လီဗာပူးအသင်းဟာ ဘရိုက်တန် ကွင်းလယ်လူ မက်အယ်လစ္စတာကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီး လာမယ့် ရက်ပိုင်းအတွင်း ဆေးစစ်မှု ပြုလုပ်ကာ ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်း ဝန်းကျင် ပေးချေသွားမှာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ကန်ဆယ်လိုကို စိတ်ဝင်စားမှုရှိပြီး ဆက်သွယ်မှု ရှိထားကြောင်းနဲ့ ကစားသမားရဲ့ အေးဂျင့်နဲ့ပါ ဆက်ဆံရေးကောင်း ရှိတာမို့ အစွန်လူကို ခေါ်ယူရေး မျှော်လင့်နေတာ ရှိပါကြောင်း သတင်းထောက် ရိုမန်နိုက ဖော်ထုတ်သွားပါတယ်။
လီဗာပူးအသင်းဟာ ဘရိုက်တန်ကွင်းလယ်လူ အယ်လစ္စတာကို ခေါ်ယူနိုင်ဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရထားခဲ့တာဖြစ်ပေမယ့် ပြင်သစ်သား ကွင်းလယ်လူတွေ ဖြစ်တဲ့ မန်နူကူနေး၊ ကီဖရမ်း သူဟမ်တို့ကို ခေါ်ယူရေး ၎င်းတို့ရဲ့ အေးဂျင့်တွေဖြင့် စကားပြောမှု ပြုလုပ်ထားတာပါ။
ဆော်ဒီအာဏာပိုင်တွေက ဆော်ဒီပရိုဘောလုံးလိဂ် တိုးတက်ရေးအတွက် ဒေါ်လာ ၂၀ ဘီလျံ ထိ အသုံးပြုဖို့ လျာထားကာ ဥရောပမှ နာမည်ကြီး ကစားသမား များစွာကို ချိတ်ဆက်သွားမှာ ဖြစ်ပါတယ်။
ဘွန်ဒက်လီဂါကလပ် လိုက်ဇစ်အသင်းဟာ မကြာခင်မှာ လီဗာပူး တိုက်စစ်သမား ကာဗာရိုအတွက် ဒုတိယမြောက် ကမ်းလှမ်းမှု ပေးပို့သွားမှာဖြစ်ပြီး ပထမအကြိမ် ကမ်းလှမ်းခဲ့တဲ့ ပေါင် ၁၀ သန်းထက် ပိုများမှာ ဖြစ်ပါတယ်။
စပါးအသင်းဟာ စကော့တလန်ကလပ် ဆဲလ်တစ် နည်းပြဖြစ်သူ ပေါစတာဂိုကလိုကို မန်နေဂျာသစ်အဖြစ် ခန့်အပ်ပြီဖြစ်ကြောင်း တရားဝင် ကြေညာခဲ့ပြီဖြစ်ပါတယ်။
အာဆင်နယ်ဟာ စပိန်လိဂ်မှ ညာအစွန်လူ ဖရတ်စနယ်ဒါကို ခေါ်ယူရေးမှာ ယူရို သန်း ၂၀ ပဲ ပေးရမှာဖြစ်ပေမယ့် ဒေါ့မွန်ကလည်း စိတ်ဝင်စားနေတဲ့ ကြယ်ပွင့်လေးကို လက်မှတ်ထိုးနိုင်မလား မသေချာသေးဘူး ဖြစ်နေပါတယ်။
နယူးကာဆယ်၊ မန်ယူနိုက်တက်၊ မန်စီးတီးတို့ဟာ ဗီဂါကို ခေါ်ယူရေး လီဗာပူးနဲ့အပြိုင် စိတ်ဝင်စားနေကြတာပါ။ နယူးကာဆယ်ဘက်က စပိန်သားကို လက်မှတ်ထိုးနိုင်ရေး ကြိုးစားမှုကနေ နောက်ဆုတ်သွားချိန်မှာ လီဗာပူးက ရှေ့ကို ပိုရောက်လာနေခဲ့ပါတယ်။