မေဆန်မောင့်ကို ခေါ်ယူပြီး ဖြစ်ပေမယ့် ယူနိုက်တက် ကွင်းလယ်ပိုင်းဟာ အားနည်းနေသေးပြီး ကိုင်စီဒို ကို ခေါ်ဖို့ ချယ်ဆီးနဲ့ အပြိုင် ကြိုးစားသင့်ကြောင်း ယူနိုက်တက် တိုက်စစ်မှုးဟောင်းကြီး ဒွိုက်ရော့ခ်က တိုက်တွန်းလိုက်ပါတယ်။
တူရကီကလပ် ဂါလာတာစာရေး အသင်းဟာ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဖရတ်ကို ခေါ်ယူဖို့ ချဉ်းကပ်မှု စတင်ထားပါပြီ။ ပရီးမီးယားလိဂ်ကလပ် ဖူလ်ဟမ်ကလည်း ကွင်းလယ်လူကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
တာဟစ်ချောင်ဟာ ဘာမင်ဂမ် အသင်းကနေ လူတန်တောင် အသင်းထံ ပေါင် ၄ သန်းဖြင့် ပြောင်းရွှေ့မှာဖြစ်ကာ မန်ချက်စတာ ယူနိုက်တက်က ကလပ် အကယ်ဒမီရဲ့ ကြယ်ပွင့်ဟောင်း အပြောင်းအရွှေ့ကနေ ပေါင် ၁ သန်း အကျိုးခံစားခွင့် ရရှိပါမယ်။
ဂိုးသမား အိုနာနာဟာ အင်တာမီလန် အသင်းဖော်တွေကို ညစာစာပွဲဖြင့် နှုတ်ဆက်ခဲ့ပြီဖြစ်ကာ ဒီနွေမှာ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ရေး သူ့ဘက်က ပြင်ဆင်နေပြီ ဖြစ်ပါတယ်။
အတ္တလန်တာ တိုက်စစ်သမား ဟွိုင်လန်းကို ခေါ်ယူနိုင်ဖို့ မန်ချက်စတာ ယူနိုက်တက်ဘက်က ငွေသား သီးသန့် ကမ်းလှမ်းမှု ပြုလုပ်ရမှာဖြစ်ကာ ယူရို သန်း ၁၀၀ ဝန်းကျင် ပြောင်းရွှေ့ကြေး ပေးချေရပါမယ်။
ဖီအိုရင်တီးနား ကွင်းလယ်လူ အမာရာဘတ်ကို မန်ချက်စတာ ယူနိုက်တက်က အလိုရှိနေကာ စီးရီးအေ ကလပ်ကတော့ ကမ္ဘာ့ဖလားမှာ တောက်ပခဲ့တဲ့ အသက် ၂၆ နှစ်အရွယ် ကွင်းလယ်လူအတွက် ပေါင် သန်း ၃၀ အလိုရှိပါတယ်။
မက်ဂွဲရားအတွက် ယူနိုက်တက်က ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ ထိ တောင်းဆိုတာကြောင့် သူ့ကို ခေါ်ယူလိုတဲ့ ကလပ်တွေဟာ နောက်တွန့်သွားကြပြီး အခုချိန်ထိ ကမ်းလှမ်းမှု မဝင်လာတော့ပါဘူး။
အဲဗာတန်အသင်းဟာ တိုက်စစ်မှူး အီလန်ဂါကို လာမယ့်ရာသီအတွက် ခေါ်ယူလိုပြီး အငှားဖြစ်စေ၊ အပြီးသတ် သဘောတူညီမှုဖြစ်စေ ရနိုင်မယ့် လမ်းကြောင်း အားလုံးကို ဖွင့်ထားဆဲ ဖြစ်ပါတယ်။ ယူနိုက်တက်ကတော့ အီလန်ဂါ အတွက် ပေါင် ၁ဝ သန်းလို့ ဈေးသတ်မှတ်ထားပါတယ်။
