ယနေ့ နောက်ဆုံးရ ယူနိုက်တက် အပြောင်းအရွှေ့ သတင်းတိုများ (10/08/20)

အင်္ဂလန် ကြယ်ပွင့် ဆန်ချိုဟာ ယူနိုက်တက်နဲ့ ဆွေးနွေးမှု ညိနှိုင်းနေတဲ့ကိစ္စ သဘောတူညီမှု မရဘဲ ဒီကနေ့မှာတော့ ဆွစ်ဇလန်မှာလုပ်မယ့် ရာသီကြို လေ့ကျင့်ရေးအတွက် ဒေါ့မွန်အသင်း လူစာရင်းမှာ ပါဝင်သွားပြီဖြစ်ကြောင်း တယ်လီဂရပ်က ဖော်ပြပါတယ်။

ဒေါ့မွန်ဘက်က သြဂုတ်လ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး ကမ်းလှမ်းဖို့ ယူနိုက်တက်ကို သတိပေးခဲ့ပေမယ့် နှစ်သင်းကြား သဘောတူညီမှု မရခဲ့တာဖြစ်တယ်။ ချိတ်ဆက်မှုတွေတော့ ဆက်ရှိနေမယ်လို့ သတင်းထွက်နေပါတယ်။

ဆန်ချိုကို ခေါ်ယူရေးမှာ သဘောတူညီမှု မယူနိုင်ဖြစ်နေဆဲ ဖြစ်နေတာကြောင့် ယူနိုက်တက်ဟာ ဂျူဗင်တပ်မှ ဒေါက်ကလပ် ကော်စတာကို ပြောင်းလဲ ချိတ်ဆက်လိုနေတယ်လို့ အင်္ဂလန် သတင်းတွေမှာ ဖော်ပြလာပါတယ်။

ယူနိုက်တက် တိုက်စစ်မှူး မာရှယ်ဟာ သူ့ရဲ့ ကာယကြံ့ခိုင်မှုပိုင်း လတ်တလောမှာ အကောင်းဆုံး အနေအထား ရောက်ရှိနေကြောင်း နည်းပြ ဆိုးရှားက ထောက်ခံချီးကျူးလိုက်ပါတယ်။ မာရှယ်နဲ့ ရက်ဖို့ဒ်တို့ဟာ ယူနိုက်တက် တိုက်စစ်မှာ အဓိက တာဝန်ယူ ခြေစွမ်းပြနေကြပါတယ်။

ဆိုးရှားနဲ့ တစ်နိုင်ငံတည်းသား ဖြစ်ပြီး မိတ်ဆွေတွေလည်း ဖြစ်တဲ့ ကိုပင်ဟိုဂင် နည်းပြ ဆိုလ်ဘက်ကင် ကတော့ တစ်ကျော့တည်း ကစားရမယ့် ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်မှာ ယူနိုက်တက်ကို အနိုင်ယူနိုင်ဖို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီဂီယာ၊ ရိုမဲရိုးနဲ့ ဒင်း ဟန်ဒါဆန် တို့လို ထိပ်တန်း ဂိုးသမားကောင်းတွေ ပိုင်ဆိုင်ထားတာကြောင့် ပွဲထွက်ခွင့် အတွက် ရွေးချယ်ဖို့ ခေါင်းခဲစရာ ဖြစ်ကြောင်း ဆိုးရှားက ထုတ်ဖော် ဝန်ခံခဲ့ပါတယ်။

ယူရိုပါလိဂ်မှာသာ အောင်မြင်မှု ရယူနိုင်ရင် ယူနိုက်တက်ဟာ ဆုဖလားတွေ အောင်နိုင်လိုတဲ့ အသင်း ဓလေ့ထုံးတမ်းကို ပြန် အသက်သွင်းလာနိုင်မှာ ဖြစ်ကြောင်း ခံစစ်မှူးဟောင်းကြီး ဖာဒီနန်က တိုက်တွန်းအားပေးလိုက်ပါတယ်။

Zawgyi – အဂၤလန္ ၾကယ္ပြင့္ ဆန္ခ်ိဳဟာ ယူႏုိက္တက္နဲ႔ ေဆြးေႏြးမႈ ညိႏိႈင္းေနတဲ့ကိစၥ သေဘာတူညီမႈ မရဘဲ ဒီကေန႔မွာေတာ့ ဆြစ္ဇလန္မွာလုပ္မယ့္ ရာသီၾကိဳ ေလ့က်င့္ေရးအတြက္ ေဒါ့မြန္အသင္း လူစာရင္းမွာ ပါဝင္သြားျပီျဖစ္ေၾကာင္း တယ္လီဂရပ္က ေဖာ္ျပပါတယ္။

ေဒါ့မြန္ဘက္က ၾသဂုတ္လ ၁၀ ရက္ေန႔ ေနာက္ဆံုးထားျပီး ကမ္းလွမ္းဖို႔ ယူႏုိက္တက္ကို သတိေပးခဲ့ေပမယ့္ ႏွစ္သင္းၾကား သေဘာတူညီမႈ မရခဲ့တာျဖစ္တယ္။ ခ်ိတ္ဆက္မႈေတြေတာ့ ဆက္ရွိေနမယ္လို႔ သတင္းထြက္ေနပါတယ္။

ဆန္ခ်ိဳကို ေခၚယူေရးမွာ သေဘာတူညီမႈ မယူႏုိင္ျဖစ္ေနဆဲ ျဖစ္ေနတာေၾကာင့္ ယူႏုိက္တက္ဟာ ဂ်ဴဗင္တပ္မွ ေဒါက္ကလပ္ ေကာ္စတာကို ေျပာင္းလဲ ခ်ိတ္ဆက္လိုေနတယ္လို႔ အဂၤလန္ သတင္းေတြမွာ ေဖာ္ျပလာပါတယ္။

ယူနုိက္တက္ တိုက္စစ္မွဴး မာရွယ္ဟာ သူ႔ရဲ႕ ကာယၾကံ႕ခိုင္မႈပိုင္း လတ္တေလာမွာ အေကာင္းဆံုး အေနအထား ေရာက္ရွိေနေၾကာင္း နည္းျပ ဆိုးရွားက ေထာက္ခံခ်ီးက်ဴးလိုက္ပါတယ္။ မာရွယ္နဲ႕ ရက္ဖို႔ဒ္တို႔ဟာ ယူနုိက္တက္ တိုက္စစ္မွာ အဓိက တာ၀န္ယူ ေျခစြမ္းျပေနၾကပါတယ္။

ဆိုးရွားနဲ႕ တစ္နိုင္ငံတည္းသား ျဖစ္ျပီး မိတ္ေဆြေတြလည္း ျဖစ္တဲ့ ကိုပင္ဟိုဂင္ နည္းျပ ဆိုလ္ဘက္ကင္ ကေတာ့ တစ္ေက်ာ့တည္း ကစားရမယ့္ ယူရိုပါလိဂ္ ကြာတားဖိုင္နယ္ ပြဲစဥ္မွာ ယူနိုက္တက္ကို အနုိင္ယူနုိင္ဖို႔ ေမွ်ာ္လင့္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

မန္ခ်က္စတာ ယူနုိက္တက္ဟာ ဒီဂီယာ၊ ရိုမဲရိုးနဲ႕ ဒင္း ဟန္ဒါဆန္ တို႔လို ထိပ္တန္း ဂိုးသမားေကာငး္ေတြ ပိုင္ဆိုင္ထားတာေၾကာင့္ ပြဲထြက္ခြင့္ အတြက္ ေရြးခ်ယ္ဖို႔ ေခါင္းခဲစရာ ျဖစ္ေၾကာင္း ဆိုးရွားက ထုတ္ေဖာ္ ၀န္ခံခဲ့ပါတယ္။

ယူရိုပါလိဂ္မွာသာ ေအာင္ျမင္မႈ ရယူနိုင္ရင္ ယူနုိက္တက္ဟာ ဆုဖလားေတြ ေအာင္နုိင္လိုတဲ့ အသင္း ဓေလ့ထံုးတမ္းကို ျပန္ အသက္သြင္းလာနိုင္မွာ ျဖစ္ေၾကာင္း ခံစစ္မွဴးေဟာင္းၾကီး ဖာဒီနန္က တိုက္တြန္းအားေပးလိုက္ပါတယ္။