ယူနိုက်တက်ဟာ ဆန်ချို အတွက် တန်ကြေး ယူရို သန်း ၁၂၀ ကို ဒေါ့မွန်ဘက်က လျှော့မပေးတာကြောင့် ယူရို သန်း ၇၀ တစ်ကြိမ်၊ သန်း ၃၀ တစ်ကြိမ်နဲ့ သန်း ၂၀ တစ်ကြိမ်စီ သုံးရစ် အရစ်ကျ ပေးဖို့ ညှိနှိုင်းနေပြီး ဒေါ့မွန်ဘက်ကလည်း သဘောတူလက်ခံတယ်လို့ သတင်းထွက်နေပါတယ်။
ဒီတပတ် LASK အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားမယ့် ယူနိုက်တက်ရဲ့ ယူရိုပါလိဂ် ဒုတိယ အကျော့ ပွဲစဉ် အတွက် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်က သုံးသပ် ခန့်မှန်းမှု ပြုလုပ်ခဲ့ပြီး ယူနိုက်တက်က ၅ ဂိုး ဂိုးမရှိနဲ့နိုင်မယ်လို့ ဆိုထားပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ဗဟိုခံစစ်မှာ မက်ဂွဲရားနဲ့ တွဲ ကစားဖို့ ခံစစ်မှူး တစ်ဦး ဈေးကွက်ထဲမှာ ရှာဖွေနေပြီ လိုင်လီအသင်းမှ ဂါဘရီရဲလ် မာဂယ်လ်လက်စ်ကို ချိတ်ဆက်နေပါတယ်။ ဘရာဇီးသားကို ခေါ်ယူဖို့ ယူနိုက်တက် ပေါင် ၂၇ သန်းလောက် သုံးရဖို့ ရှိနေပါတယ်။
ဒါ့အပြင် မိုနာကို အသင်းမှ အသက် ၁၉ နှစ် အရွယ် ခံစစ်မှူး ဘက်ဒီယာရှီးလ် ကိုလည်း ယူနိုက်တက် ဆက်သွယ်မေးမြန်းနေတယ် သတင်းထွက်နေပြီး မိုနာကိုကတော့ ၎င်းတို့ ကစားသမားကို ပေါင် ၂၅ သန်းလောက် ရရင် လက်လွှတ်မှာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ အင်တာမီလန်အသင်း ဗဟိုခံစစ်မှူး စခရင်နီယာကို ခေါ်ယူဖို့ ရိုးမားထံ အငှားချထားတဲ့ ခံစစ်မှူး စမောလင်းကို အလိုက်ပေး သုံးသွားလိုနေပါတယ်။ စမောလင်းက အငှား ပြီးဆုံးလို့ ယူနိုက်တက်ထံ ပြန်လာတော့မှာ ဖြစ်ပါတယ်။
အငှား ထွက် ကစားနေတဲ့ ယူနိုက်တက် တိုက်စစ်သမား အဲလစ်ဆစ် ဆန်းချက်ကို အင်တာမီလန်အသင်းက ယူရို ၁၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ကြောင်း အီတလီ သတင်းဌာနတွေက ဖော်ပြလာပါတယ်။ အတည်ပြု သတင်းကိုတော့ ဒီတစ်ပတ် ယူရိုပါလိဂ် ပွဲ အပြီးလောက်မှာ ထုတ်ပြန်မယ်လို့ ဆိုထားပါတယ်။
ယူနိုက်တက်ဟာ ဒီဂီယာ နေရာ အစားထိုးနိုင်ဖို့ နောက်ထပ် ဂိုးသမား ရှာဖွေနေတာကြောင့် အရန် ဂိုးသမား ရိုမဲရိုးက အသင်းမှာ ပွဲ ကစားဖို့ မရေရာ ဖြစ်နေတဲ့ အနေအထားကို ဆွေးနွေး ပြောဆိုဖို့ ပြင်ဆင်နေပြီး တတိယဦးစားပေး ဂိုးသမား အဖြစ် ရှိမယ် ဆိုပါက အသင်းကထွက်ခွာလိုနေပါတယ်။
Zawgyi – ယူနုိက္တက္ဟာ ဆန္ခ်ိဳ အတြက္ တန္ေၾကး ယူရို သန္း ၁၂၀ ကို ေဒါ့မြန္ဘက္က ေလွ်ာ့မေပးတာေၾကာင့္ ယူရို သန္း ၇၀ တစ္ႀကိမ္၊ သန္း ၃၀ တစ္ႀကိမ္နဲ႔ သန္း ၂၀ တစ္ႀကိမ္စီ သံုးရစ္ အရစ္က် ေပးဖို႔ ညွိနိႈင္းေနျပီး ေဒါ့မြန္ဘက္ကလည္း သေဘာတူလက္ခံတယ္လို႔ သတင္းထြက္ေနပါတယ္။
ဒီတပတ္ LASK အသင္းကို အိမ္ကြင္းမွာ ဧည့္ခံ ကစားမယ့္ ယူနိုက္တက္ရဲ႕ ယူရိုပါလိဂ္ ဒုတိယ အေက်ာ့ ပြဲစဥ္ အတြက္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္ အို၀င္က သံုးသပ္ ခန္႔မွန္းမႈ ျပဳလုပ္ခဲ့ျပီး ယူနုိက္တက္က ၅ ဂိုး ဂိုးမရွိနဲ႕နိုင္မယ္လို႔ ဆိုထားပါတယ္။
မန္ခ်က္စတာ ယူနိုက္တက္ဟာ ဗဟိုခံစစ္မွာ မက္ဂြဲရားနဲ႕ တြဲ ကစားဖို႔ ခံစစ္မွဴး တစ္ဦး ေစ်းကြက္ထဲမွာ ရွာေဖြေနျပီ လိုင္လီအသင္းမွ ဂါဘရီရဲလ္ မာဂယ္လ္လက္စ္ကို ခ်ိတ္ဆက္ေနပါတယ္။ ဘရာဇီးသားကို ေခၚယူဖို႔ ယူနိုက္တက္ ေပါင္ ၂၇ သန္းေလာက္ သံုးရဖို႔ ရွိေနပါတယ္။
ဒါ့အျပင္ မိုနာကို အသင္းမွ အသက္ ၁၉ နွစ္ အရြယ္ ခံစစ္မွဴး ဘက္ဒီယာရွီးလ္ ကိုလည္း ယူနုိက္တက္ ဆက္သြယ္ေမးျမန္းေနတယ္ သတင္းထြက္ေနျပီး မိုနာကိုကေတာ့ ၄င္းတို႔ ကစားသမားကို ေပါင္ ၂၅ သန္းေလာက္ ရရင္ လက္လႊတ္မွာ ျဖစ္ပါတယ္။
ယူနိုက္တက္ဟာ အင္တာမီလန္အသင္း ဗဟိုခံစစ္မွဴး စခရင္နီယာကို ေခၚယူဖို႔ ရိုးမားထံ အငွားခ်ထားတဲ့ ခံစစ္မွဴး စေမာလင္းကို အလုိက္ေပး သံုးသြားလိုေနပါတယ္။ စေမာလင္းက အငွား ျပီးဆံုးလို႔ ယူနိုက္တက္ထံ ျပန္လာေတာ့မွာ ျဖစ္ပါတယ္။
အငွား ထြက္ ကစားေနတဲ့ ယူနိုက္တက္ တိုက္စစ္သမား အဲလစ္ဆစ္ ဆန္းခ်က္ကို အင္တာမီလန္အသငး္က ယူရို ၁၅ သန္းနဲ႕ ေခၚယူဖို႔ သေဘာတူညီမႈ ရခဲ့ျပီ ျဖစ္ေၾကာင္း အီတလီ သတင္းဌာနေတြက ေဖာ္ျပလာပါတယ္။ အတည္ျပဳ သတင္းကိုေတာ့ ဒီတစ္ပတ္ ယူရိုပါလိဂ္ ပြဲ အျပီးေလာက္မွာ ထုတ္ျပန္မယ္လို႔ ဆိုထားပါတယ္။
ယူနိုက္တက္ဟာ ဒီဂီယာ ေနရာ အစားထိုးနိုင္ဖို႔ ေနာက္ထပ္ ဂိုးသမား ရွာေဖြေနတာေၾကာင့္ အရန္ ဂိုးသမား ရိုမဲရိုးက အသင္းမွာ ပြဲ ကစားဖို႔ မေရရာ ျဖစ္ေနတဲ့ အေနအထားကို ေဆြးေႏြး ေျပာဆိုဖို႔ ျပင္ဆင္ေနျပီး တတိယဦးစားေပး ဂိုးသမား အျဖစ္ ရွိမယ္ ဆိုပါက အသင္းကထြက္ခြာလိုေနပါတယ္။