ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး မန်နေဂျာဆုအတွက် ဆန်ကာတင် (၆) ဦး ထွက်ပေါ်

ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး မန်နေဂျာဆုအတွက် ဆန်ကာတင် စာရင်း ထွက်ပေါ်လာခဲ့ပြီဖြစ်ကာ အာတီတာနဲ့ ဂွာဒီယိုလာတို့ ထိပ်တိုက်တွေ့နေကြပြန်ပါပြီ။

ကြာသပတေးနေ့မှာတော့ အင်္ဂလန်အဆင့်မြင့်တန်းလိဂ်ရဲ့ အကောင်းဆုံး မန်နေဂျာ ဆု အတွက် ဆန်ကာတင် ၆ ဦးစာရင်း ထွက်ပေါ်လာခဲ့တာပါ။ ပရိသတ်တွေက အွန်လိုင်းကနေ မဲပေးရွေးချယ်ခွင့်ရမှာ ဖြစ်ပါတယ်။

အနိုင်ရတဲ့သူကို မေလ ၃၀ ရက်နေ့မှာ ဆုပေးမှာဖြစ်ပါတယ်။ ဒီရာသီမှာ မန်နေဂျာကောင်းတွေ အများကြီး ပါဝင်လာလို့ ပရိသတ်တွေ မဲပေး ရွေးချယ်ရ ခက်ခဲနိုင်ပါတယ်။ အဆိုပါဆုကို ၃ ကြိမ် အနိုင်ရထားတဲ့ ဂွာဒီယိုလာကတော့ ဒီရာသီ အနိုင်ရဖို့ ရေပန်းအစားဆုံး ဖြစ်ပါတယ်။

အာတီတာက ဒီရာသီ အာဆင်နယ်နဲ့အတူ ထူးချွန်တဲ့ ဘောလုံးရာသီ ပိုင်ဆိုင်ခဲ့ကာ အခုဆိုရင် အမ်းမရိတ်ကလပ်ရဲ့ တိုးတက်မှုကို အားလုံးက စောင့်ကြည့်လာနေကြပါပြီ။

ဒီစာရင်းထဲမှာ ပါဝင်တဲ့ အခြားသော မန်နေဂျာတွေကလည်း သက်ဆိုင်ရာ အသင်းတွေနဲ့အတူ စွမ်းဆောင်ရည် ကောင်းထားခဲ့ကြပါတယ်။ နယူးကာဆယ်နဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့ နည်းပြအတ်ဒီဟောင် ပါဝင်လာပါတယ်။

ဒါ့အပြင် အက်စတွန်ဗီလာမှာ တောက်ပနေတဲ့ အာဆင်နယ်နည်းပြဟောင်း အူနိုင်းအမ်မရီ၊ ဘရိုက်တန်နဲ့အတူ ဒီရာသီ ဥရောပဝင်ခွင့် ၁ နေရာ မျှော်လင့်နေတဲ့ နည်းပြဒီဇာဘီ၊ ဖူလ်ဟမ်နည်းပြ မာကိုစ့် ဆေးဗားတို့ကလည်း ဆန်ကာတင် စာရင်းထဲ ပါခဲ့ကြပါတယ်။

မနှစ်ကရာသီ အဆိုပါဆုကို အနိုင်ရထားသလို ၂ ကြိမ် အနိုင်ရဖူးတဲ့ လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ကတော့ ဆန်ကာတင် စာရင်းထဲ မပါလာတော့တာ ဖြစ်ပါတယ်။