ချယ်ဆီး ပေးရတဲ့ ပြောင်းရွှေ့ကြေး၊ စာချုပ်သက်တမ်းနဲ့အတူ အန်ကွန်ကူရဲ့ ပီတိ အပျော်

ချယ်ဆီးအသင်းဟာ လိုက်ဇစ်အသင်းမှ တိုက်စစ်သမား အန်ကူကူကို တရားဝင် လက်မှတ်ထိုး ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ဒီကနေ့မှာပဲ ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် တိုက်စစ်သမားဟာ လိုက်ဇစ်မှာ ဂိုးသွင်းကြမ်းနေသူ ဖြစ်ပါတယ်။ အင်္ဂလန် ထိပ်သီးအသင်းတွေက သူ့ကို ခေါ်ယူဖို့ အတော်လေး မျက်စိကျလာနေခဲ့ကြပေမယ့် ချယ်ဆီးအသင်းက ပြောင်းရွှေ့ကြေး ယူရို သန်း ၆၀ ဝန်းကျင်ဖြင့် ခေါ်ယူနိုင်ခဲ့ပါတယ်။

၂၀၁၉ မှာ ပီအက်စ်ဂျီကနေ လိုက်ဇစ်ကို ပြောင်းပြီးတဲ့နောက် ခြေစွမ်း တောက်ပလာတဲ့ တောင်ပံသမားဟာ ဘွန်ဒက်လီဂါ ကလပ်နဲ့အတူ ခြေစွမ်းကောင်းတွေ ဆက်တိုက် ပြသနေခဲ့သူဖြစ်တယ်။ သူဟာ မန်နေဂျာသစ် ပိုချက်တီနိုရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေမှာ ပါဝင်သွားမှာ ဖြစ်ပါတယ်။

ချယ်ဆီးကစားသမားသစ်အဖြစ် ကြေညာခံရချိန်မှာ အန်ကူကူက ‘ ချယ်ဆီးအသင်းထံ ပြောင်းလာနိုင်တာအတွက် ကျနော် အရမ်းကို ပျော်ရွှင်မိပါတယ်။ ဒီအသင်းထံ ရောက်လာရကာ နည်းပြသစ်တွေ၊ အသင်းဖော်သစ်တွေနဲ့ တွေ့ဆုံရမှာအပြင် ကျနော် ဘာလုပ်နိုင်တယ် ဆိုတာကို ချယ်ဆီးပရိသတ်တွေကို ပြသဖို့ စောင့်မျှော်နေမိပါတယ်။

လီဂူးဝမ်းနဲ့ ဘွန်ဒက်လီဂါတို့မှာ ကစားခဲ့ပြီး အခုချိန်မှာတော့ ပရီးမီးယားလိဂ်လို ကမ္ဘာ့ အင်အားအကောင်းဆုံး လိဂ်ပြိုင်ပွဲမှာ ကစားချင်ပါတယ်။ ဒီစိန်ခေါ်မှုအတွက် အရမ်း စိတ်လှုပ်ရှားသလို ချယ်ဆီးဂျာစီကို ဝတ်ဆင်ရမှာ ဂုဏ်ယူပါတယ် ‘ လို့ ပြောခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ အန်ကူကူကို ၆ နှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ကာ ဒီရာသီကြိုမှာ ပိုချက်တီနိုရဲ့ လူစာရင်းအတွက် စတင် ပူးပေါင်းသွားမှာ ဖြစ်ပါတယ်။