အာတီတာ အားထားရသူလည်း ဖြစ်ပြီး အာဆင်နယ်မှာ ၁၄ နှစ်ကြာ တာဝန်ယူခဲ့တဲ့ ဆေးအဖွဲ့ ခေါင်းဆောင် Gary O’Driscoll ဟာ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့တော့မယ်လို့ အံ့အားသင့်ဖွယ် အသိပေးသွားခဲ့ပါတယ်။
အာဆင်နယ် ကွင်းလယ်လူ ရှာခါကို လေဗာကူဆင်အသင်းထံ ယူရို ၂၅ သန်းဖြင့် ပြောင်းရွှေ့သွားပြီ ဖြစ်ပါတယ်။
ချယ်ဆီးနဲ့ ဘရိုက်တန်တို့ဟာ ကိုင်ဆီဒို အပြောင်းအရွှေ့ ကိစ္စ တိုက်ရိုက် စကားနေပေမယ့် သတင်းထူး မကြားရသေးပါဘူး။ ဘရိုက်တန်က ပေါင် သန်း ၁ဝဝ ဆိုတဲ့ ဈေးကို မလျှော့သလို ချယ်ဆီးက ၈၀ ထက် ပို မပေးလိုပါဘူး။
မန်စီးတီးအသင်းဟာ အင်္ဂလန် ယူ-၂၁ အသင်းနဲ့အတူ ခြေစွမ်းပြနေတဲ့ ကြယ်ပွင့် ကစားသမား ပါးမားကို ပရီးမီးယားလိဂ် ကလပ် တစ်သင်းထံ အငှားချလိုနေပါတယ်။
လီဗာပူးဘက်က ခံစစ်မှူး ကိုးဝဲလ်ကို ခေါ်ယူဖို့ စုံစမ်းမေးမြန်းခဲ့ပေမယ့် ချယ်ဆီးဘက်က ရောင်းရန် မဟုတ်ဘူးလို့ ငြင်းဆန်ထားဆဲ ဖြစ်ပါတယ်။
ဖီနာဘာချီ အသင်းက ကြယ်ပွင့်ကစားသမား အာဒါဂူလာကို ရီးရဲလ်မက်ဒရစ်ထံ ယူရို သန်း ၃၀ ဖြင့် ပြောင်းခွင့်ပေးခဲ့ကြောင်းနဲ့ အနာဂတ် ပြောင်းရွှေ့ကြေးရဲ့ ၂၀% ခံစားခွင့်ပါ ပါဝင်ခဲ့ပါတယ်လို့ ဖော်ပြလာပါတယ်။
လက်စတာအသင်းက တိုက်စစ်သမား ဟာဗေးဘန်းစ်အတွက် နယူးကာဆယ်ထံက ပေါင် ၃၅ သန်းတန် ကမ်းလှမ်းမှုရဖို့ မျှော်လင့်နေပါတယ်။
မန်ချက်စတာ ယူနိုက်တက်နဲ့ အင်တာမီလန်တို့ဟာ ဂိုးသမား အိုနာနာ အပြောင်းအရွှေ့အတွက် တိုက်ရိုက် စကားပြောနေကြပြီ ဖြစ်ပါတယ်။ ကစားသမားကတော့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ပေးခဲ့ပြီး ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ခံစစ်မှူး ဆာလီဘာကို ၂၀၂၇ ခုနှစ်ထိ ရှိနေစေမယ့် ကာလရှည် စာချုပ်သစ် သက်တမ်းတိုး ချုပ်ဆိုလိုက်ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာလာတဲ့ အဆန်စီယိုကို ၃ နှစ် စာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့ပါပြီ။ အင်တာမီလန် ကစားသမားဟောင်း မီလန် စကရီနီယာကိုလည်း ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
