ရွှေဖိနပ်ဆုအတွက် နစ္စတယ်ရွိုင်းနဲ့ အပြိုင်ဆိုင်စိတ်မျိုး မရှိခဲ့ကြောင်း အွန်နရီ ပြောဆို

ပရီးမီးယားလိဂ် တစ်ခေတ် တစ်ခါက ယူနိုက်တက် တိုက်စစ်မှူး နစ္စတယ်ရွိုင်းနဲ့ အာဆင်နယ်တိုက်စစ်မှူး အွန်နရီတို့ဟာ လျှမ်းလျှမ်းတောက် တိုက်စစ်မှူးများ ဖြစ်ကြပါတယ်။ အွန်နရီကတော့ သွင်းဂိုးစာရင်း ထိပ်ဆုံးမှာ ရပ်တည်ရဖို့ နစ္စတယ်ရွိုင်းနဲ့ အပြိုင်အဆိုင် စိတ်ဓာတ်မျိုး မထားခဲ့ကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

နစ္စတယ်ရွိုင်း PSV ကနေ ၂၀၀၁ မှာ ယူနိုက်တက်ထံ ပေါင် ၁၉ သန်းနဲ့ ရောက်ရှိလာပြီးနောက် တိုက်စစ်မှူး နှစ်ဦးဟာ ငါးရာသီဆက် ရွှေဖိနပ်ဆု အတွက် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရတာပါ။ ဟော်လန်သား ရောက်စမှာ အွန်နရီက နံပါတ် ၁ နေရာ ယူထားခဲ့ပြီး နစ္စတယ်ရွိုင်း က သူ့ရဲ့ ပထမဆုံး ရွှေဖိနပ်ဆုကို ၂၀၀၃ မှာတော့ အရယူနိုင်ခဲ့ပါတယ်။ ထိုနှစ်မှာပဲ သရဲနီတွေက ပရီးမီးယားလိဂ်ဖလားပါ ယူခဲ့တာပါ။

အဲဒီနောက် သုံးနှစ်ဆက် အွန်နရီကပဲ ရွှေဖိနပ်ဆုကို ပြန်လည် သိမ်းပိုက်သွားခဲ့ပါတယ်။ ဒါကြောင့် နစ္စတယ်ရွိုင်းနဲ့ ငါးနှစ်တာ အပြိုင်ကာလမှာ လေးနှစ်ကတော့ အွန်နရီကချည်း ရွှေဖိနပ်ဆု သိမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဆု ရဖို့ ဖိစီးပဲ အမြဲ ရှေ့တန်းတင်နေတာ မဟုတ်ခဲ့ကြောင်း အွန်နရီက လတ်တလော အင်စတာဂရမ်က Live မှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

” သူ (နစ္စတယ်ရွိုင်း)နဲ့ ကျနော့်နဲ့ ကြား ပုံပြင်တစ်ပုဒ်လို ဖြစ်ခဲ့တာပါ။ ရွှေဖိနပ်ဆု ဆို ကျနော် မဟုတ်ရင် သူပဲ။ ဒါပေမယ့် ခင်ဗျားတို့ မှတ်မိကြမလားတော့ မသိဘူး ကျနော်က ပင်နယ်တီရရင် အမြဲ သူများ ပေးကန်တာပါ။ ပင်နယ်တီကန်သွင်းရမယ့် ဂိုးတွေကို ပေးနေခဲ့တာနော်။

အီဒူး အာဆင်နယ်အတွက် နောက်ဆုံး ပွဲ ကစားတော့ ကျေနာ်က နစ္စတယ်ရွိုင်းနဲ့ ရွှေဖိနပ်ဆု အတွက် အပြိုင် ဖြစ်နေတာ။ ဒါပေမယ့် ကျနော် သူ့ကို ပင်နယ်တီ ပေးကန်ခဲ့တယ်။ ဒါကလည်း ခင်ဗျားတို့ မေးလာလို့ ကျနော် ဖြေရတာပါ တျိုး မထင်ပါနဲ့။

ပွဲထဲမှာ ကျနော်သွင်းတဲ့ ဂိုးတွေ အပြင် ကျနော် ဖန်တီး ထောက်ပံ့ခဲ့တဲ့ ဂိုး တွေ ပြန်ကြည့်ရင် ကျနော် ဆုရဖို့ အတွက် သဲကြီးမဲကြီး ဖြစ်နေခဲ့တာ ဟုတ် မဟုတ် သိနိုင်ကြပါလိမ့်မယ်။ ကျနော်သာ ရွှေဖိနပ်ဆုအတွက်ပဲ တွေးနေမယ်ဆိုရင် အဲဒီ ဂိုးထောက်ပံ့မှုတွေကို လုပ်နိုင်ခဲ့မှာ ကို မဟုတ်ဘူး ” လို့ အွန်နရီက ဆိုပါတယ်။

အွန်နရီက ဂိုးသွင်းတာ မအောင်မြင်ခဲ့ရင် အသင်းအတွက် အကူအညီ မပေးနိုင်တာ ဖြစ်လို့ ဒေါသထွက်မိပေမယ့် ဒါက အရှုံး တစ်ခုတော့ မဟုတ်ကြောင်းလည်း ပြောဆိုခဲ့ပါသေးတယ်။ ဂိုး ကိုယ်တိုင် မသွင်းပေမယ့် ပွဲထဲ ကောင်းမွန်စွာ ကစားနိုင်လို့ ကျေနပ်ရတဲ့ အချိန်တွေလည်း ရှိတယ်လို့ ပြင်သစ် တိုက်စစ်မှူးဟောင်းက ဆိုခဲ့ပါတယ်။

Zawgyi – ပရီးမီးယားလိဂ္ တစ္ေခတ္ တစ္ခါက ယူနိုက္တက္ တိုက္စစ္မွဴး နစၥတယ္ရြိဳင္းနဲ႕ အာဆင္နယ္တိုက္စစ္မွဴး အြန္နရီတို႔ဟာ လွ်မ္းလွ်မ္းေတာက္ တုိက္စစ္မွဴးမ်ား ျဖစ္ၾကပါတယ္။ အြန္နရီကေတာ့ သြင္းဂိုးစာရင္း ထိပ္ဆံုးမွာ ရပ္တည္ရဖို႔ နစၥတယ္ရြိဳင္းနဲ႕ အျပိဳင္အဆိုင္ စိတ္ဓာတ္မ်ိဳး မထားခဲ့ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလုိက္ပါတယ္။

နစၥတယ္ရြိဳင္း PSV ကေန ၂၀၀၁ မွာ ယူနိုက္တက္ထံ ေပါင္ ၁၉ သန္းနဲ႕ ေရာက္ရွိလာျပီးေနာက္ တိုက္စစ္မွဴး နွစ္ဦးဟာ ငါးရာသီဆက္ ေရႊဖိနပ္ဆု အတြက္ အၾကိတ္အနယ္ ယွဥ္ျပိဳင္ခဲ့ရတာပါ။ ေဟာ္လန္သား ေရာက္စမွာ အြန္နရီက နံပါတ္ ၁ ေနရာ ယူထားခဲ့ျပီး နစၥတယ္ရြိဳင္း က သူ႔ရဲ႕ ပထမဆံုး ေရႊဖိနပ္ဆုကို ၂၀၀၃ မွာေတာ့ အရယူနုိင္ခဲ့ပါတယ္။ ထိုနွစ္မွာပဲ သရဲနီေတြက ပရီးမီးယားလိဂ္ဖလားပါ ယူခဲ့တာပါ။

အဲဒီေနာက္ သံုးနွစ္ဆက္ အြန္နရီကပဲ ေရႊဖိနပ္ဆုကို ျပန္လည္ သိမ္းပိုက္သြားခဲ့ပါတယ္။ ဒါေၾကာင့္ နစၥတယ္ရြိဳင္းနဲ႕ ငါးနွစ္တာ အျပိဳင္ကာလမွာ ေလးနွစ္ကေတာ့ အြန္နရီကခ်ည္း ေရႊဖိနပ္ဆု သိမ္းခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီဆု ရဖို႔ ဖိစီးပဲ အျမဲ ေရွ႔တန္းတင္ေနတာ မဟုတ္ခဲ့ေၾကာင္း အြန္နရီက လတ္တေလာ အင္စတာဂရမ္က Live မွာ ထည့္သြင္း ေျပာဆိုခဲ့ပါတယ္။

” သူ (နစၥတယ္ရြိဳင္း)နဲ႕ က်ေနာ့္နဲ႕ ၾကား ပံုျပင္တစ္ပုဒ္လို ျဖစ္ခဲ့တာပါ။ ေရႊဖိနပ္ဆု ဆို က်ေနာ္ မဟုတ္ရင္ သူပဲ။ ဒါေပမယ့္ ခင္ဗ်ားတို႔ မွတ္မိၾကမလားေတာ့ မသိဘူး က်ေနာ္က ပင္နယ္တီရရင္ အျမဲ သူမ်ား ေပးကန္တာပါ။ ပင္နယ္တီကန္သြင္းရမယ့္ ဂိုးေတြကို ေပးေနခဲ့တာေနာ္။

အီဒူး အာဆင္နယ္အတြက္ ေနာက္ဆံုး ပြဲ ကစားေတာ့ ကေ်နာ္က နစၥတယ္ရြိဳင္းနဲ႕ ေရႊဖိနပ္ဆု အတြက္ အျပိဳင္ ျဖစ္ေနတာ။ ဒါေပမယ့္ က်ေနာ္ သူ႔ကို ပင္နယ္တီ ေပးကန္ခဲ့တယ္။ ဒါကလည္း ခင္ဗ်ားတို႔ ေမးလာလို႔ က်ေနာ္ ေျဖရတာပါ တ်ိဳး မထင္ပါနဲ႕။

ပြဲထဲမွာ က်ေနာ္သြင္းတဲ့ ဂိုးေတြ အျပင္ က်ေနာ္ ဖန္တီး ေထာက္ပံ့ခဲ့တဲ့ ဂိုး ေတြ ျပန္ၾကည့္ရင္ က်ေနာ္ ဆုရဖို႔ အတြက္ သဲၾကီးမဲၾကီး ျဖစ္ေနခဲ့တာ ဟုတ္ မဟုတ္ သိနုိင္ၾကပါလိမ့္မယ္။ က်ေနာ္သာ ေရႊဖိနပ္ဆုအတြက္ပဲ ေတြးေနမယ္ဆိုရင္ အဲဒီ ဂိုးေထာက္ပံ့မႈေတြကို လုပ္နုိင္ခဲ့မွာ ကို မဟုတ္ဘူး ” လို႔ အြန္နရီက ဆိုပါတယ္။

အြန္နရီက ဂိုးသြင္းတာ မေအာင္ျမင္ခဲ့ရင္ အသင္းအတြက္ အကူအညီ မေပးနုိင္တာ ျဖစ္လို႔ ေဒါသထြက္မိေပမယ့္ ဒါက အရွံဳး တစ္ခုေတာ့ မဟုတ္ေၾကာင္းလည္း ေျပာဆိုခဲ့ပါေသးတယ္။ ဂိုး ကိုယ္တိုင္ မသြင္းေပမယ့္ ပြဲထဲ ေကာင္းမြန္စြာ ကစားနိုင္လို႔ ေက်နပ္ရတဲ့ အခ်ိန္ေတြလည္း ရွိတယ္လို႔ ျပင္သစ္ တိုက္စစ္မွဴးေဟာင္းက ဆိုခဲ့ပါတယ္။