မောင့် အတားအဆီး၊ ရိုက်စ် အတွက် မျှော်လင့်ထားတဲ့ ဈေး၊ ကိုင်စီဒို အတွက် ကမ်းလှမ်းမှုနဲ့ နောက်ဆုံးရ အာဆင်နယ် သတင်းများ

အာဆင်နယ်ဘက်က ၎င်းတို့ ဦးစားပေးအဖြစ် သတ်မှတ်ထားတဲ့ ဒီကလန်ရိုက်စ်ရဲ့ အပြောင်းအရွှေ့ကို ပေါင် ၉၂ သန်း ဝန်းကျင်ဖြင့် ပိတ်သိမ်းနိုင်ဖို့ မျှော်လင့်ထားပါတယ်။

အာဆင်နယ်၊ လီဗာပူးတို့ကို လက်ဦးမှုယူရေး မန်ချက်စတာ ယူနိုက်တက်ဟာ မေဆန်မောင့်ကို ခေါ်ယူဖို့ ပြင်ဆင်ထားပေမယ့် ချယ်ဆီးဘက်က သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးက အဟန့်အတား ဖြစ်နေပါတယ်။

ရိုက်စ်ကို ခေါ်ယူဖို့ အာဆင်နယ်ဘက်က အသင့်ပြင်ထားသလို ဘိုင်ယန်မြူးနစ်ဘက်ကလည်း ကစားသမားကို ခေါ်ယူလိုနေပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့ ကိစ္စတွေက အခုချိန်ထိ ကလပ်တိုင်းအတွက် လမ်းပွင့်နေဆဲပါ။

ဆာလီဘာဟာ စာချုပ်သစ်အတွက် ဆာကာလို လုပ်ခမျိုး တောင်းဆိုပေမယ့် သူတောင်းဆိုတာက အခြေခံ လုပ်ခပိုင်းဖြစ်ပြီး သဘောတူညီမှု ရခါနီးနေပြီလို့ သိရပါတယ်။

အာဆင်နယ်ဟာ ဇန်နဝါရီမှာတုန်းက ကိုင်ဆီဒိုအတွက် ကမ်းလှမ်းစဉ် ငြင်းပယ်ခံခဲ့ရတဲ့ ပမာဏဖြစ်တဲ့ ပေါင် ၇၅ သန်း ဝန်းကျင်ဖြင့် ဘရိုက်တန်ကို ကမ်းလှမ်းမှု ထပ်ပို့သွားဖွယ် ရှိနေပါတယ်။

ဇူလိုင်လ ၁၃ ရက်နေ့မှာ အာဆင်နယ်ဟာ ဘွန်ဒက်လီဂါ-၂ ကလပ် နုရင်ဘတ်အသင်းနဲ့ ခြေစမ်းပွဲ ကစားသွားမှာ ဖြစ်ပါတယ်။

ဇန်နဝါရီတုန်းက ဂျော်ဂျင်ဟိုကို ခေါ်ယူခဲ့တာဟာ ကာလတို အဖြစ်ပဲ ရည်မှန်းထားတာမို့ ဒီနွေမှာ အီတလီသား အသင်းပြောင်းလိုရင် အာဆင်နယ်ဘက်က တားဆီးမှာ မဟုတ်ပါဘူး။