ပဲလေ့စ်နဲ့ စာချုပ်ကုန်ပြီး ဖရီးအေးဂျင့် ကစားသမား ဖြစ်နေတဲ့ ဇာဟာ က စတီဗင်ဂျရတ် နည်းပြ လုပ်နေတဲ့ ဆော်ဒီကလပ် Al-Ettifaq အသင်းနဲ့ ဆွေးနွေးနေပါတယ်။ ဆော်ဒီကလပ်က တစ်ပတ် လုပ်ခ ပေါင် ၆ သိန်း ကမ်းလှမ်းပေမယ့် ဇာဟာရဲ့ အေးဂျင့်တွေက ပေါင် ၇သိန်းခွဲထိ လစာ ရဖို့ ညှိနှိုင်းနေတာပါ။
မန်ချက်စတာ ယူနိုက်တက်ဟာ အတ္တလန္တာ တိုက်စစ်မှုးလေး ဟို့ဂျ်လန်းအတွက် ပေါင် သန်း ၅ဝ နဲ့ ကမ်းလှမ်းဖို့ စီစဉ်နေပြီ ဖြစ်ကြောင်း တယ်လီဂရပ်ဖ် သတင်းက ဖော်ထုတ်သွားပါတယ်။ ဟို့ဂျ်လန်း ကို ခေါ်ယူရေး ချယ်ဆီးကလည်း စိတ်ဝင်စားဟန် ပြသနေပါတယ်။
စပါးတိုက်စစ်မှုး ဟယ်ရီကိန်းကို အလိုရှိနေသေးတဲ့ ဘိုင်ယန်မြူးနစ်က ပေါင် သန်း ၇ဝ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။ ဘိုင်ယန်ရဲ့ ပေါင် ၅၆ သန်းနဲ့ ပထမ ကမ်းလှမ်းမှုကတော့ ငြင်းဆန် ပယ်ချခံထားရတာပါ။
ဂျူဗင်တပ်နဲ့ အင်တာမီလန် အသင်းတို့ စိတ်ဝင်စားနေတဲ့ တိုက်စစ်မှုး လူကာကူ အတွက် ချယ်ဆီးအသင်းက ပေါင် သန်း ၄ဝ လို့ ဈေးသတ်မှတ်လိုက်ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ရာသီက ဆန်းဒါးလန်းမှာ အငှား ထွက်ကစားရင်း ခြေစွမ်းပြခဲ့တဲ့ အာမက် ဒီယာလို အား လာမယ့်ရာသီမှာလည်း အငှား ထပ်မံ စေလွှတ်ဖို့ မန်ချက်စတာ ယူနိုက်တက်က စဉ်းစားနေပါတယ်။
ဂါလာတာစာရေးဟာ အိုင်ကာဒီ ကို ခေါ်ယူဖို့ ပီအက်စ်ဂျီ အသင်းနဲ့ သဘောတူညီမှု ရသွားပြီ ဖြစ်ပြီး အပြောင်းအရွှေ့ အပြီးသတ်ဖို့ နောက်ဆုံးအဆင့် စာရွက်စာတမ်းများ လုပ်ဆောင်နေပါပြီ။ ပြောင်းရွှေ့ကြေး ယူရို ၁ဝ သန်း ဝန်းကျင် လို့ သိရပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ အိုနာနာ အပြင် နောက်ထပ် ဂိုးသမားပစ်မှတ် ချိတ်ဆက်နေခြင်း မရှိတော့ဘဲ လာမယ့် အပတ်ထဲမှာ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့ မျှော်လင့်နေပါတယ်။
