မန်ချက်စတာ ယူနိုက်တက်ဟာ အဲဗာတန် ဂိုးသမား ပစ်ဖို့ဒ်ကို ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း အင်္ဂလန် သတင်းတွေက ဖော်ပြလာပါတယ်။ အင်္ဂလန်သား အတွက် ယူနိုက်တက်က ပေါင် သန်း ၃ဝ နဲ့ ကမ်းလှမ်းဖို့ စီစဉ်နေပြီး ၎င်းကို ချယ်ဆီး ကလည်း အလိုရှိနေပါတယ်။
လီဗာပူးပစ်မှတ် လိုက်ပ်ဇစ် ကွင်းလယ်သမား Dominik Szoboszlai ကို နယူးကာဆယ် အသင်းကလည်း ခေါ်ယူလိုနေပါတယ်။
အာဆင်နယ်အသင်းဟာ လူငယ်ကြယ်ပွင့် ရေးစ် နယ်ဆန်ကို ၂၀၂၇ ခုနှစ်ထိ သက်တမ်းရှိမယ့် စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပါတယ်။
တော့တင်ဟမ် စပါးအသင်းဟာ ယူနိုက်တက် တောင်ပံတိုက်စစ်သမား ဆန်ချိုအား ပေါင် သန်း ၅၀ နဲ့ ကမ်းလှမ်းဖို့ စဉ်းစားနေကြောင်း သတင်းထွက်လာပါတယ်။ ယူနိုက်တက်မှာ နေရာ မရတဲ့ ဆန်ချိုကို ပြိုင်ဘက်ကလပ်တွေက မျက်စိကျနေပါတယ်။
ဘရိုက်တန် အသင်းထံကနေ လီဗာပူး ခေါ်ယူလိုက်တဲ့ ကွင်းလယ် ကစားသမား မက် အယ်လစ္စတာဟာ ကစားသမားကောင်း ဖြစ်ပေမယ့် ပြေးလွှားနိုင်တဲ့သူ မဟုတ်တာကြောင့် လီဗာပူးမှာ အောင်မြင်နိုင်ဖို့ မသေချာကြောင်း အင်္ဂလန် ကစားသမားဟောင်းကြီး ဒါရင်းဘန့်က သုံးသပ်လိုက်ပါတယ်။

ဒီကလန်ရိုက်စ်ကို ခေါ်ယူနိုင်ဖို့ အာဆင်နယ်ဘက်က အရေးကြီး အဆင့် ညိနှိုင်းမှုတွေ ပြုလုပ်နေပြီ ဖြစ်ကာ လာမယ့်အပတ်အတွင်း သတင်းထူး ကြားရနိုင်ပါတယ်။ ဘိုင်ယန်မြူးနစ်ကလည်း ရိုက်စ်ကို ခေါ်ယူလိုပေမယ့် ကစားသမား က အင်္ဂလန်မှာပဲ ဆက်ကစားလိုနေတာပါ။
မန်စီးတီး ကွင်းလယ်ကစားသမား ဘာနာဒို ဆေးလ်ဗားက ချန်ပီယံလိဂ် ဗိုလ်စွဲပြီးနောက် အနာဂတ် အကြောင်း မေးမြန်း ခံခဲ့ရာ သူ မသိသေးကြောင်း၊ လက်ရှိအချိန်ကိုသာ ပျော်ရွှင်လိုကြောင်းနဲ့ လာမယ့် သီတင်းပတ် အနည်းငယ်၊ လ အနည်းငယ်အတွင်းမှာတော့ အဖြေပေါ်နိုင်ကြောင်း တုန့်ပြန်ခဲ့ပါတယ်။
လီဗာပူးအသင်းဟာ ညာအစွန်လူ ကယ်ဗင် ရမ်ဆေးကို လာမယ့်ရာသီမှာ ချန်ပီယံရှစ်ထံ တစ်ရာသီ အငှားချသွားဖွယ် ရှိနေပါတယ်။ ရမ်ဆေးကို ပြီးခဲ့တဲ့ နွေဈေးကွက်မှာ ပေါင် ၄ သန်းဖြင့် ခေါ်ယူခဲ့ပေမယ့် ဒဏ်ရာကြောင့် ပွဲကစားဖို့ ရုန်းကန်နေရတာပါ။
ယူနိုက်တက်ဟာ ဒီဂီယာ နေရာ အစားထိုးဖို့ ပစ်မှတ်အဖြစ် ပေါ်တို ဂိုးသမား ဒီယေဂို ကော်စတာကို ချိန်ရွယ်နေသော်လည်း ပေါ်တို တောင်းဆိုတဲ့ ဈေး ယူရို ၇၅ သန်းကိုတော့ မပေးလိုဘူး ဖြစ်နေပါတယ်။
လီဗာပူးကနေ အလွတ်နဲ့ ထွက်ခွာလာမယ့် ကွင်းလယ် ကစားသမား ချိန်ဘာလိန် ကို အက်စတွန်ဗီလာ အသင်းက ခေါ်ယူဖို့ များနေပါတယ်။
