ ကစားသြားခဲ့ျပီလို႔ ဆိုရေတာ့မွာ ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ ပြဲေတြ ျပီးသြားေပမယ့္ အသက္ ၃၂ နွစ္ အရြယ္ ေတာင္ပံသမား ပက္ဒရိုဟာ ခ်ယ္ဆီးနဲ႕ အတူ အက္ဖ္ေအဖလား ဗိုလ္လုပြဲနဲ႕ ဘိုင္ယန္ျမဴးနစ္ကို သြားေရာက္ ရင္ဆိုင္ရမယ့္ ခ်န္ပီယံလိဂ္ ပြဲေတြမွာ ပါ၀င္ ကစားနိုင္ဦးမွာ ျဖစ္ပါတယ္။ ဘာစီလိုနာ ကစားသမားေဟာင္းလည္း ျဖစ္တဲ့ ပက္ဒရိုဟာ ေနာက္ရာသီမွာ ရိုးမား အသင္းထံ ေျပာင္းေရႊ႕ဖို႔ မ်ားေနပါတယ္။

ခ်ယ္ဆီးနည္းျပ ဖရန္႔လမ္းပတ္ကေတာ့ ပက္ဒရို တစ္ေယာက္ အေနာက္လန္ဒန္ကို လက္ျပနႈတ္ဆက္ျပီ ျဖစ္ေၾကာင္း အတည္ျပဳ ေျပာဆိုခဲ့ပါတယ္။

” ဒီပြဲက ပက္ဒရိုရဲ႕ ေနာက္ဆံုး ပရီးမီးယားလိဂ္ ပြဲ ျဖစ္ခဲ့တယ္။ သူ ဒီမွာ ရွိေနတာက သက္ေရာက္မႈၾကီး ရွိပါတယ္။ က်ေနာ္ သူ႔ကို ေက်းဇူး အမ်ားၾကီးတင္တယ္လို႔ ေျပာခ်င္ပါတယ္။ ေရွ႕ဆက္ရမယ့္ ခရီးလမ္းမွာလည္း ေျဖာင့္ျဖဴးသာယာပါေစ ဆုေတာင္းေပးပါတယ္။ သူက အသင္းရဲ႕ လက္က်န္ပြဲေတြ အတြက္ ဆက္ရွိေပးေနတာပါ။ ဒီလို ကစားသမား ေကာင္းၾကီး တစ္ေယာက္ကို က်ေနာ္တို႔ လက္လႊတ္ရေတာ့မယ္။ ” လို႔ လမ္းပတ္က ဆိုခဲ့ပါတယ္။

ပက္ဒရိုရဲ႕ ၁၃၇ ပြဲေျမာက္ လိဂ္ပြဲဟာ ၄င္းရဲ႕ ေနာက္ဆံုး ပရီးမီးယားလိဂ္ ပြဲ ျဖစ္သြားခဲ့ျပီး ပက္ဒရိုက တြစ္တာကေနလည္း ‘ ငါ့ရဲ႕ စတန္းဖို႔ဘရစ္ခ်္က ေနာက္ဆံုး ပြဲပါ။ ‘ လို႔ ေျပာဆိုခဲ့ပါတယ္။

” ဒီနွစ္ေတြ အတြင္း အားေပးခဲ့ၾကတဲ့ ပရိသတ္ တစ္ေယာက္ခ်င္းစီတိုင္းကို ေက်းဇူးတင္ပါတယ္။ ဒါ့အျပင္ အျပာေရာင္ တပ္သားတစ္ဦး အျဖစ္ ပါ၀င္ခြင့္ေပးတဲ့ အသင္းကိုေရာ၊ အသင္းေဖာ္ေတြကိပါ ေက်းဇူးတင္ပါတယ္။ မင္းတို႔အားလံုး ငါ့နွလံုးသားထဲမွာ အျမဲ ရွိေနမွာပါ။ အခု အက္ဖ္ေအဖလားအတြက္ ဆက္လက္ တိုက္ပြဲ၀င္ၾကပါစို႔။ ” လို႔ ပက္ဒရိုကလည္း ႏႈတ္ဆက္စကား ဆိုထားပါတယ္။