ဒီဂီယာ ကို လစာ ထပ်လျှော့ခြင်း၊ အေစီနဲ့ လော့ဖ်တပ်ချိခ်၊ မက်ဒီဆန် ရတော့မယ့် စပါးနဲ့ ညပိုင်း အပြောင်းအရွှေ့ သတင်းများ

မန်စီးတီးအသင်းဟာ ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန်ရိုက်စ်အတွက် ကမ်းလှမ်းမှု ဒီနေ့ စတင် ပြုလုပ်ခဲ့ပြီး တခါတည်း ပယ်ချခံခဲ့ရပါတယ်။ စီးတီးကပာင်းရွှေ့ကြေး ပေါင် သန်း ၈၀ + ထပ်ဆောင်း ဆုကြေး ပေါင် ၁၀ သန်း နဲ့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်က တိုက်စစ်မှုး ဟယ်ရီကိန်း အတွက် ယူရို သန်း ၇ဝ + ထပ်ဆောင်းကြေးနဲ့ ကမ်းလှမ်းမှု ပြုလုပ်လိုက်ပြီး စပါးအသင်းကလည်း ချက်ချင်း ငြင်းဆန် ပယ်ချခဲ့ပါတယ်။

ယူနိုက်တက် ချိန်ရွယ်နေတဲ့ ရာဘီရော့ က ဂျူဗင်တပ်အသင်းနဲ့ပဲ နောက်နှစ်နွေထိ ရှိမယ့် တစ်နှစ် သက်တမ်းတိုး စာချုပ်သစ် တစ်ရပ် ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဒေးဗစ် ဒီဂီယာနဲ့ လက်ရှိ လစာ တစ်ပတ် ပေါင် ၃၇၅၀၀၀ ထက် နည်းတဲ့ လစာနဲ့ စာချုပ်သစ် ချုပ်ဖို့ သဘောတူညီထားတာကနေ နောက်ဆုတ်သွားခဲ့ပြန်ပါတယ်။ သရဲနီတွေက ထို သဘောတူညီချက်ကို ဖျက်ပြီး ထို့ထက် လျော့နည်းတဲ့ လစာနဲ့ ဒီဂီယာ အား ထပ်မံ ကမ်းလှမ်းထားတယ် လို့ The Athletic က ဖော်ပြလာပါတယ်။

လီဗာပူးအသင်းမှာ နေရာ မရတော့တဲ့ နောက်ခံလူ နက်ဖီးလစ်ကို ခေါ်ယူဖို့ လိစ်ဒ် ယူနိုက်တက် အသင်းက စိတ်ဝင်စားနေပါတယ်။

လော့ဖ်တပ်ချိခ် ကို ခေါ်ယူဖို့ အေစီမီလန်က ချယ်ဆီးအသင်းနဲ့ နှုတ်အားဖြင့် သဘောတူညီမှု ရသွားပြီ ဖြစ်ပါတယ်။ ပြောင်းရွှေ့ကြေးက ယူရို ၁၆ သန်း + ထပ်ဆောင်းကြေး ၄ သန်း ဖြစ်ပါတယ်။

စပါးအသင်းဟာ လက်စတာအသင်းထံမှ ကွင်းလယ် ကစားသမား ဂျိမ်းစ် မက်ဒီဆန် ကို ခေါ်ယူဖို့ ကစားသမားနဲ့ သဘောတူညီမှုရသွားပြီး ကလပ်နှစ်သင်းကြား ဆက်လက် ဆွေးနွေးနေပါတယ်။

လက်စတာ အသင်းကလည်း စပါး ကွင်းလယ် ကစားသမား ဟယ်ရီဝင့်ကို ခေါ်ယူချင်နေပြီး ၎င်းက လက်စတာ တန်းပြန်တက်အောင် ကူညီနိုင်မယ် လို့ ယုံကြည်နေပါတယ်။