၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး နည်းပြစာရင်းမှာ အာတီတာဟာ လီဗာပူးနည်းပြ ကလော့ပ်ကို ကျော်ဖြတ်ပြီး နံပါတ် ၄ နေရာကို ရောက်ရှိလာပါတယ်။
အာဆင်နယ် ကစားသမားသစ် ဖြစ်လာမယ့် ဒီကလန်ရိုက်စ်ဟာ သူ့ရဲ့ လေ့ကျင့်မှုကို ပေါ်တူဂီမှာ ပြုလုပ်နေပါတယ်။ ရိုက်စ်ဟာ အေစီမီလန် တိုက်စစ်သမား လီယာအိုနဲ့အတူ လေ့ကျင့်ရေး ဝင်နေတာ ဖြစ်ပါတယ်။
အာဆင်နယ် အားကစားဒါရိုက်တာ အီဒူးရဲ့ ဈေးညှိနှိုင်းမှုစွမ်းကြောင့် နောက်ခံလူ တင်ဘာကို ပေါင် သန်း ၅၀ ပေးဖို့ မလိုခဲ့ဘဲ ပေါင် ၃၄ သန်း + ဆုကြေး ပေါင် ၄ သန်း ပဲ ပေးရမှာ ဖြစ်ပါတယ်။
လက်ရှိ အာဆင်နယ်အသင်းရဲ့ သက်တော်ရှည် ကစားသမားဟာ အယ်နီနီ ဖြစ်ပြီး မနေ့ကပဲ အသက် ၃၁ နှစ် ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။
ဂျာမနီမှာ အာဆင်နယ်ရဲ့ အသင်းသား ၃၀ ပါ လူစာရင်း သွားရောက် လေ့ကျင့်နေကြကာ လိုကွန်ဂါကလွဲလို့ ဒဏ်ရာ ပြဿနာ မရှိထားကြဘဲ ကြံ့ခိုင်မှု ကောင်းမွန်နေကြပါတယ်။
ပွဲ မကစားရတာ ရက် ၁ဝဝ ကျော် ကြာပြီ ဖြစ်တဲ့ ဆာလီဘဟာ ဟာ ဂျာမနီမှာ လေ့ကျင့်ရေး ပူးပေါင်းနေပြီ ဖြစ်ပြီး ပွဲ မိနစ် ၉၀ ပြည့် ကစားဖို့ အသင့် မဖြစ်သေးသည့်တိုင် ပြန် အလေ့အကျင့် ရနေတော့မှာ ဖြစ်ပါတယ်။
အာဆင်နယ် ကွင်းလယ်လူသစ်ဖြစ်လာမယ့် ဒီကလန်ရိုက်စ်အတွက် ရွေးချယ်စရာ ကျောနံပါတ် နည်းပါးနေပြီး ကျောနံပါတ် ၂၂၊ ၂၈၊ ၃၂၊ ၃၄၊ ၃၆ ထဲက တစ်ခုကိုပဲ ဝတ်ဆင်ခွင့်ရမှာ ဖြစ်ပါတယ်။
