UEFA ရဲ့ အဆင့် သတ်မှတ်ချက်တွေ အရ အာဆင်နယ်အသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်မှာ မဲအိုး နံပါတ် ၃ ကနေသာ ပါဝင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အုပ်စု အဆင့်မှာ မဲအိုး ၁နဲ့ ၂ မှ အသင်းကြီးတွေနဲ့ တွေ့ဆုံကာ အုပ်စုကြပ်ဖွယ် ရှိနေပါတယ်။
ဂါလာတာစာရေး နောက်ခံလူ ဆာ့ချ် ဘိုရေး အတွက် အာဆင်နယ်က ရာသီကုန်တာနဲ့ ကနဦး ကမ်းလှမ်းမှု တင်သွင်းရင် စီစဉ်နေကြောင်း သိရပါတယ်။ အာတီတာက ညာနောက်ခံနေရာကို သေခာျပေါက် အင်အား ဖြည့်တင်း လိုနေပါတယ်။
ဘရိုက်တန် နည်းပြ ဒီဇာဘီ က သူ့အသင်းဟာ နွေမှာ အာဆင်နယ် ချိတ်ဆက်နေတဲ့ ကိုင်စီဒို အပါအဝင် အဓိက ကစားသမားတွေကို လက်လွှတ်ရဖွယ် ရှိကြောင်း ဝန်ခံစကား ဆိုခဲ့ပါတယ်။
ဇင်ချန်ကို ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက အက်စတွန်ဗီလာကို နိုင်တဲ့ ပွဲမှာ အလွန်အကျွံ အောင်ပွဲခံခဲ့ကြောင်း ဂယ်ရီ နဗီးလ်က ပြန်ထောက်ပြ ဝေဖန်လိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ ကမ္ဘာ့ဖလား ပြီးတည်းက ခံစစ်ပိုင်း ယိုယွင်း ကျဆင်းနေပြီး ဂိုးတွေ ပေးနေရကြောင်း၊ ဆာလီဘာ မပါနိုင်လို့တင် မဟုတ်ဘဲ ပြင်သစ်သား ပါရင်တောင် ဂိုးပေးရတဲ့ အမှားတွေ ရှိနေကြောင်း ကာရေဂါက ထောက်ပြသွားခဲ့ပါတယ်။
အာဆင်နယ်၊ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးအသင်းတို့က ချိတ်ဆက်နေတဲ့ ဘရိုက်တန် ကွင်းလယ် ကစားသမား မက် အယ်လစ္စတာက နွေမှာ ချန်ပီယံလိဂ် ကစားရတဲ့ အသင်းသစ်ထံ ပြောင်းရွှေ့လိုကြောင်း သိရပါတယ်။
နာမည်ကြီး ဂန်းနားပရိသတ် တစ်ဦး ဖြစ်တဲ့ ပီးယာ့ဇ် မော်ဂန်ကတော့ စီ ရော်နယ်ဒို မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာစဉ်မှာ အာဆင်နယ်က ရအောင် ခေါ်ယူခဲ့သင့်တယ်လို့ အားမရစွာ ဆိုလိုက်ပြီး ပေါ်တူဂီသား သာ ရှိရင် အာဆင်နယ် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်ကြောင်းပါ ပြောဆိုခဲ့ပါတယ်။
