ယနေ့ နောက်ဆုံးရ ယူနိုက်တက် အပြောင်းအရွှေ့ သတင်းတိုများ (09/08/20)

လာမယ့် ရာသီမှာ မလိုအပ်တဲ့ ကစားသမားတွေ ရှင်းထုတ်ဖို့ ပြင်ဆင်နေတဲ့ ယူနိုက်တက်ဟာ ခံစစ်မှူး ဖီးလ်ဂျုံးစ်ကိုလည်း ရောင်းချသွားဖို့ ရည်ရွယ်နေပါတယ်။ ဂျုံးစ် ဒဏ်ရာ ခွဲစိတ်မှု ခံယူခဲ့ရင် နောက်နှစ် နှစ်စပိုင်းလောက်ထိ အနားယူရဖွယ် ရှိနေလို့ ခွဲစိတ်မှု မလုပ်ရန်ပါ ယူနိုက်တက်က ဆိုင်းငံ့ထားတယ်လို့ သိရပါတယ်။

ယူနိုက်တက်နဲ့ အတူ ကစားသမား ဘဝမှာ ဆုဖလား ၉ လုံးထိ ယူခဲ့ဖူးတဲ့ ဆိုးရှားဟာ နည်းပြ အဖြစ်နဲ့လည်း ယူနိုက်တက်နဲ့ ဆုဖလား ယူဖို့ စိတ်အားထက်သန်နေပြီး အခုနေမှာ ဆုဖလား ရရင် သူ့ဘ၀ အတွက် အကြီးကျယ် အခမ်းနားဆုံး ဆုဖလား ဖြစ်လာမယ်လို့ ဆိုလိုက်ပါတယ်။ ယူနိုက်တက်ဟာ ဒီရာသီ ယူရိုပါလိဂ်ဖလား ယူဖို့ ဆုဖလား လမ်းကြောင်းမှာ ရှိနေပါသေးတယ်။

ဒေါ့မွန်အသင်းဟာ ယူနိုက်တက် အသည်းအသန် အလိုရှိနေပြီး ပြောင်းရွှေ့ကြေး သဘောတူညီမှု မရ ဖြစ်နေတဲ့ တောင်ပံ ကစားသမား ဆန်ချိုကို ယူနိုက်တက် ကမ်းလှမ်းမှုအား ငြင်းပယ်ရင် လစာတိုးပြီး စာချုပ်သစ် ချုပ်ဆိုမယ်လို့ မက်လုံးပေးစည်းရုံးနေပါတယ်။

လိုင်လီအသင်းကတော့ ယူနိုက်တက် လူငယ်ကစားသမား အိန်ဂျယ် ဂိုးမက်စ်ကို ၅ နှစ်စာချုပ်ဖြင့် အပြီးသတ် ခေါ်ယူခဲ့ပြီဖြစ်ကြောင်း အတည်ပြုကြေညာသွားခဲ့ပါတယ်။ အသက် ၁၉ နှစ်အရွယ် ကစားသမားဟာ လီဂူးဝမ်းကလပ်နဲ့ လက်မှတ်ထိုးပြီးနောက်မှာပဲ ပေါ်တူဂီကလပ် Boavista အသင်းထံ အငှားထွက်သွားမှာ ဖြစ်ပါတယ်။

ပေါ့ဘာရဲ့ အကောင်းဆုံး အရည်အသွေးတော့ နောက်ဘောလုံးရာသီတွေအတွင်း ယူနိုက်တက်မှာ မြင်ကြရဦးမယ်လို့ နည်းပြ ဆိုးရှားက ထုတ်ဖော် ပြောဆိုလိုက်ပြီး ပေါ့ဘာနဲ့ သက်တမ်းတိုးဖို့ ရှိကြောင်း အရိပ်အမြွက် ဆိုလိုက်ပါတယ်။

ယူနိုက်တက်ဟာ လူငယ် ဂိုးသမား ဒင်း ဟန်ဒါဆန်ကိုလည်း ခံစားခွင့်တွေ တိုးမြှင့်ထားတဲ့ စာချုပ်သစ်နဲ့ ထပ်မံ သက်တမ်းတိုး ချုပ်ဆိုရန် ပြင်ဆင်နေပါတယ်။ ယူနိုက်တက်ဟာ ဟန်ဒါဆန်ကို တစ်နှစ် အတွက် နှစ်ကြိမ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုတာ ဖြစ်လာတော့မှာပါ။

ယူရိုပါလိဂ် ပွဲစဉ်များ ဆက်လက် ကစားဖို့ ရှိနေတဲ့ ယူနိုက်တက် အသင်းသားတွေဟာ ဂျာမနီသို့ ဒီနေ့ပဲ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ကွာတား အဆင့်မှာ ကိုပင်ဟေဂင် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Zawgyi – လာမယ့္ ရာသီမွာ မလိုအပ္တဲ့ ကစားသမားေတြ ရွင္းထုတ္ဖို႔ ျပင္ဆင္ေနတဲ့ ယူနိုက္တက္ဟာ ခံစစ္မွဴး ဖီးလ္ဂ်ံဳးစ္ကိုလည္း ေရာင္းခ်သြားဖို႔ ရည္ရြယ္ေနပါတယ္။ ဂ်ံဳးစ္ ဒဏ္ရာ ခြဲစိတ္မႈ ခံယူခဲ့ရင္ ေနာက္နွစ္ နွစ္စပိုင္းေလာက္ထိ အနားယူရဖြယ္ ရွိေနလို႕ ခြဲစိတ္မႈ မလုပ္ရန္ပါ ယူနုိက္တက္က ဆိုင္းငံ့ထားတယ္လို႔ သိရပါတယ္။

ယူနုိက္တက္နဲ႕ အတူ ကစားသမား ဘ၀မွာ ဆုဖလား ၉ လံုးထိ ယူခဲ့ဖူးတဲ့ ဆိုးရွားဟာ နည္းျပ အျဖစ္နဲ႕လည္း ယူနိုက္တက္နဲ႕ ဆုဖလား ယူဖို႔ စိတ္အားထက္သန္ေနျပီး အခုေနမွာ ဆုဖလား ရရင္ သူ႔ဘ၀ အတြက္ အၾကီးက်ယ္ အခမ္းနားဆံုး ဆုဖလား ျဖစ္လာမယ္လို႔ ဆိုလိုက္ပါတယ္။ ယူနုိက္တက္ဟာ ဒီရာသီ ယူရိုပါလိဂ္ဖလား ယူဖို႔ ဆုဖလား လမ္းေၾကာင္းမွာ ရွိေနပါေသးတယ္။

ေဒါ့မြန္အသင္းဟာ ယူနုိက္တက္ အသည္းအသန္ အလိုရွိေနျပီး ေျပာင္းေရႊ႕ေၾကး သေဘာတူညီမႈ မရ ျဖစ္ေနတဲ့ ေတာင္ပံ ကစားသမား ဆန္ခ်ိဳကို ယူနိုက္တက္ ကမ္းလွမ္းမႈအား ျငင္းပယ္ရင္ လစာတိုးျပီး စာခ်ဳပ္သစ္ ခ်ဳပ္ဆိုမယ္လို႔ မက္လံုးေပးစည္းရံုးေနပါတယ္။

လိုင္လီအသင္းကေတာ့ ယူႏိုက္တက္ လူငယ္ကစားသမား အိန္ဂ်ယ္ ဂိုးမက္စ္ကို ၅ ႏွစ္စာခ်ဳပ္ျဖင့္ အၿပီးသတ္ ေခၚယူခဲ့ၿပီျဖစ္ေၾကာင္း အတည္ျပဳေၾကညာသြားခဲ့ပါတယ္။ အသက္ ၁၉ ႏွစ္အ႐ြယ္ ကစားသမားဟာ လီဂူးဝမ္းကလပ္နဲ႔ လက္မွတ္ထိုးၿပီးေနာက္မွာပဲ ေပၚတူဂီကလပ္ Boavista အသင္းထံ အငွားထြက္သြားမွာ ျဖစ္ပါတယ္။

ေပါ့ဘာရဲ႕ အေကာင္းဆံုး အရည္အေသြးေတာ့ ေနာက္ေဘာလံုးရာသီေတြအတြင္း ယူနိုက္တက္မွာ ျမင္ၾကရဦးမယ္လို႔ နည္းျပ ဆိုးရွားက ထုတ္ေဖာ္ ေျပာဆိုလိုက္ျပီး ေပါ့ဘာနဲ႕ သက္တမ္းတိုးဖို႔ ရွိေၾကာင္း အရိပ္အျမြက္ ဆိုလိုက္ပါတယ္။

ယူနုိက္တက္ဟာ လူငယ္ ဂိုးသမား ဒင္း ဟန္ဒါဆန္ကိုလည္း ခံစားခြင့္ေတြ တိုးျမွင့္ထားတဲ့ စာခ်ဳပ္သစ္နဲ႕ ထပ္မံ သက္တမ္းတိုး ခ်ဳပ္ဆိုရန္ ျပင္ဆင္ေနပါတယ္။ ယူနုိက္တက္ဟာ ဟန္ဒါဆန္ကို တစ္နွစ္ အတြက္ နွစ္ၾကိမ္ သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ဆိုတာ ျဖစ္လာေတာ့မွာပါ။

ယူရိုပါလိဂ္ ပြဲစဥ္မ်ား ဆက္လက္ ကစားဖို႔ ရွိေနတဲ့ ယူနုိက္တက္ အသင္းသားေတြဟာ ဂ်ာမနီသို႔ ဒီေန႔ပဲ ထြက္ခြာသြားျပီ ျဖစ္ပါတယ္။ ယူနုိက္တက္ဟာ ကြာတား အဆင့္မွာ ကိုပင္ေဟဂင္ အသင္းနဲ႕ ယွဥ္ျပိဳင္ရမွာ ျဖစ္ပါတယ္။