ပရီးမီးယားလိဂ်မှ ယူနိုက်တက်နဲ့ လီဗာပူးအသင်းတို့ စိတ်ဝင်စား စောင့်ကြည့်ခြင်း ခံနေရတဲ့ ဗဟိုခံစစ်မှူး ကူလီဘိုင်လေ အတွက် နာပိုလီ အသင်းဘက်က ဈေးလျှော့ရောင်းမှာ မဟုတ်ဘဲ သူတို့ အလိုရှိတဲ့ ပေါင် ၈၁ သန်း ဆိုဈေးထက် နည်းရင် လက်ခံ စဉ်းစားမှာ မဟုတ်ကြောင်း နာပိုလီအသင်း ဥက္ကဌ ဒီလော်ရန်းတစ် က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
ကူလီဘိုင်လေကို စိတ်ဝင်စားတဲ့ ထိပ်သီးကလပ်အသင်းတွေ အများအပြား ရှိနေပြီး ၎င်းကို ဥရောပ အကောင်းဆုံး ခံစစ်မှူးတွေထဲ ပါဝင်တယ်လို့ သတ်မှတ်ခြင်းလည်း ခံထားရပါတယ်။
ကိုဗစ်ကာလ အကြပ်အတည်း ကြုံချိန်မှာ နာပိုလီက ကူလီဘိုင်လေကို ထုတ်ရောင်းဖို့ စဉ်းစားမှာ ဖြစ်ပေမယ့် သတ်မှတ်ဈေးထက်တော့ လျှော့ရောင်းမှာ မဟုတ်ကြောင်း လေသံ ပစ်လာခဲ့တာပါ။
” ကူလီဘိုင်လေက တကယ့် အံ့ဖွယ် ကစားသမားပါ။ သူ့ကို လက်လွှတ်ရမယ် ဆိုရင်တော့ ဝမ်းနည်းစရာ ဖြစ်မှာပဲ။ ဒါပေမယ့် အချိန်ကိုက် နေရာကိုက် ကြုံလာရင် လမ်းမခွဲချင်လည်း ခွဲရတဲ့ ကိစ္စတွေ ရှိပါတယ်။
ဒီလို ပြောလို့ ကြုံတုန်း ဆိုရမယ် ဆိုရင် ကျနေ်ာတို့ဆီ ယူရို သန်း ၉၀ (ပေါင် ၈၁ သန်း) တန် ကမ်းလှမ်းမှုမျိုး လာ ချမပြနိုင်ရင်တော့ ကျနော်တို့ ကစားသမားကို ခွဲထုတ်သွားဖို့ ဖြစ်နိုင်မှာ မဟုတ်ဘူးလို့ ပြောပါရစေ။ ” လို့ နာပိုလီအသင်း ဥက္ကဌ ဒီလော်ရန်းတစ် က အီတလီ စကိုင်းစပေါ့မှာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
နာပိုလီအသင်းဟာ နောက်ရာသီ ဥရောပ ပြိုင်ပွဲတွေမှာ ပါဝင်ခွင့် ရမှာ မဟုတ်တော့တာကြောင့် ကူလီဘိုင်လေ အသင်းကနေ ထွက်ခွာဖြစ်ဖို့ သတင်းကြီးနေပါတယ်။ အသက် ၂၉ နှစ် ရှိပြီ ဖြစ်တဲ့ ခံစစ်မှူးဟာ နာပိုလီမှာ ၆ နှစ်ကြာ ကစားခဲ့ပြီ ဖြစ်ကာ ဆီနီဂေါ လက်ရွေးစင် အသင်းမှာလည်း ၄၂ ပွဲ ပါဝင် ကစားထားပြီး ဖြစ်ပါတယ်။
Zawgyi – ပရီးမီးယားလိဂ္မွ ယူနိုက္တက္နဲ႕ လီဗာပူးအသင္းတို႔ စိတ္၀င္စား ေစာင့္ၾကည့္ျခင္း ခံေနရတဲ့ ဗဟိုခံစစ္မွဴး ကူလီဘိုင္ေလ အတြက္ နာပိုလီ အသင္းဘက္က ေစ်းေလွ်ာ့ေရာင္းမွာ မဟုတ္ဘဲ သူတို႔ အလိုရွိတဲ့ ေပါင္ ၈၁ သန္း ဆိုေစ်းထက္ နည္းရင္ လက္ခံ စဥ္းစားမွာ မဟုတ္ေၾကာင္း နာပိုလီအသင္း ဥကၠဌ ဒီေလာ္ရန္းတစ္ က ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။
ကူလီဘိုင္ေလကို စိတ္၀င္စားတဲ့ ထိပ္သီးကလပ္အသင္းေတြ အမ်ားအျပား ရွိေနျပီး ၄င္းကို ဥေရာပ အေကာင္းဆံုး ခံစစ္မွဴးေတြထဲ ပါ၀င္တယ္လို႔ သတ္မွတ္ျခင္းလည္း ခံထားရပါတယ္။
ကိုဗစ္ကာလ အၾကပ္အတည္း ၾကံဳခ်ိန္မွာ နာပိုလီက ကူလီဘိုင္ေလကို ထုတ္ေရာင္းဖို႔ စဥ္းစားမွာ ျဖစ္ေပမယ့္ သတ္မွတ္ေစ်းထက္ေတာ့ ေလွ်ာ့ေရာင္းမွာ မဟုတ္ေၾကာင္း ေလသံ ပစ္လာခဲ့တာပါ။
” ကူလီဘိုင္ေလက တကယ့္ အံ့ဖြယ္ ကစားသမားပါ။ သူ႔ကို လက္လႊတ္ရမယ္ ဆိုရင္ေတာ့ ၀မ္းနည္းစရာ ျဖစ္မွာပဲ။ ဒါေပမယ့္ အခ်ိန္ကိုက္ ေနရာကိုက္ ၾကံဳလာရင္ လမ္းမခြဲခ်င္လည္း ခြဲရတဲ့ ကိစၥေတြ ရွိပါတယ္။
ဒီလို ေျပာလို႔ ၾကံဳတုန္း ဆိုရမယ္ ဆိုရင္ က်ေန္ာတို႔ဆီ ယူရို သန္း ၉၀ (ေပါင္ ၈၁ သန္း) တန္ ကမ္းလွမ္းမႈမ်ိဳး လာ ခ်မျပနိုင္ရင္ေတာ့ က်ေနာ္တို႔ ကစားသမားကို ခြဲထုတ္သြားဖို႔ ျဖစ္နိုင္မွာ မဟုတ္ဘူးလို႔ ေျပာပါရေစ။ ” လို႔ နာပိုလီအသင္း ဥကၠဌ ဒီေလာ္ရန္းတစ္ က အီတလီ စကိုင္းစေပါ့မွာ ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။
နာပိုလီအသင္းဟာ ေနာက္ရာသီ ဥေရာပ ျပိဳင္ပြဲေတြမွာ ပါ၀င္ခြင့္ ရမွာ မဟုတ္ေတာ့တာေၾကာင့္ ကူလီဘိုင္ေလ အသင္းကေန ထြက္ခြာျဖစ္ဖို႔ သတင္းၾကီးေနပါတယ္။ အသက္ ၂၉ နွစ္ ရွိျပီ ျဖစ္တဲ့ ခံစစ္မွဴးဟာ နာပိုလီမွာ ၆ နွစ္ၾကာ ကစားခဲ့ျပီ ျဖစ္ကာ ဆီနီေဂါ လက္ေရြးစင္ အသင္းမွာလည္း ၄၂ ပြဲ ပါ၀င္ ကစားထားျပီး ျဖစ္ပါတယ္။