ယနေ့ နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (02/08/20)

မန်ချက်စတာယူနိုက်တက်ဟာ ကြာသပတေးနေ့ နံနက်အစောပိုင်းမှာ LASK အသင်းနဲ့ ယူရိုပါလိဂ် ဒုတိယအကျော့ ပွဲစဉ် ကစားတော့မှာ ဖြစ်တာကြောင့် ယူနိုက်တက် အသင်းသားများ ထရိန်နင်သို့ ပြန်လာခဲ့ကြတာ တွေ့ရပါတယ်။

ယူနိုက်တက်ဟာ ဒီဂီယာ နေရာ အစားထိုးနိုင်ဖို့ ဂိုးသမား ရှာဖွေမှုတွေ ရှိနေပြီး လက်စတာ ဂိုးသမား ကပ်စပါ ရှမိုက်ကယ်ကို စိတ်ဝင်စားနေကြောင်း အင်္ဂလန်သတင်းဌာနတွေမှာ ဖော်ပြလာပါတယ်။

ယူနိုက်တက် ပစ်မှတ် ကစားသမား တစ်ဦး ဖြစ်တဲ့ ကွင်းလယ်ကစားသမား ဂျက် ဂရေးလစ်ချ်ကို စီးတီးကလည်း စိတ်ဝင်စား လာတာကြောင့် အက်စတွန်ဗီလာကတော့ ပေါင် သန်း ၈၀ ရမှ ရောင်းချမယ်လို့ လေသံပစ်လာပါတယ်။

ရိုးမားမှာ အငှား ကစားနေတဲ့ ခံစစ်မှူး စမောလင်းဟာ ဒီတပတ်ထဲမှာပဲ ယူနိုက်တက်ထံ ပြန်လာတော့မှာ ဖြစ်ပါတယ်။ ၎င်းကို ရိုးမားက အပြီး ခေါ်ယူလိုပေမယ့် ယူနိုက်တက်နဲ့ ညှိနှိုင်းမရတာကြောင့် စပါးခံစစ်မှူး ဗာတွန်ဂန်ကို လိုက်လံ ချိတ်ဆက်နေပါတယ်။

ယူနိုက်တက် လူငယ်ကစားသမား ဂရင်းဝုဒ်ဟာ ဇူလိုင်လ အတွက် ယူနိုက်တက် အကောင်းဆုံး ကစားသမားဆုကို ဖာနန်ဒက်စ်နဲ့ မာရှယ်ကို ကျော်ဖြတ်ကာ ရယူသွားပါတယ်။ မဲပေးမှုမှာ ဂရင်းဝုဒ်က ၄၆% ရရှိခဲ့ပြီး တိုက်စစ်မှူး မာရှယ်က ၂၈%နဲ့ ဘရူနို ဖာနန်ဒက်စ် က ၂၆% အသီးသီး ရရှိခဲ့တာပါ။

ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီက ၂၀၀၉ နဲ့ ၂၀၁၁ ချန်ပီယံလိဂ် ဗိုလ်လုပွဲများမှာ နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ရဲ့ နည်းစနစ်များမှားယွင်းခဲ့တယ်လို့ ယူဆနေပါတယ်။

Zawgyi – မန္ခ်က္စတာယူနုိက္တက္ဟာ ၾကာသပေတးေန႔ နံနက္အေစာပိုင္းမွာ LASK အသင္းနဲ႕ ယူရိုပါလိဂ္ ဒုတိယအေက်ာ့ ပဲြစဥ္ ကစားေတာ့မွာ ျဖစ္တာေၾကာင့္ ယူနိုက္တက္ အသင္းသားမ်ား ထရိန္နင္သို႔ ျပန္လာခဲ့ၾကတာ ေတြ႔ရပါတယ္။

ယူနိုက္တက္ဟာ ဒီဂီယာ ေနရာ အစားထိုးနုိင္ဖို႔ ဂိုးသမား ရွာေဖြမႈေတြ ရွိေနျပီး လက္စတာ ဂိုးသမား ကပ္စပါ ရွမိုက္ကယ္ကို စိတ္၀င္စားေနေၾကာင္း အဂၤလန္သတင္းဌာနေတြမွာ ေဖာ္ျပလာပါတယ္။

ယူနိုက္တက္ ပစ္မွတ္ ကစားသမား တစ္ဦး ျဖစ္တဲ့ ကြင္းလယ္ကစားသမား ဂ်က္ ဂေရးလစ္ခ်္ကို စီးတီးကလည္း စိတ္၀င္စား လာတာေၾကာင့္ အက္စတြန္ဗီလာကေတာ့ ေပါင္ သန္း ၈၀ ရမွ ေရာင္းခ်မယ္လို႔ ေလသံပစ္လာပါတယ္။

ရိုးမားမွာ အငွား ကစားေနတဲ့ ခံစစ္မွဴး စေမာလင္းဟာ ဒီတပတ္ထဲမွာပဲ ယူနိုက္တက္ထံ ျပန္လာေတာ့မွာ ျဖစ္ပါတယ္။ ၄င္းကို ရိုးမားက အျပီး ေခၚယူလိုေပမယ့္ ယူနိုက္တက္နဲ႕ ညွိနိႈင္းမရတာေၾကာင့္ စပါးခံစစ္မွဴး ဗာတြန္ဂန္ကို လိုက္လံ ခ်ိတ္ဆက္ေနပါတယ္။

ယူနိုက္တက္ လူငယ္ကစားသမား ဂရင္း၀ုဒ္ဟာ ဇူလိုင္လ အတြက္ ယူနုိက္တက္ အေကာငး္ဆံုး ကစားသမားဆုကို ဖာနန္ဒက္စ္နဲ႕ မာရွယ္ကို ေက်ာ္ျဖတ္ကာ ရယူသြားပါတယ္။ မဲေပးမႈမွာ ဂရင္း၀ုဒ္က ၄၆% ရရွိခဲ့ျပီး တိုက္စစ္မွဴး မာရွယ္က ၂၈%နဲ႕ ဘရူနို ဖာနန္ဒက္စ္ က ၂၆% အသီးသီး ရရွိခဲ့တာပါ။

ယူနိုက္တက္ တိုက္စစ္မွဴးေဟာင္း ၀ိန္းရြန္းနီက ၂၀၀၉ နဲ႕ ၂၀၁၁ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲမ်ားမွာ နည္းျပၾကီး ဆာအဲလက္စ္ ဖာဂူဆန္ရဲ႕ နည္းစနစ္မ်ားမွားယြင္းခဲ့တယ္လို႔ ယူဆေနပါတယ္။