မန်ယူ ရလိုက်တဲ့ နောက်ခံလူသစ်၊ အိုဆင်ဟမ်ကို ဝင်ချိန်တဲ့ လီဗာပူး၊ ဒီအပတ်ထဲ ထူးနိုင်တဲ့ ရိုက်စ် နဲ့ ညပိုင်း အပြောင်းအရွှေ့ သတင်းများ

မန်ချက်စတာ ယူနိုက်တက်ဟာ ချန်ပီယံရှစ်ကလပ် ဝက်ဖို့ဒ်အသင်းထံမှ အင်္ဂလန်သား အစွန်နောက်ခံလူ လူငယ်လေး ဟယ်ရီ အေမက်စ် ကို ခေါ်ယူဖို့ သဘောတူညီမှု ရသွားခဲ့ပြီ ဖြစ်ကာ ၄နှစ် စာချုပ် ချုပ်ဆိုမှာ ဖြစ်ပါတယ်။

တိုနာလီ ကို လက်လွှတ်ရတော့မယ့် အေစီမီလန် အသင်းဟာ ချယ်ဆီး ကစားသမား လော့ဖ်တပ်ချိခ် ကို အစားထိုး ခေါ်ယူဖို့ ပစ်မှတ်ထားလာပါတယ်။ ချယ်ဆီးကတော့ လော့ဖ်တပ်ချိခ်အတွက် ပေါင် ၂၅ သန်း တောင်းဆိုဖွယ် ရှိပါတယ်။

နာပိုလီ တိုက်စစ် ကြယ်ပွင့် အိုဆင်ဟမ် ကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ ကလပ်တွေထဲမှာ နောက်ဆုံး ပါဝင်လာတာက လီဗာပူး အသင်း ဖြစ်ပါတယ်။ ၎င်းကို ပီအက်စ်ဂျီနဲ့ မန်ချက်စတာ ယူနိုက်တက် တို့က ချိတ်ဆက်နေတာပါ။

မန်စီးတီးနဲ့ အာဆင်နယ် အသင်းတို့ဟာ ဒီအပတ်ထဲမှာ ဒီကလန်ရိုက်စ် အတွက် ကမ်းလှမ်းမှု တင်သွင်းကြမှာ ဖြစ်ပါတယ်။

ဆောက်သမ်တန် ကြယ်ပွင့် လာဗီယာ ကို ခေါ်ယူဖို့ လီဗာပူးအသင်းက ဆက်သွယ် မေးမြန်းလာပါတယ်။ ၎င်းကို ခေါ်ယူဖို့ အာဆင်နယ် ကြိုးစားနေတာ ၁၅ ရက်တာ ရှိပေမယ့် ကမ်းလှမ်းမှု မပြုလုပ်သေးပါဘူး။ ယူနိုက်တက်နဲ့ ချယ်ဆီးတို့ကလည်း အခြေအနေကို စောင့်ကြည့်နေပါတယ်။

လူကာ မိုဒရစ် ဟာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ နောက်ထပ် တစ်နှစ် သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုလိုက်ပါတယ်။

လီဗာပူးကနေ အလွတ်နဲ့ ထွက်လာတဲ့ တိုက်စစ်မှုး ဖာမီနို ကို ဆော်ဒီကလပ် Al-Ahli က ၃နှစ် စာချုပ်နဲ့ ကမ်းလှမ်းထားပြီး ဒီအပတ်ထဲ ခေါ်ယူမှု ပြီးစီးနိုင်မယ် ယုံကြည်နေပါတယ်။

အာဆင်နယ်က အေဂျက် ကစားသမား တင်ဘာ အတွက် ကမ်းလှမ်းမှု ဒီနေ့ ပြုလုပ်ခဲ့တယ်လို့ သတင်းထောက် ရိုမန်နိုက ဖော်ထုတ်လာပါတယ်။ ဒီတကြိမ် ဒုတိယ ကမ်းလှမ်းမှုမှာ ပြောင်းရွှေ့ကြေးက ယူရို ၄၅ သန်း လောက် ရှိမယ် လို့ ဆိုပါတယ်။

မန်စီးတီးကွင်းလယ် ကစားသမား ဂွမ်ဒိုဂန် က ဘာစီလိုနာ အသင်းထံ တရားဝင် ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။