နယူးကာဆယ် အသင်း ဟာ နွေရာသီမှာ အာဆင်နယ် နောက်ခံလူ တီယာနေးကို ခေါ်ယူဖို့ လက်ရှိမှာ ရေပန်းစား နေပါတယ်။
တီယာနေးဟာ ဇင်ချန်ကို ရောက်လာပြီးကတည်းက အာဆင်နယ်မှာ နေရောပျောက်သွားပြီး ကစားချိန်ပိုရဖို့ အသင်း ကနေ ထွက်ခွာချင်နေတာပါ။ ဒါပေမယ့် နယူးကာဆယ်ဟာ စကော့တလန် နောက်ခံလူအတွက် အက်စ်တွန် ဗီလာနဲ့ ပြိုင်ဆိုင်ခေါ်ယူရမှာပါ။
ရီးရဲလ်မက်ဒရစ်ဟာ ဘယ်လင်ဟမ်ကို ခေါ်ယူမယ့် စာချုပ်တစိတ်တပိုင်းအနေနဲ့ ဒေါ့မွန်ထံ ဘရာဟင်ဒီယက်ဇ်ကို အလိုက်ပေးကမ်းလှမ်းသွားမှာ မဟုတ်ပါဘူး။ မက်ဒရစ်က ဘယ်လင်ဟမ်အတွက် ခေါ်ဈေးကို လျှော့ချဖို့အတွက် ဒေါ့မွန်ထံ ကစားသမားတွေ အလိုက်ပေးနိုင်ဖွယ်ရှိတယ်လို့ ပြောကြပေမယ့် ဒီယက်ဇ်ကိုတော့ ပေးသွားမှာမဟုတ်ပါဘူး။
စပါးဟာ ချယ်ဆီးဂိုးသမား မန်ဒီကို ခေါ်ယူဖို့ စဉ်းစားနေပါတယ်။ မြောက်လန်ဒန်ကလပ်ဟာ ဟူဂိုလိုရစ်အတွက် အစားထိုးစရာဖြစ် မန်ဒီကို မျက်စိကျနေတာပါ။
လီဗာပူးဟာ ဘိုင်ယန်ကွင်းလယ်လူ ဂျိုရှူဝါကင်မစ်ချ်အတွက် အပြောင်းအရွှေ့ ချိတ်ဆက်နေပါတယ်။ နွေရာသီမှာ ယူရို သန်း ၆၀ နဲ့ ရမယ့် ဂျာမန်ကွင်းလယ်လူအတွက် အာဆင်နယ်ကလဲ အပြိုင်ကြိုးစားဦးမှာပါ။
ဆာဘစ်ဇာရဲ့ အနာဂတ်က ဘယ်လိုပဲဖြစ်ဖြစ် ယူနိုက်တက်ဟာ အနည်းဆုံး ကွင်းလယ်လူသစ်တစ်ယောက် ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တိုက်စစ်မှူး အသစ် တစ်ယောက်က အဓိက ဦးစားပေးဖြစ်ပေမယ့်လဲ ကွင်းလယ်လူသစ်ဟာလဲ နောက်ရာသီ တန်ဟက်ရဲ့ အစီအစဉ်တွေမှာ အရေးပါနေတာ ဖြစ်ပါတယ်။

အင်တာဟာ သူတို့ရဲ့ ကြယ်ပွင့်တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်အတွက် တန်ကြေးကို ပေါင် ၆၉.၅သန်း သတ်မှတ် ခဲ့ပါတယ်။ ချယ်ဆီးနဲ့ ယူနိုက်တက်တို့ဟာ နွေရာသီမှာ သူ့ကို ခေါ်ယူဖို့ စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ နွေရာသီမှာ ပီအက်စ်ဗွီ ကွင်းလယ်လူ ဇာဗီဆင်မွန်ကို ခေါ်ယူဖို့ စိတ်ဝင်စားမှု ပြသခဲ့ပါတယ်။ ဂန်းနားတွေ ဟာ အရည်အသွေးရှိ ကွင်းလယ်ရွေးချယ်စရာတစ်ခု ရှာဖွေနေတာဖြစ်ပြီး အသက် ၂၀ အရွယ် ကစားသမား ဟာ အာတီတာရဲ့ အစီအစဉ်တွေမှာ ကွက်တိအံဝင်နိုင်ဖွယ်ရှိပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်မှာ ဆက်နေချင်ပြီး ကလပ်ကလဲ သူ့ကို အလိုရှိတာကြောင့် စာချုပ်သစ်အတွက် ဆွေးနွေးသွားမှာ ဖြစ်ကြောင်း အဲရစ်တန်ဟက်က အတည်ပြုခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းက မော်ရင်ညိုကို ခေါ်ယူဖို့ စိတ်အားထက်သန်နေတာကြောင့် ရာသီကုန်မှာ မော်ရင်ညို ထွက်သွားမှာကို ရိုးမား ကစားသမားတွေက စိုးရိမ်နေကြပါတယ်။
ဂယ်တီယာနဲ့ လမ်းခွဲတော့မယ့် ပီအက်စ်ဂျီဟာ ကလပ်မှာ မော်ရင်ညိုကို ခန့်အပ်ချင်နေတာဖြစ်ပြီး ရိုးမားကို ယူရိုပါ ကွန်းဖရန့်စ်လိဂ်ဖလားယူပေးခဲ့ပြီး တစ်နှစ်အကြာမှာ ယူရိုပါလိဂ်ဖိုင်နယ်ကို ပို့ပေးခဲ့တဲ့ မော်ရင်ညိုဟာ ရောမမှာ သူရဲကောင်းတစ်ယောက် ဖြစ်နေခဲ့တာပါ။
ချယ်ဆီးဟာ ဂျူဗင်တပ်ရဲ့ ဒူဆန် ဗလာဟိုဗစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ တိုက်စစ်မှူးတစ်ယောက်ရှာဖွေနေတဲ့ ချယ်ဆီး က ဗလာဟိုဗစ်အတွက် ကမ်းလှမ်းမှုလုပ်ထားတဲ့ ကလပ်၃သင်းထဲ အပါအဝင် ဖြစ်ပါတယ်။
အာဆင်နယ်ဟာ တစ်နှစ်ကျော်လေးသာ စာချုပ်သက်တမ်းကျန်တော့တဲ့ ဝီလီယံ ဆလီဘာကို သက်တမ်းတိုးဖို့ နောက်ကွယ်မှာ ကြိုးစားနေတယ်လို့ အာတီတာက ပြောပြခဲ့ပါတယ်။
တန်းဆင်းသွားရပြီဖြစ်တဲ့ ဆောက်သမ်တန်ဟာ ရူဘင်ဆဲလက်စ်နေရာမှာ ဆွမ်ဆီးနည်းပြ ရက်ဆဲ မာတင်ကို အစားထိုးခန့်အပ်တော့မှာဖြစ်ပါတယ်။ ဆွမ်ဆီးဟာလဲ မာတင်အတွက် တရားဝင် ချဉ်းကပ်မှုတစ်ခုကို စောင့်မျှော်နေတာ ဖြစ်ပါတယ်။
ဆာဂျီယိုဘူးစကွက် ထွက်ခွာသွားပြီးနောက် ဒီနွေရာသီမှာ ကွင်းလယ်ခံစစ် ကစားသမားသစ်တစ်ယောက် ခေါ်ယူဖို့ အရေးကြီးတယ်လို့ ဇာဗီက အရိပ်အမြွက်ပေးခဲ့ပါတယ်။
