လိုက်ပ်ဇစ် အသင်းမှ ကွင်းလယ်လူ ဆိုဘိုစလိုက်ဟာ လီဗာပူးအသင်းနဲ့ ဆေးစစ်မှု ခံယူဖို့အတွက် မနေ့ကပဲ မာဆေးဆိုဒ်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ရိုးမား နည်းပြ မော်ရင်ညို က မန်ချက်စတာ ယူနိုက်တက် မှ မေဆန် ဂရင်းဝုဒ်ကို ခေါ်ယူဖို့ ဆက်သွယ် မေးမြန်းလာပါတယ်။
ဘာစီလိုနာ ကွင်းလယ် ကြယ်ပွင့် ဒီယောင် ကို ပေါင် သန်း ၉၀ နဲ့ ကမ်းလှမ်းဖို့ မန်စီးတီးအသင်းက စဉ်းစားနေပါတယ်။
နောဝစ် လူငယ်ကြယ်ပွင့် အဲလက်စ် မာတိုစ့် (၁၉ နှစ်) ကို ခေါ်ယူပြီးတဲ့နောက် ချယ်ဆီးဟာ ဒီယေဂို မိုရီယာ (၁၈ နှစ်)ကိုလည်း ခေါ်ယူနိုင်ခဲ့ကြောင်း အတည်ပြုပါတယ်။ မိုရီယာကို ဘင်ဖီကာအသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်ခြင်း ဖြစ်ပါတယ်။
လီဗာပူးဘက်က သဘောကျနေတဲ့ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ဂရာဗင်ဘက်ချ်ကို အေစီမီလန်ဘက်ကလည်း စိတ်ဝင်စားမှု ပြသလာပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ဂိုးသမား အိုနာနာကို ခေါ်ယူရေး ချဉ်းကပ်မှု ပြုလုပ်နေကြောင်း အင်တာမီလန် စီအီးအိုက အတည်ပြုပါတယ်။
မန်စီးတီး တိုက်စစ်သမား မာရက်ဇ်ဟာ ဒီနွေမှာပဲ ဆော်ဒီလိဂ်ကလပ် Al-Ahli အသင်းထံ ပြောင်းဖို့ စကားပြောမှု အဆင်ပြေနေပါတယ်။
ပရီးမီးယားလိဂ်ကလပ်တွေ စိတ်ဝင်စားနေတဲ့ ကွင်းလယ်လူ မာကပ် သူရမ်ဟာ အင်တာမီလန်အသင်းထံ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိသွားပါပြီ။
အက်စတွန်ဗီလာအသင်းဟာ လက်စတာအသင်း ကွင်းလယ်လူ တိုင်လီမန်းစ်ကို ကစားသမားသစ်အဖြစ် ကြေညာလိုက်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ဒီဂီယာကို အလွတ်ဖြင့် ထွက်ခွင့်ပေးခဲ့ပေမယ့် အသင်းမပြောင်းဖို့ တောင်းဆိုထားပြီး မကြာခင်မှာပဲ စာချုပ်သစ် ပေးပြီး ဆက်ထိန်းသွားဖို့ ပြင်ဆင်နေပါတယ်။
ချယ်ဆီးအသင်းက စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူလိုနေပါတယ်။ စပါးဘက်ကတော့ သူတို့ တိုက်စစ်မှူးကို အင်္ဂလန်ကလပ် တစ်သင်းကိုမှ ရောင်းချလိုခြင်း မရှိပါဘူး။
ချယ်ဆီးကနေ အလွတ်ဖြင့် ထွက်ခွာမယ့် ကွီတာဟာ အက်သလက်တီကို မက်ဒရစ် အသင်းထံ ၂ ရာသီ စာချုပ်ဖြင့် ရောက်ရှိသွားပါတယ်။
