မာနေးကို ချိန်လာခြင်း၊ တန်ဟက် လိုချင်တဲ့ ကမ္ဘာ့အဆင့် ၂ဦး၊ ကလော့ပ် သတိပေးမှုနဲ့ မန်ချက်စတာ ယူနိုက်တက် ထူးခြား သတင်းများ

ဗြိတိန် သန်းကြွယ်သူဌေး ဆာ ဂျင်မီရက်ကလစ်ဖ် ကတော့ မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူရေးမှာ သူပဲ အရေးသာပြီး မကြာခင် အသင်းကို လွှဲယူနိုင် မယ်လို့ ယုံကြည်နေကြောင်း the Athletic သတင်းက ဖော်ပြလာပါတယ်။

နည်းပြ တန်ဟက်ဟာ လာမယ့်နွေမှာ ကမ္ဘာ့အဆင့် တိုက်စစ်မှုး တစ်ဦးနဲ့ ကွင်းလယ်သမား တစ်ဦး ခေါ်ယူဖို့ ရည်ရွယ်ထားကြောင်း မန်ချက်စတာ ညနေခင်း သတင်းက ဖော်ထုတ်လာပါတယ်။

မန်ချက်စတာ ယူနိုက်တက် အပါအဝင် ပရီးမီးယားလိဂ် ကလပ်အချို့ဟာ ဘိုင်ယန်မြူးနစ် တိုက်စစ်သမား ဆာဒီယို မာနေးကို အင်္ဂလန်သို့ ပြန် ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

ဘုန်းမောက်နဲ့ ပွဲ မတိုင်ခင် ယူနိုက်တက် ထရိန်နင်မှာ မားကပ် ရက်ဖို့ဒ်နဲ့ တော်မီနေးတို့ နှစ်ဦး ပြန် ပါဝင်နေတာ တွေ့ရပါတယ်။ ဒီပွဲမှာ ပါဝင်ကစားနိုင်အောင် ကြံ့ခိုင်မှု ပြည့်ဝဖို့ နှစ်ယောက်လုံး ကြိုးစားနေကြပါတယ်။

ကွင်းလယ် ကစားသမား အများအပြားကို ချိန်ရွယ်နေတဲ့ ယူနိုက်တက်ဟာ ဒီဂျောင် အပြင် ဈေးချိုတဲ့ ပစ်မှတ်တွေ အဖြစ် ချယ်ဆီး ကစားသမားတွေ ဖြစ်တဲ့ ကိုဗာဆစ်နဲ့ မေဆန် မောင့်ကိုပါ ပစ်မှတ်ထားလာပါတယ်။

အဲရစ်တန်ဟက်ဟာ ပရီးမီးယားလိဂ် ဗိုလ်စွဲဖို့ ရည်မှန်းချက်နဲ့ ယူနိုက်တက်ထံ ရောက်လာသူ ဖြစ်ပြီး နောက်ရာသီမှာ အမှတ်ပေးဖလားကို စိန်ခေါ်နိုင်တော့မယ် လို့ ယူနိုက်တက် တိုက်စစ်မှုးဟောင်းကြီး ဘာဘာတော့ဗ်က ယုံကြည်စွာ ထောက်ခံလိုက်ပါတယ်။

အဆင့် ၄ အတွင်း ဝင်ဖို့ မျှော်လင့်ချက် မှေးမှိန်နေပြီ ဆိုပေမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ် အသင်းတို့ကို ဖိအားပေးသွားဦးမှာ ဖြစ်ကြောင်း လီဗာပူး နည်းပြ ကလော့ပ်က ပြောဆိုလိုက်ပါတယ်။

အင်တာမီလန်နဲ့ အတူ ချန်ပီယံလိဂ် ဗိုလ်လုပွဲတက်ပြီးတဲ့နောက် ဒါမီးယန်းက သူ ဒီနေ့လို ကစားသမား တစ်ယောက် ဖြစ်လာတာ မန်ချက်စတာ ယူနိုက်တက်ကြောင့် ဖြစ်ကြောင်းနဲ့ ဒီအတွက် ကျေးဇူးတင်ကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။