ဒီည အသင်းလက်မဲ့ ဖြစ်ကြမယ့် ဒီဂီယာနဲ့ ဇာဟာ၊ ထင်သလို အဆင်မပြေသေးတဲ့ ရိုက်စ်၊ မောင့် သဘောတူညီမှုနဲ့ အပြောင်းအရွှေ့ သတင်းများ

ချယ်ဆီး တိုက်စစ်မှုး လူကာကူ ဟာ ဆော်ဒီကလပ် Al-Hilal အသင်းရဲ့ ပေါင် ၄၅ သန်း တန်ကြေးရှိ ကမ်းလှမ်းမှု အား ငြင်းဆန် ပယ်ချလိုက်ပါတယ်။ လူကာကူက ချယ်ဆီးကတော့ ထွက်ခွာချင်ပေမယ့် အင်တာမီလန်မှာ ဆက်ရှိနေလိုပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ချယ်ဆီး ကွင်းလယ်လူ မေဆန်မောင့်ကို ခေါ်ယူရေးအတွက် ပေါင် သန်း ၆၀ ဖြင့် သဘောတူညီမှု ရသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီအပတ်အကုန်မှာ မောင့်ကို ဆေးစစ်မှာဖြစ်ပြီး ဒီနွေ ယူနိုက်တက်ရဲ့ ပထမဆုံး ခေါ်ယူမှု အဖြစ် ကြေညာနိုင်တော့မှာပါ။

လီဗာပူးကနေ အလွတ်ဖြင့် ထွက်ခွာလာတဲ့ ဖာမင်နိုဟာ ဆော်ဒီကလပ် Al Ahli အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။ ဆေးစစ်မှုတွေ ပြုလုပ်ဖို့ ပြင်ဆင်နေပြီး နောက်ဆုံးအဆင့် လက်မှတ်ထိုးဖို့ပဲ ကျန်ရှိပါတယ်။

အာဆင်နယ်နဲ့ အေဂျက်တို့ဟာ နောက်ခံလူ တင်ဘာအတွက် ပေါင် ၄၀.၅ ဖြင့် ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပါတယ်။ အသေးစိတ် အချက်အလက်တွေကို ဆက်လက် ညိနှိုင်းနေကာ ဆေးစစ်ဖို့ ကိစ္စကို ပါ စီစဉ်လာတော့မှာပါ။

ချယ်ဆီးဟာ ဘရိုက်တန် ကွင်းလယ်လူ ကိုင်ဆီဒိုကို ခေါ်ယူနိုင်ရေး ကလပ်နှစ်သင်း တိုက်ရိုက် ဆွေးနွေးနေပြီ ဖြစ်ပါတယ်။ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရထားတာမို့ ကလပ်တွေ ညိနှိုင်းမှု အဆင်ပြေဖို့က အဓိက ကျလာမှာပါ။

ဒီကလန်ရိုက်နဲ့ အာဆင်နယ် အပြောင်းအရွှေ့ဟာ ထင်ထားကြသလို အဆင်ပြေခြင်း မရှိသေးပါဘူး။ ပြောင်းရွှေ့ကြေး ပေါင် ၁၀၅ သန်းကို သဘောတူပေမယ့် ဝက်စ်ဟမ်းအသင်းက အာဆင်နယ် အလိုရှိသလို နှစ်ရှည် အရစ်ကျ ပေးမယ့် အစီအစဉ်ကို သဘောမကျတာကြောင့် ဂန်းနားတို့ ဆက်လက်ညှိနှိုင်းမှု အပေါ် မူတည်နေပါတယ်။

ယူနိုက်တက်နဲ့ ဂိုးသမား ဒီဂီယာကြား ညှိနှိုင်းမှုဟာ ထူးခြားမှု မရှိရင် ဒီည ၁၂ နာရီ၊ ဇွန် ၃ဝ ရက် ကုန်တာနဲ့ စပိန်သားဟာ စာချုပ်ကုန်ဆုံးပြီး ဖရီးအေးဂျင့် ကစားသမား ဖြစ်ကာ အသင်း စိတ်ကြိုက်ရွေးချယ် ပြောင်းရွှေ့နိုင်တော့မှာပါ။

ဒီဂီယာ နည်းတူ ခရစ္စတယ်ပဲလေ့စ် တိုက်စစ်မှုး ဇာဟာ ကလည်း ဒီည ကုန်ရင် အသင်းနဲ့ စာချုပ်ကုန်ပြီး အလွတ် ကစားသမား အဖြစ် ထွက်ခွာနိုင်ပြီ ဖြစ်ပါတယ်။