မန်စီးတီးအသင်းဟာ ဒီကလန်ရိုက်စ်အတွက် အာဆင်နယ်ရဲ့ ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေး ကမ်းလှမ်းမှုထက် သာ အောင် လိုက် ကမ်းလှမ်းတော့မှာ မဟုတ်ဘဲ နောက်ဆုတ်သွားခဲ့ပြီ ဖြစ်ပါတယ်။
အာဆင်နယ် နည်းတူ ဒီကလန်ရိုက်စ်အတွက် မန်စီးတီးကလည်း ပေါင် သန်း ၉၀ နဲ့ ဝင်ရောက် ကမ်းလှမ်းတဲ့နောက် အာဆင်နယ် တာဝန်ရှိသူတွေက သူတို့ရဲ့ အဓိက ပစ်မှတ်ကို မန်စီးတီးထံ လက်မလွတ်ရရေးအတွက် ဗြိတိန် စံချိန်တင်ကြေး အဖြစ် ပေါင် ၁၀၅ တန်းထိ ဈေးတိုးပေးခဲ့တာပါ။
ကနဦး ပေါင် သန်း ၁၀၀ နဲ့ ထပ်တိုးကြေး ပေါင် ၅ သန်းတို့ ပါဝင်တဲ့ အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုဟာ ဗြိတိန် ကစားသမား တစ်ဦးအတွက် ပရီးမီးယားလိဂ် စံချိန်တင်ကြေးပဲ ဖြစ်ပါတယ်။
အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုကို ဝက်စ်ဟမ်းဘက်က လက်ခံရရှိခဲ့ပြီးနောက် မန်စီးတီးဘက်က ဝင်ပါဦးမလား စောင့်ဆိုင်းနေစဉ်မှာပဲ ဂွာဒီယိုလာရဲ့ အသင်းက နောက်ဆုတ်သွားခဲ့ပါတယ်။
အာဆင်နယ်ဟာ အစောပိုင်းက ပေါင် သန်း ၈ဝ နဲ့ပဲ ကမ်းလှမ်းခဲ့တာ ဖြစ်ပေမယ့် မန်စီးတီး ဝင်ပါလာတဲ့နောက် ၁ဝ၅ သန်း ထိ တိုးပေးခဲ့ရတာ ဖြစ်ပါတယ်။
မန်စီးတီး နောက်ဆုတ်သွားတာကြောင့် ဝက်စ်ဟမ်း အသင်းဟာ ထပ်ပြီး ဈေးမကိုင်တော့ဘဲ အာဆင်နယ်ရဲ့ ပေါင် ၁၀၅ သန်း ကမ်းလှမ်းမှုကိုပဲ လက်ခံသွားဖွယ် ရှိပါတယ်။
ရိုက်စ် ကို အပြိုင်လုကြတဲ့ ပွဲမှာ ဈေးခဏ ဝင်ပေးပြီး နောက်ဆုတ်သွားတဲ့ မန်စီးတီးပဲ အသာရတာလား၊ အာဆင်နယ်ကပဲ ရိုက်စ်ကို တကယ်ရပြီး အသာရတာလား ဆိုတာ အင်္ဂလန်သားရဲ့ အမ်းမရိတ်က ခြေစွမ်းနဲ့ အတူ ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။