ရီးရဲလ်မက်ဒရစ်ဟာ ဘယ်လင်ဟမ်ကို ခေါ်ယူရေး ရီးရဲလ်မက်ဒရစ်နဲ့ သဘောတူညီမှု ရရှိခဲ့ပါပြီ။ ဒေါ့မွန်အသင်းဟာ ၎င်းတို့ အသင်းသမိုင်းတစ်လျှောက် အမြင့်ဆုံး ပြောင်းရွှေ့ကြေးတွေထဲက တစ်ခုအဖြစ် ယူရို သန်း ၁၀၀ နဲ့ ရောင်းထုတ်မှာ ဖြစ်ပါတယ်။
ယူနိုက်တက်၊ အာဆင်နယ်နဲ့ ချယ်ဆီးတို့ ပစ်မှတ်ထားနေတဲ့ ဒီကလန် ရိုက်စ်ဟာ ဒီနွေမှာ အသင်းပြောင်းမှာ ဖြစ်ကြောင်း ဝက်စ်ဟမ်းအသင်း ဥက္ကဌ ဒေးဗစ် ဆူလီဗန် က အတည်ပြုသွားပါတယ်။
ပီအက်စ်ဂျီ ကြယ်ပွင့် လီယွန်နယ် မက်ဆီဟာ ဆော်ဒီလိဂ်ရဲ့ ယူရို ၁ ဘီလျံတန် စာချုပ်ကို ငြင်းဆန်လိုက်ပြီး မေဂျာလိဂ်ကလပ် အင်တာမီယာမီအသင်းထံ ကူးပြောင်းရေး သဘောတူညီခဲ့ပြီ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ဘရိုက်တန်အသင်းထံမှ ကွင်းလယ်လူ မက်အယ်လစ္စတာကို ပေါင် ၃၅ သန်းနဲ့တင် ခေါ်ယူနိုင်လိုက်ပြီး ဒီနေ့မှာ တရားဝင် မိတ်ဆက် ကြေညာသွားပြီ ဖြစ်ပါတယ်။

အာဆင်နယ်အသင်း ကွင်းလယ်လူသစ် ရလိုက်တာနဲ့ ရှာကာက ဘိုင်ယန်လေဗာကူဆင်ထံ ပြောင်းတော့မှာပါ။ ညိနှိုင်းမှုတွေ အားလုံး ပြီးထားခဲ့ပေမယ့် အာဆင်နယ်ဘက်က သူ့ကို ပြောင်းခွင့်မပေးရသေးခင် အစားထိုးမှုကို အရင် ပြုလုပ်ထားလိုတာ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ သတင်းကြီးတွေ ထွက်ထားတဲ့ အမာရာဘတ်က ဒီနွေမှာ ပရီးမီးယားလိဂ်ထံ ကူးပြောင်းလိုကြောင်း ထုတ်ပြောလာပါတယ်။
ချယ်ဆီး ကွင်းလယ်လူ အန်ဂိုလို ကန်တေဟာ ဒီနွေမှာ စတမ်းဖိုဒ့်ဘရစ်ကို စွန့်ခွာပြီး စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်သွားဖို့ နီးစပ်နေပါပြီ။ ဆော်ဒီကလပ် Al Ittihad အသင်းက တစ်နှစ်ကို ပေါင် ၈၆ သန်းပေးမယ့် စာချုပ်နဲ့အတူ ကန်တေကို ၂ နှစ် ခေါ်ယူနိုင်ရေး ကြိုးစားလာနေတာပါ။
ရိုးမားအသင်းဟာ လက်စတာကနေ အလွတ်ဖြင့် ထွက်ခွာမယ့် တိုင်လီမန်းစ်အား ပရီးမီးယားလိဂ် ကလပ်တွေကို ကျော်ပြီး လက်မှတ်ထိုးနိုင်ဖို့ နီးစပ်နေပါပြီ။
ချယ်ဆီးတိုက်စစ်သမား ပူလီဆစ်ဟာ ဒီနွေမှာ အင်္ဂလန်ကနေ ထွက်ခွာမှာ ဖြစ်ပါတယ်။ သူဟာ အေစီမီလန်ကို ရောက်နိုင်တယ်လို့ သိရပါတယ်။
