ကစားသမားခေါ်ယူမှု အကြမ်းစားတွေ မမျှော်လင့်ဖို့ အာဆင်နယ် အကြီးအကဲ ဆန်လီဟီး သတိပေး

အာဆင်နယ် အကြီးအကဲ ဆန်လီဟီးက လာမယ့်နွေ အပြောင်းအရွှေ့မှာ ငွေကြေး များများစားစား သုံးကာ ကစားသမားခေါ်ယူမှု အကြမ်းစားတွေ မျှော်လင့်မထားကြဖို့ အသင်း ဝန်ထမ်းတွေအား အသိပေးထားပြီ ဖြစ်ကြောင်း လန်ဒန်အခြေစိုက် သတင်းဌာနက ဖော်ထုတ်လိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ရိုက်ခတ်မှုကြောင့် အာဆင်နယ်အသင်းရဲ့ ဘဏ္ဍာရေးအပေါ် ထိခိုက်မှုကြီး ရှိနေပြီး အသုံးစရိတ်က ပိုမို အခက်အခဲတွေ့လာပြီ ဖြစ်ပါတယ်။ ဥရောပမှာ အခြားပြိုင်ပွဲတွေက ဖျက်သိမ်းမှုတွေ ရှိနေပေမယ့် ပရီးမီးယားလိဂ်ကတော့ ကလပ်အသင်းတွေ ထိခိုက်မှု နည်းစေရန် ပြိုင်ပွဲကို တံခါးပိတ် ဆက်လက် ကျင်းပနိုင်ဖို့ ကြိုးစားနေပါတယ်။

အာဆင်နယ်အသင်းပိုင်ရှင် ဘီလျံနာသဌေး ခရွန်ကီက ဂန်းနားတွေ ပိုမို အခြေအနေကောင်းလာအောင် ငွေကြေး ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်မယ် ကတိစကား ဆိုထားသော်လည်း လက်ရှိ အနေအထားအရ ငွေေြုကးများစွာ သုံးစွဲတဲ့ ကစားသမားခေါ်ယူမှုတွေ ပြုလုပ်နိုင်ဖို့ ခက်ခဲသွားပြီ ဖြစ်ပါတယ်။

အာဆင်နယ်က ဆုံးရှုံးမှုတွေကို ခံသာစေဖို့ လောလောဆယ် ကစားသမားနဲ့ နည်းပြအဖွဲ့ဝင်တွေကို တစ်နှစ် လုပ်ခလစာရဲ့ ၁၂.၅ % ထိ ဖြတ်တောက်ရန် သဘောတူညီမှု ယူထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အိုဇေးလ် အပါအဝင် ကစားသမားတွေရဲ့ လစာက ဘောလုံးပွဲတွေ ရပ်နားထားရလို့ ဝင်ငွေ သိသာစွာ လျော့ပါးနေတဲ့ ကလပ်အသင်း အတွက် ကိုင်တွယ်ရန် ခက်ခဲနေဆဲလို့ သိရပါတယ်။

အာဆင်နယ် နည်းတူ ယူနိုက်တက် ဘက်က အကြီးအကဲ အက်ဝုဒ်ဝပ်ကလည်း လက်ရှိ အခက်အခဲတွေကြောင့် နွေမှာ ကစားသမား တစ်ယောက်တည်း အတွက် ပေါင် သန်း ရာချီ ပေးရတဲ့ အပြောင်းအရွှေ့တွေ ပြုလုပ်မှာ မဟုတ်ကြောင်း သတိပေးစကား ထုတ်ဖော် ပြောဆိုထားပါတယ်။

အာဆင်နယ်က အက်သလက်တီကို မက်ဒရစ် ကွင်းလယ် သောမတ်စ် ပါတေးကို ချိတ်ဆက်နေပေမယ့် ပါတေးရဲ့ စာချုပ် ဖျက်သိမ်းကြေး ယူရို သန်း ၅၀ ကို ပေးအပ်ဖို့တောင် အခက်အခဲ ရှိနေပြီး အပြောင်းအရွှေ့ ဖြစ်ဖို့ နည်းပါးနေပါတယ်။

Zawgyi – အာဆင္နယ္ အၾကီးအကဲ ဆန္လီဟီးက လာမယ့္ေႏြ အေျပာင္းအေရႊ႕မွာ ေငြေၾကး မ်ားမ်ားစားစား သံုးကာ ကစားသမားေခၚယူမႈ အၾကမ္းစားေတြ ေမွ်ာ္လင့္မထားၾကဖို႔ အသင္း ၀န္ထမ္းေတြအား အသိေပးထားျပီ ျဖစ္ေၾကာင္း လန္ဒန္အေျခစိုက္ သတင္းဌာနက ေဖာ္ထုတ္လိုက္ပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ ရိုက္ခတ္မႈေၾကာင့္ အာဆင္နယ္အသင္းရဲ႕ ဘ႑ာေရးအေပၚ ထိခိုက္မႈၾကီး ရွိေနျပီး အသံုးစရိတ္က ပိုမို အခက္အခဲေတြ႔လာျပီ ျဖစ္ပါတယ္။ ဥေရာပမွာ အျခားျပိဳင္ပြဲေတြက ဖ်က္သိမ္းမႈေတြ ရွိေနေပမယ့္ ပရီးမီးယားလိဂ္ကေတာ့ ကလပ္အသင္းေတြ ထိခိုက္မႈ နည္းေစရန္ ျပိဳင္ပြဲကို တံခါးပိတ္ ဆက္လက္ က်င္းပနိုင္ဖို႔ ၾကိဳးစားေနပါတယ္။

အာဆင္နယ္အသင္းပိုင္ရွင္ ဘီလ်ံနာသေဌး ခရြန္ကီက ဂန္းနားေတြ ပိုမို အေျခအေနေကာင္းလာေအာင္ ေငြေၾကး ရင္းနွီးျမွဳပ္နွံမႈေတြ ျပဳလုပ္မယ္ ကတိစကား ဆိုထားေသာ္လည္း လက္ရွိ အေနအထားအရ ေငြေၾဳကးမ်ားစြာ သံုးစြဲတဲ့ ကစားသမားေခၚယူမႈေတြ ျပဳလုပ္နိုင္ဖို႔ ခက္ခဲသြားျပီ ျဖစ္ပါတယ္။

အာဆင္နယ္က ဆံုးရွံဳးမႈေတြကို ခံသာေစဖို႔ ေလာေလာဆယ္ ကစားသမားနဲ႕ နည္းျပအဖြဲ႕၀င္ေတြကို တစ္နွစ္ လုပ္ခလစာရဲ႕ ၁၂.၅ % ထိ ျဖတ္ေတာက္ရန္ သေဘာတူညီမႈ ယူထားျပီး ျဖစ္ပါတယ္။ ဒါေပမယ့္ အိုေဇးလ္ အပါအ၀င္ ကစားသမားေတြရဲ႕ လစာက ေဘာလံုးပြဲေတြ ရပ္နားထားရလို႔ ၀င္ေငြ သိသာစြာ ေလ်ာ့ပါးေနတဲ့ ကလပ္အသင္း အတြက္ ကိုင္တြယ္ရန္ ခက္ခဲေနဆဲလို႔ သိရပါတယ္။

အာဆင္နယ္ နည္းတူ ယူနုိက္တက္ ဘက္က အၾကီးအကဲ အက္၀ုဒ္၀ပ္ကလည္း လက္ရွိ အခက္အခဲေတြေၾကာင့္ ေႏြမွာ ကစားသမား တစ္ေယာက္တည္း အတြက္ ေပါင္ သန္း ရာခ်ီ ေပးရတဲ့ အေျပာင္းအေရႊ႕ေတြ ျပဳလုပ္မွာ မဟုတ္ေၾကာင္း သတိေပးစကား ထုတ္ေဖာ္ ေျပာဆိုထားပါတယ္။

အာဆင္နယ္က အက္သလက္တီကို မက္ဒရစ္ ကြင္းလယ္ ေသာမတ္စ္ ပါေတးကို ခ်ိတ္ဆက္ေနေပမယ့္ ပါေတးရဲ႕ စာခ်ဳပ္ ဖ်က္သိမ္းေၾကး ယူရို သန္း ၅၀ ကို ေပးအပ္ဖို႔ေတာင္ အခက္အခဲ ရွိေနျပီး အေျပာင္းအေရႊ႕ ျဖစ္ဖို႔ နည္းပါးေနပါတယ္။