အာဆင်နယ် ဂိုးသမား ရမ်ဒယ်စ်ဟာ ဥရောပရဲ့ တန်ကြေးအကြီးဆုံး ဂိုးသမား စာရင်းမှာ ယူရို ၇၉ သန်းဖြင့် ထိပ်ဆုံးက ရှိနေပါတယ်။ ဒါဟာ လီဗာပူး ဂိုးသမား အယ်လီဆန်၊ မန်စီးတီး ဂိုးသမား အီဒါဆန်တို့ထက် ပိုပြီး နေရာပေးခံရခြင်း ဖြစ်ပါတယ်။
ကွင်းလယ် ကစားသမား ဂျော်ဂျင်ဟိုဟာ ရာသီကြိုမှာ ကိုင်ဟာဗက်၊ ဂျေးဆုတို့နဲ့အတူ ပျော်ရွှင်နေတဲ့ ဗီဒီယိုကို အင်စတာဂရမ်ကနေ ဖော်ပြသွားပါတယ်။
အာဆင်နယ်အသင်းက ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ချူအာမီနီကို စိတ်ဝင်စားနေခြင်း မရှိပါဘူး။ အသင်းဘက်က စိတ်ဝင်စားရင်တောင် ကစားသမားက အသင်းပြောင်းလိုနေခြင်း မရှိနိုင်တာကို နားလည်ထားပါတယ်။
ဝက်စ်ဟမ်းကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို ပေါင် ၁၀၅ သန်းနဲ့ ခေါ်ယူနိုင်တာဟာ အာဆင်နယ်အတွက် ဈေးသ က်သာတယ်လို့ ဂန်းနားဟောင်းကြီး ပီတစ်က မြင်ပါတယ်။ ခေါင်းဆောင်နိုင်စွမ်းရှိသလို အရည်အချင်းလည်းပြည့်တဲ့ ရိုက်စ်ဟာ အာတီတာရဲ့ စနစ်မှာ ပြည့်စုံလွန်းမယ့်သူလို့လည်း ခန့်မှန်းခဲ့ပါတယ်။
ချယ်ဆီးအသင်းက ပစ်မှတ်ထားနေတဲ့ မောင့်ပယ်လီရာ တိုက်စစ်မှူး ဝါဟီကို အာဆင်နယ်ကလည်း သဘောကျ နေပါတယ်။
တိုက်စစ်မှူး ဘာလိုဂန်ဟာ အာဆင်နယ်အသင်းနဲ့အတူ ရာသီကြို လေ့ကျင့်ရေး ဝင်နေပြီဖြစ်ကာ ဒီနွေဈေးကွက်မှာ သူကို ရောင်းချနိုင်ချေတော့ ရှိနေဆဲဖြစ်ပါတယ်။
ယူ-၂၁ အဆင့် ယူရိုပြိုင်ပွဲ အပြီးသတ်ခဲ့ပြီမို့ ဆယ်တာဗီဂို ကွင်းလယ်လူ ဗီဂါဟာ သူ့ရဲ့ အနာဂတ်ကို လာမယ့် သီတင်းပတ်တွေမှာ ဆုံးဖြတ်ပေးသွားတော့မှာပါ။ ၎င်းကို အာဆင်နယ်၊ ချယ်ဆီးနဲ့ လီဗာပူးတို့က ပစ်မှတ်ထားနေပါတယ်။
