လုခ်ရှော မပါဝင်တော့တဲ့ ယူနိုက်တက်ရဲ့ ယူရိုပါလိဂ် ပြိုင်ပွဲဝင် လူစာရင်း အသစ် တင်သွင်း

မန်ချက်စတာ ယူနိုက်တက်ဟာ ဥရောပပွဲတွေ ပြန်လည် စတင်တော့မှာ ဖြစ်တာကြောင့် ဒီရာသီ လက်ကျန် ယူရိုပါလိဂ် ပွဲစဉ်များမှာ ပါဝင်ကစားမယ့် အယောက် ၃၀ ပါ အသင်းလူစာရင်းကို ထပ်မံ တင်သွင်းသွားခဲ့ပါတယ်။ ယူနိုက်တက်က ယူရိုပါလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းလည်း ဖြစ်နေပါတယ်။

ယူနိုက်တက် ထပ်မံတင်သွင်းလိုက်တဲ့ အယောက် ၃၀ လူစာရင်းမှာ ဒဏ်ရာ ရှိနေတဲ့ လုခ်ရှောနဲ့ တူရမ်ဇီဘီတို့ မပါဝင်တော့ပါဘူး။ ယူနိုက်တက်ရဲ့ ယူရိုပါလိဂ် ပွဲစဉ်ကတော့ ကြာသပတေးနေ့ နံနက်အစောမှာ LASK နဲ့ ဒုတိယအကျော့ ပွဲစဉ်နဲ့ ပြန်လည် စတင်တော့မှာ ဖြစ်ပါတယ်။

ပထမအကျော့ ပွဲစဉ်မှာတည်းက ယူနိုက်တက်ဟာ 5-0 နဲ့ ဂိုးပြတ် အနိုင်ယူထားပြီး ဖြစ်တာကြောင့် နောက်တစ်ဆင့် တက်ဖို့လည်း အခြေအနေ ကောင်းတွေ ပိုင်ဆိုင်ထားပါတယ်။ ၂၀၁၉-၂၀ ဘောလုံးရာသီရဲ့ ယူရိုပါလိဂ် ပွဲစဉ် နောက်ဆုံးအဆင့် ပွဲများကို ဂျာမနီမှာ ယှဉ်ပြိုင်စေဖို့ စီစဉ်ထားပါတယ်။ ဒီပြိုင်ပွဲဟာ ယူနိုက်တက်တို့ ဒီရာသီ ဆုဖလား ယူနိုင်ဖို့ အခွင့်ကောင်းလည်း ဖြစ်ပါတယ်။

ယူနိုက်တက် အသစ် တင်သွင်းလိုက်တဲ့ လူစာရင်းမှာ ဇွန်လလယ် ပွဲတွေ ပြန်စတည်းက မကစားရသေးတဲ့ ဖီးလ်ဂျုံးစ် ပါဝင်ပါတယ်။ ဒါ့အပြင် လူငယ် ကစားသမားတွေ ဖြစ်တဲ့ တီဒန် မန်ဂီ၊ အီသန်လာရစ်၊ အီသန် ဂဲလ်ဘရိတ်၊ ဖိုဆုမန်ဆာ တို့ ပါဝင်ပါတယ်။

ယူနိုက်တက်ရဲ့ ယူရိုပါလိဂ် ပြိုင်ပွဲဝင်မယ့် လူစာရင်း အပြည့်အစုံက အောက်ပါအတိုင်း ဖြစ်ပါတယ်။

Goalkeepers: David De Gea, Sergio Romero, Lee Grant, Nathan Bishop.

Defenders: Eric Bailly, Diogo Dalot, Tim Fosu-Mensah, Phil Jones, Ethan Laird, Victor Lindelof, Harry Maguire, Teden Mengi, Aaron Wan-Bissaka, Brandon Williams.

Midfielders: Andreas Pereira, Bruno Fernandes, Fred, Ethan Galbraith, James Garner, Daniel James, Jesse Lingard, Juan Mata, Nemanja Matic, Scott McTominay, Paul Pogba.

Forwards: Tahith Chong, Mason Greenwood, Odion Ighalo, Anthony Martial, Marcus Rashford.

Zawgyi – မန္ခ်က္စတာ ယူနုိက္တက္ဟာ ဥေရာပပြဲေတြ ျပန္လည္ စတင္ေတာ့မွာ ျဖစ္တာေၾကာင့္ ဒီရာသီ လက္က်န္ ယူရိုပါလိဂ္ ပြဲစဥ္မ်ားမွာ ပါ၀င္ကစားမယ့္ အေယာက္ ၃၀ ပါ အသင္းလူစာရင္းကို ထပ္မံ တင္သြင္းသြားခဲ့ပါတယ္။ ယူနုိက္တက္က ယူရိုပါလိဂ္မွာ ဗိုလ္စြဲဖို႔ ေရပန္းအစားဆံုး အသင္းလည္း ျဖစ္ေနပါတယ္။

ယူနိုုက္တက္ ထပ္မံတင္သြင္းလိုက္တဲ့ အေယာက္ ၃၀ လူစာရင္းမွာ ဒဏ္ရာ ရွိေနတဲ့ လုခ္ေရွာနဲ႕ တူရမ္ဇီဘီတို႔ မပါ၀င္ေတာ့ပါဘူး။ ယူနုိက္တက္ရဲ႕ ယူရိုပါလိဂ္ ပြဲစဥ္ကေတာ့ ၾကာသပေတးေန႔ နံနက္အေစာမွာ LASK နဲ႕ ဒုတိယအေက်ာ့ ပြဲစဥ္နဲ႕ ျပန္လည္ စတင္ေတာ့မွာ ျဖစ္ပါတယ္။

ပထမအေက်ာ့ ပြဲစဥ္မွာတည္းက ယူနုိက္တက္ဟာ 5-0 နဲ႕ ဂိုးျပတ္ အနိုင္ယူထားျပီး ျဖစ္တာေၾကာင့္ ေနာက္တစ္ဆင့္ တက္ဖို႔လည္း အေျခအေန ေကာင္းေတြ ပိုင္ဆိုင္ထားပါတယ္။ ၂၀၁၉-၂၀ ေဘာလံုးရာသီရဲ႕ ယူရိုပါလိဂ္ ပြဲစဥ္ ေနာက္ဆံုးအဆင့္ ပြဲမ်ားကို ဂ်ာမနီမွာ ယွဥ္ျပိဳင္ေစဖို႔ စီစဥ္ထားပါတယ္။ ဒီျပိဳင္ပြဲဟာ ယူနိုက္တက္တို႔ ဒီရာသီ ဆုဖလား ယူနိုင္ဖို႔ အခြင့္ေကာင္းလည္း ျဖစ္ပါတယ္။

ယူနိုက္တက္ အသစ္ တင္သြင္းလိုက္တဲ့ လူစာရင္းမွာ ဇြန္လလယ္ ပြဲေတြ ျပန္စတည္းက မကစားရေသးတဲ့ ဖီးလ္ဂ်ံုးစ္ ပါ၀င္ပါတယ္။ ဒါ့အျပင္ လူငယ္ ကစားသမားေတြ ျဖစ္တဲ့ တီဒန္ မန္ဂီ၊ အီသန္လာရစ္၊ အီသန္ ဂဲလ္ဘရိတ္၊ ဖိုဆုမန္ဆာ တို႔ ပါ၀င္ပါတယ္။