ဘန်လေအသင်းနဲ့ လက်စတာအသင်းတို့ဟာ မန်စီးတီး လူငယ်ကြယ်ပွင့် ကိုးပါးမားကို ခေါ်ယူဖို့ ကြိုးစားနေကြပါတယ်။ ဘန်လေဘက်က အငှားဖြင့် ချိတ်ဆက်မှာဖြစ်ကာ ကွင်းလယ်လူကို ချန်ပီယံရှစ်ထက် ပရီးမီးယားလိဂ်မှာ မြင်ရဖို့ စီးတီးဘက်က အလိုရှိပါတယ်။
ပက် ဂွာဒီယိုလာဟာ သူ့ရဲ့ လက်ထောက်အဖြစ် ကာတာကလပ် Al-Sadd အသင်းကနေ ရာထူးက ထုတ်ပယ် ခံထားရတဲ့ Juanma Lillo ကို ပြန်လည် ခေါ်ယူဖွယ် ရှိပါတယ်။
အင်္ဂလန် ယူ-၂၁ အသင်း ကွင်းလယ်လူ ဂျိမ်းမက်အတီအတွက် ပေါင် သန်း ၃၀ တန် ကမ်းလှမ်းမှု ရပေမယ့် မန်စီးတီးဘက်က ပယ်ချလိုက်ပါတယ်။
မန်စီးတီးအသင်းနဲ့ စာချုပ် ၁၂ လပဲ ကျန်ရှိတော့တဲ့ ညာအစွန်လူ ဝေါ်ကာကို ခေါ်ယူဖို့အတွက် ဘိုင်ယန်မြူးနစ်နဲ့အပြိုင် ဂျူဗင်တပ်လည်း စိတ်ဝင်စားနေပါတယ်။ စီးတီးကတော့ ဝေါ်ကာ ကို လက်လွှတ်ရမယ် ဆိုရင် ဘိုင်ယန်မြူးနစ်ထံကနေ ပါဗက်ကို ပြန်လည် ရလိုနေပါတယ်။
ဘာနာဒို ဆေးဗားကို ဘာစီလိုနာအသင်းထံ အငှားချပေးမှာ မဟုတ်ဘဲ ကွင်းလယ်လူကို ခေါ်ယူလိုတယ်ဆိုရင် ပြောင်းရွှေ့ကြေး ယူရို သန်း ၈၀ တောင်းဆိုမှာ ဖြစ်ပါတယ်။
လက်စတာအသင်းဟာ မန်စီးတီး လူငယ် ကြယ်ပွင့် ကော်လမ် အိုဒွိုင်းကို တစ်ရာသီ အငှားဖြင့် ခေါ်ယူနိုင်ဖွယ် ရှိပါတယ်။
ဝါရင့် တိုက်စစ်မှူး မာရက်စ်ဟာ ဆော်ဒီကလပ် Al Ahli အသင်းထံ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးရ သဘောတူညီမှု ရသွားခဲ့ပါပြီ။
လီဗာပူးအသင်းဟာ မန်စီးတီး ကွင်းလယ်လူ ကီဗင်ဖီးလစ်ကို စိတ်ဝင်စားနေပေမယ့် တရားဝင် ကမ်းလှမ်းမှု မလုပ်သေးပါဘူး။
