ချန်ပီယံလိဂ် ရထားဖူးတဲ့ တိုက်စစ် ကစားသမားသစ်ကို အာဆင်နယ် ရပါတော့မည်

ချယ်ဆီး အသင်းနဲ့ အတူ ချန်ပီယံလိဂ် ရထားဖူးတဲ့ ဂျာမန်သား တိုက်စစ်သမား ကိုင်ဟာဗက်ဇ် ဟာ အာဆင်နယ် အသင်းထံ ရောက်တော့မယ် လို့ သတင်းထောက် ရိုမန်နိုက အခိုင်အမာ ဆိုလာပါတယ်။

နည်းပြသစ် ပိုချက်တီနို ရောက်လာပေမယ့် ကိုင်ဟာဗက်ဇ် ဟာ ချယ်ဆီးကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားပြီ ဖြစ်ပြီး အာဆင်နယ် အသင်းဟာ ၎င်းအတွက် အသင်းသစ် ဖြစ်လာဖို့ အတော် အခြေအနေ ကောင်းနေပြီ ဖြစ်ပါတယ်။

ဟာဗက်ဇ် ဟာ အာဆင်နယ် အသင်းနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှုလည်း ရထားပြီ ဖြစ်ကာ ချယ်ဆီး အသင်းက လက်ခံရင် အပြောင်းအရွှေ့ ဖြစ်ပြီ ဆိုရတော့မှာပါ။

ချယ်ဆီးအသင်းဟာ ဟာဗက်ဇ် အတွက် ပေါင် ၇၅ သန်း ထိ ရဖို့ မျှော်လင့်ထားပြီး အာဆင်နယ်ရဲ့ အဖွင့် ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချထားပါတယ်။ ထို ကမ်းလှမ်းမှုမှာ ပြောင်းရွှေ့ကြေး ဘယ်လောက်လဲ ဆိုတော့ သတင်း မပေါက်လာခဲ့ပါဘူး။

အာဆင်နယ်ဟာ ဟာဗက်ဇ် အတွက် ဒုတိယ ကမ်းလှမ်းမှု ပြင်ဆင်နေပြီး မကြာခင်ပဲ ထပ်မံ တင်သွင်းလိမ့်မယ် လို့ ရိုမန်နိုက ဆိုပါတယ်။

အာဆင်နယ် အသင်းဟာ နိုင်ငံတကာ သီတင်းပတ် ပြီးရင် ဟာဗက်ဇ် အပြောင်းအရွှေ့ကို အပြီးသတ်နိုင်မယ် လို့လည်း မျှော်လင့်ထားပါတယ်။

ဂန်းနားတို့ရဲ့ ဒီနွေ ပွဲဦးထွက် ခေါ်ယူမှုဟာ ချန်ပီယံလိဂ် ရထားတဲ့ တိုက်စစ်သမား ဟာဗက်ဇ် ဖြစ်လာတော့မလား ဆိုတာ စောင့်ကြည့် ရင်ခုန်ကြရုံပါ။