လီဗာပူးအသင်းဟာ လိုက်ပ်ဇစ် အသင်းမှ တိုက်စစ်သမား ဆိုဘိုစလိုက်ကို စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း ၇၀ နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပါတယ်။ ကစားသမား ဆေးစစ်မှု ပြီးရင် တရားဝင် သတင်းထုတ်ပြန် ကြေညာမှာပါ။
တဖက်မြှတော့ လီဗာပူး လူငယ် တိုက်စစ်သမား ကာဗာရိုကို လိုက်ပ်ဇစ်အသင်းကပဲ တစ်ရာသီ အငှားဖြင့် ခေါ်ယူနိုင်ခဲ့ကြောင်း ကြေညာလိုက်ပါတယ်။
ချယ်ဆီးအသင်းဟာ ဗီလာရီးရဲလ်အသင်းထံမှ နစ်ကိုးလပ်စ် ဂျက်ဆန် ကို စာချုပ်ဖျက်သိမ်းကြေး ယူရို ၃၅ သန်း ပေးကာ ခေါ်ယူသွားခဲ့ပါတယ်။
အက်စတွန်ဗီလာနဲ့ သတင်းထွက်နေပေမယ့် ဖာရန်တောရက်စ်က အသင်းပြောင်းမှာ မဟုတ်ဘဲ သူ့ရဲ့ အနာဂတ်ဟာ ဘာစီလိုနာ အသင်းအတွက်ပဲ ဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ ကက်တလန်မှာ ဆက်နေမှာပါ။
ပီအက်စ်ဂျီအသင်းဟာ နည်းပြအန်ရီကေးကို ၂ ရာသီ စာချုပ်ဖြင့် လက်မှတ်ထိုးဖို့ ပြင်ဆင်နေပါပြီ။ ပြင်သစ်ကလပ်က ဂူတီယာကို ထုတ်ပယ်ပြီးတာနဲ့ အန်ရီကေးကို ခန့်အပ်ကြောင်း ကြေညာမှာဖြစ်ပါတယ်။
ဂျူဗင်တပ်အသင်း ကွင်းလယ်လူ ရှာခါရီယာကို ခေါ်ယူဖို့ ဝက်စ်ဟမ်း အသင်းက စိတ်ဝင်စားနေပါတယ်။ နောက်ထပ် ကလပ် ၂ သင်းကလည်း ရှာခါရီယာကို ခေါ်ယူလိုကာ ဈေးမေးနေပါတယ်။
အက်စတွန်ဗီလာဟာ ပေါလ်တောရက်စ်ကို ခေါ်ယူရေး ယူရို သန်း ၄၀ ဝန်းကျင် ပေးချေမှာ ဖြစ်ပါတယ်။ ဆေးစစ်ဖို့ ပြင်ဆင်ထားပြီး ၂၀၂၈ ခုနှစ်ထိ စာချုပ်ချုပ်မှာပါ။
ဝီလီယမ်က ဖူလ်ဟမ်အသင်းနဲ့ တစ်ရာသီ စာချုပ် သက်တမ်းတိုးဖို့ကို ငြင်းဆန်ခဲ့ကာ အလွတ်ဖြင့် ထွက်ခွာသွားမှာ ဖြစ်ပါတယ်။
အင်တာမီလန်ဘက်က စကရီနီယာ ထွက်ခွာပြီဖြစ်ကြောင်းကို တရားဝင် ကြေညာပါတယ်။ လာမယ့်အပတ်မှာ သူ့ကို ခေါ်ယူနိုင်ကြောင်း ပီအက်စ်ဂျီဘက်က တရားဝင် ကြေညာပါလိမ့်မယ်။
ဇီယက်ချ်မှာ ဒူးဒဏ်ရာ ရှိနေကြောင်း တွေ့ရှိတာမို့ Al-Nassr ဘက်က ချယ်ဆီး တိုက်စစ်သမားကို ခေါ်ယူရေးကနေ နောက်ဆုတ်ဖွယ် ရှိနေပါတယ်။
