ရိုက်စ်ပြီးတော့ နောက်ထပ် ဝက်စ်ဟမ်း အသင်းသား၊ ဘာကာ ပစ်မှတ် ဂန်းနားလူငယ်၊ တင်ဘာ ပြောင်းရွှေ့ကြေးနဲ့ အာဆင်နယ် သတင်းများ

ပရော်ဖက်ရှင်နယ် ဘောလုံး ကစားခြင်းကနေ ဆက် ဖာဘရီဂတ်စ် အနားယူကြောင်း ကြေညာသွားတဲ့နောက် အာဆင်နယ် အသင်းဖော် ဖြစ်ခဲ့သူ ဂျက် ဝီရှိုင်းယားက ” အကောင်းဆုံးသူပါ ” လို့ မှတ်ချက်ပြုရင်း အားပေး သွားခဲ့ပါတယ်။

ဒီကလန်ရိုက်စ်ကို ရဖို့ ရှိပြီးတဲ့နောက် အာဆင်နယ်ဟာ နောက်ထပ် ဝက်စ်ဟမ်း ကစားသမားတစ်ဦးကို ထပ်ခေါ်ဖို့ အံ့အားသင့်ဖွယ် ကြိုးစားလာပါတယ်။ ၎င်းကတော့ နောက်ခံလူ ဘန် ဂျွန်ဆန် ဖြစ်ပြီး အာတီတာက ခံစစ် အရန် အားဖြည့်ဖို့ ရည်ရွယ်လာတာပါ။

အေဂျက်မှ နောက်ခံလူ တင်ဘာ ကို အာဆင်နယ်က သဘောတူညီမှု ရလုနီးပြီ ဖြစ်ပြီး ပြောင်းရွှေ့ကြေး က ပေါင် ၃၅ သန်း + ထပ်ဆောင်းကြေး ၅ သန်း လောက် ပေးရမှာ ဖြစ်ပါတယ်။

မြောက်လန်ဒန်ကလပ်မှာ ၈နှစ်တာ ရှိခဲ့တဲ့ အသက် ၂၀ အရွယ် ကစားသမားလေး Mazeed Ogungbo က ဘာရိုး အေဖက်စ်စီ အသင်းထံ ပြောင်းရွှေ့ပြီ ဖြစ်ကြောင်း အတည်ပြုချက် ထွက်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ အာဆင်နယ် အကယ်ဒမီထွက် ကွင်းလယ် ကစားသမားလေး Miguel Azeez အား သူတို့ အရန် B အသင်း အတွက် အလွတ်နဲ့ ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ ၎င်းအား ပြန်ရောင်းချရင် အာဆင်နယ်အား ပြောင်းရွှေ့ကြေး တစိတ်တပိုင်း ပေးမယ့် အချက်နဲ့ ညှိနှိုင်းနေပါတယ်။

ဇူလိုင်လထဲ အရောက်မှာ အာဆင်နယ်ကနေ ကစားသမား အထွက်ကတော့ ၂ဦး ရှိခဲ့ပါတယ်။ တစ်ဦးကတော့ မစ်လန်းနိုင်းစ် ဖြစ်ပြီး အလွတ်နဲ့ ထွက်ခွာတာ ဖြစ်ကာ ပက်ဘလို မာရီကတော့ ပြီးခဲ့တဲ့ရာသီက အငှား ကစားခဲ့တဲ့ မွန်ဇာ သို့ အပြီး ပြောင်းရွှေ့ခဲ့တာပါ။