ဒီရာသီ အကောင်းဆုံး ဂန်းနား၊ အရေးယူခံတာကနေ ပြန်လာတဲ့ တာဗာရက်စ်၊ ရိုက်စ် ဂုဏ်ပြုစကားနဲ့ အာဆင်နယ် ထူးခြား သတင်းများ

မန်ချက်စတာ စီးတီးဟာ နွေဈေးကွက်မှာ မက် အယ်လစ္စတာကို အာဆင်နယ်နဲ့ အပြိုင် ခေါ်ယူဖို့ ကြိုးစားမှာ မဟုတ်ဘူး လို့ သတင်းထောက် ရိုမန်နိုက အတိအကျ ဖော်ပြလာပါတယ်။ ဘရိုက်တန် ကွင်းလယ် ကစားသမားကို အာဆင်နယ် အပြင် ယူနိုက်တက်နဲ့ လီဗာပူးတို့ကလည်း ချိတ်ဆက်နေပါတယ်။

ကာရေဂါနဲ့ နဗီးလ်ကတော့ ဒီရာသီ အာဆင်နယ်ရဲ့ အကောင်းဆုံး ကစားသမားက အိုဒီဂတ် ဖြစ်တယ်လို့ သဘောချင်း ညီစွာ မှတ်ချက်ပေးခဲ့ကြပါတယ်။

အာဆင်နယ်ကနေ အငှားထွက် ကစားနေတဲ့ နူနို တာဗာရက်စ် ဟာ မာဆေးအသင်းရဲ့ စည်းကမ်းနဲ့ ငြိတာကြောင့် အသင်းက ဖယ်ထုတ်ခံထားရာမှ အခု ထရိန်နင်မှာ ပြန် ပါဝင်ခွင့် ရပြီ လို့ သိရပါတယ်။ ပေါ်တူဂီသား ဘယ်စွန် နောက်ခံလူဟာ ထရိန်နင်မှာ attitude ပိုင်း ပြဿနာတွေ ရှိခဲ့ပါတယ်။

အာဆင်နယ် အသင်းနဲ့ အတူ သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုလိုက်တဲ့ ဘူကာယို ဆာကာ ကို ၎င်းရဲ့ အင်္ဂလန် အသင်းဖော် ဒီကလန် ရိုက်စ် က ” ဂုဏ်ယူပါတယ် ဘရားသား၊ မင်းနဲ့ ထိုက်ကို ထိုက်တန်လွန်းပါတယ်။ ” လို့ ဆိုရှယ်မီဒီယာကနေ ရေးသားခဲ့ပါတယ်။

ဒီကလန် ရိုက်စ်ကို အာဆင်နယ်က ပစ်မှတ်ထားနေပြီး ကမ်းလှမ်းမှုတွေ လုပ်ဖို့ ပြင်ဆင်နေတာကြောင့် အခုလို ဆာကာနဲ့ ရင်းနှီးမှု ပြသတာက ဂန်းနားတို့အတွက် ကျေနပ်စရာ ဖြစ်လာပါတယ်။

အာဆင်နယ် ပစ်မှတ်ထားနေတဲ့ စီးတီး ကွင်းလယ် ကစားသမား ဂွမ်ဒိုဂန် ရဲ့ စာချုပ် အခြေအနေနဲ့ ပတ်သတ်ပြီး မေးခွန်းထုတ်ခံခဲ့ရရာ ပက် ဂွာဒီယိုလာကတော့ သူ ဘာမှ မသိပါဘူးလို့ ဘူးခံ ငြင်းပယ်သွားခဲ့ပါတယ်။

အာဆင်နယ်က ဂါဘရီရယ်၊ မာတင်နယ်လီ၊ ရမ်စ်ဒယ်နဲ့ ဆာကာ တို့ကို သက်တမ်းတိုးပြီးတဲ့နောက် အိုဒီဂတ်နဲ့ ဆာလီဘာကို အသီးသီး ဆက်လက် သက်တမ်းတိုးဖို့ ကြိုးစားတော့မှာ ဖြစ်ပါတယ်။ အိုဒီဂတ်ကတော့ လက်ရှိ စာချုပ်မှာ တစ်နှစ် ထပ်တိုးခွင့် ပါဝင်နေတယ် လို့ သိရပါတယ်။