ချယ်ဆီးကို လမ်းပတ် သေချာ မစီမံနိုင်ရင် ချန်ပီယံလိဂ်ဝင်လဲ အိမ်ဖြည့်အသင်းအဆင့်ပဲ ရှိမယ်လို့ သတိပေးမှု

တိုက်စစ်မှူးဟောင်းကြီး တိုနီ ကပ်စ်ကာရီနိုကတော့ နည်းပြ ဖရန့်လမ်းပတ်သာ ယိုယွင်းနေတဲ့ ခံစစ်နဲ့ အသင်း အနေအထားကို သေချာ မစီမံနိုင်ရင် ချယ်ဆီးအသင်းဟာ ချန်ပီယံလိဂ် ဝင်ထားလည်း အုပ်စုကနေ လှည့်ပြန်ရမယ့် အိမ်ဖြည့် အသင်းသက်သက်သာ ဖြစ်မယ်လို့ သတိပေးလိုက်ပါတယ်။

လမ်းပတ်ဟာ အခက်အခဲများနဲ့ ပွဲဦးထွက် ရာသီမှာ ချယ်ဆီးကို ထိပ်သီးလေးသင်း အတွင်း ဝင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရအောင် ဖန်တီးပေးခဲ့တာ အတွက် အားပေးချီးကျူးမှုတွေ ခံယူနေရပါတယ်။ ဒါပေမယ့် ဒီလို ချီးကျူးမှုတွေက တကယ့်တကယ် ဥရောပ ပြိုင်ပွဲမှာထိပ်သီးအသင်းတွေနဲ့ မယှဉ်နိုင်ရင် ပြန် ပျောက်ကွယ်သွားမှာပဲ လို့ ကပ်စ်ကာရီနို က ဆိုလိုက်ပါတယ်။

လက်ရှိ ဘောလုံးရာသီမှာလည်း ချယ်ဆီးအသင်းဟာ ၁၆ သင်း အဆင့်မှာ ဘိုင်ယန်မြူးနစ်ကို နှစ်ကျော့လုံး ဂိုးအပြတ်နဲ့ ရှုံးပြီး ပြိုင်ပွဲက ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။ ချယ်ဆီး အသင်းရဲ့ ယိုယွင်းနေတဲ့ ခံစစ်ဟာ ဂိုးတွေကို လွယ်လွယ် ခွင့်ပြုနေပြီး ပြင်ဆင်ဖို့ လိုအပ်နေပါတယ်။

” ချယ်ဆီးမှာ ဘယ်သူက ကစားသမားတွေကို စီမံနေလဲတော့ မသိဘူး။ တကယ့်ကို ဗရမ်းဗတာ ဖြစ်နေတယ်။ ခံစစ်ပိုင်း ဆိုရင် လုံး၀ ဖရိုဖရဲပဲ။ ဘိုင်ယန်နဲ့ ပွဲမှာ ကြည့်လိုက်တော့ သူတို့ နေရာလွတ်တွေ ပေးထားတာ ဆိုတာ အဆိုးတကာ့ အဆိုးဆုံးပဲ။ ဒါက ပြိုင်ဘက်ကို လုပ်ချင်တိုင်း လုပ်ဖို့ အခွင့်ပေးထားသလို ဖြစ်နေတယ် ဘိုင်ယန်လို အသင်းမျိုးဆို ပြီးရောပေါ့။

ဒါမျိုး ပုံစံတူ တွေ ကျနော် မြင်ပြီးရင်း မြင်နေရသလိုပဲ။ ကစားသမား တစ်ယောက်က တောင်ပံက တက်လာပြီး ဧရိယာထဲ ကန်တင်လိုက်ပြီဆိုရင် ချယ်ဆီး ဗဟိုခံစစ်တွေက တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်နေကြတုန်း တဘက်အသင်းက တစ်ယောက်က ခေါင်းတိုက်ပြီး အေးအေးဆေဆးဆေး အဆုံးသတ်သွားတယ်။ ချယ်ဆီး အသင်းမှာ အရည်အချင်းကောင်းတွေနဲ့ ထိပ်တန်း ကစားသမားကောင်းတွေ ရှိပါတယ်။ အကောင်းဆုံး ဆိုတဲ့ လူငယ်တွေလည်း ရှိတယ်။ ဒါတွေကို သေချာ ကြိုးဆွဲနိုင်ဖို့ လိုအပ်တယ်။

ဒီပုံအတိုင်းဆို ချယ်ဆီးက ချန်ပီယံလိဂ် အုပ်စုအသင်း တစ်သင်းသာသာပဲ ရှိတယ်။ အဲဒီထက် မပိုဘူး။ အဲဒီတော့ ဒီအသင်းကို ဘယ်သူ တာဝန်ယူယူ ဒီရာသီ ဗဟိုခံစစ်မှာ လူအမျိုးမျိုးလည်း ပြောင်းသုံးနေတာ မြင်ရပြီးပြီ။ ဒီအတိုင်းပဲ ဆက်ဖြစ်နေတယ်။ ရီစီ ဂျိမ်းစ် ဆို သိပ်ကောင်းပါတယ် တိုက်စစ်ကို သိပ်လိုက်နိုင်တယ်။ ဒါပေမယ့် ခံစစ်မှာဆို အဲဗာတန်ကိုတောင် မတားဆီးနိုင်ဘူး။ ” လို့ ကပ်စ်ကာရီနို က သုံးသပ် သတိပေးလိုက်ပါတယ်။

Zawgyi – တိုက္စစ္မွဴးေဟာင္းၾကီး တိုနီ ကပ္စ္ကာရီနိုကေတာ့ နည္းျပ ဖရန္႔လမ္းပတ္သာ ယိုယြင္းေနတဲ့ ခံစစ္နဲ႕ အသင္း အေနအထားကို ေသခ်ာ မစီမံနုိင္ရင္ ခ်ယ္ဆီးအသင္းဟာ ခ်န္ပီယံလိဂ္ ၀င္ထားလည္း အုပ္စုကေန လွည့္ျပန္ရမယ့္ အိမ္ျဖည့္ အသင္းသက္သက္သာ ျဖစ္မယ္လို႔ သတိေပးလိုက္ပါတယ္။

လမ္းပတ္ဟာ အခက္အခဲမ်ားနဲ႕ ပြဲဦးထြက္ ရာသီမွာ ခ်ယ္ဆီးကို ထိပ္သီးေလးသင္း အတြင္း ၀င္ေအာင္ စြမ္းေဆာင္ေပးနုိင္ခဲ့ျပီး ခ်န္ပီယံလိဂ္ ၀င္ခြင့္ရေအာင္ ဖန္တီးေပးခဲ့တာ အတြက္ အားေပးခ်ီးက်ဴးမႈေတြ ခံယူေနရပါတယ္။ ဒါေပမယ့္ ဒီလို ခ်ီးက်ဴးမႈေတြက တကယ့္တကယ္ ဥေရာပ ျပိဳင္ပြဲမွာထိပ္သီးအသငး္ေတြနဲ႕ မယွဥ္နိုင္ရင္ ျပန္ ေပ်ာက္ကြယ္သြားမွာပဲ လို႔ ကပ္စ္ကာရီနို က ဆိုလိုက္ပါတယ္။

လက္ရွိ ေဘာလံုးရာသီမွာလည္း ခ်ယ္ဆီးအသင္းဟာ ၁၆ သင္း အဆင့္မွာ ဘိုင္ယန္ျမဴးနစ္ကို နွစ္ေက်ာ့လံုး ဂိုးအျပတ္နဲ႕ ရွံဳးျပီး ျပိဳင္ပြဲက ထြက္ခြာခဲ့ရျပီ ျဖစ္ပါတယ္။ ခ်ယ္ဆီး အသင္းရဲ႕ ယိုယြင္းေနတဲ့ ခံစစ္ဟာ ဂိုးေတြကို လြယ္လြယ္ ခြင့္ျပဳေနျပီး ျပင္ဆင္ဖို႔ လိုအပ္ေနပါတယ္။

” ခ်ယ္ဆီးမွာ ဘယ္သူက ကစားသမားေတြကို စီမံေနလဲေတာ့ မသိဘူး။ တကယ့္ကို ဗရမ္းဗတာ ျဖစ္ေနတယ္။ ခံစစ္ပိုင္း ဆိုရင္ လံုး၀ ဖရိုဖရဲပဲ။ ဘိုင္ယန္နဲ႕ ပြဲမွာ ၾကည့္လိုက္ေတာ့ သူတို႔ ေနရာလြတ္ေတြ ေပးထားတာ ဆိုတာ အဆိုးတကာ့ အဆိုးဆံုးပဲ။ ဒါက ျပိဳင္ဘက္ကို လုပ္ခ်င္တိုင္း လုပ္ဖို႔ အခြင့္ေပးထားသလို ျဖစ္ေနတယ္ ဘိုင္ယန္လို အသင္းမ်ိဳးဆို ျပီးေရာေပါ့။

ဒါမ်ိဳး ပံုစံတူ ေတြ က်ေနာ္ ျမင္ျပီးရင္း ျမင္ေနရသလိုပဲ။ ကစားသမား တစ္ေယာက္က ေတာင္ပံက တက္လာျပီး ဧရိယာထဲ ကန္တင္လိုက္ျပီဆိုရင္ ခ်ယ္ဆီး ဗဟိုခံစစ္ေတြက တစ္ေယာက္ မ်က္နွာ တစ္ေယာက္ ၾကည့္ေနၾကတုန္း တဘက္အသင္းက တစ္ေယာက္က ေခါင္းတိုက္ျပီး ေအးေအးေဆဆးေဆး အဆံုးသတ္သြားတယ္။ ခ်ယ္ဆီး အသင္းမွာ အရည္အခ်င္းေကာင္းေတြနဲ႕ ထိပ္တန္း ကစားသမားေကာင္းေတြ ရွိပါတယ္။ အေကာင္းဆံုး ဆိုတဲ့ လူငယ္ေတြလည္း ရွိတယ္။ ဒါေတြကို ေသခ်ာ ၾကိဳးဆြဲနုိင္ဖို႔ လိုအပ္တယ္။

ဒီပံုအတိုင္းဆို ခ်ယ္ဆီးက ခ်န္ပီယံလိဂ္ အုပ္စုအသင္း တစ္သင္းသာသာပဲ ရွိတယ္။ အဲဒီထက္ မပိုဘူး။ အဲဒီေတာ့ ဒီအသင္းကို ဘယ္သူ တာ၀န္ယူယူ ဒီရာသီ ဗဟိုခံစစ္မွာ လူအမ်ိဳးမ်ိဳးလည္း ေျပာငး္သံုးေနတာ ျမင္ရျပီးျပီ။ ဒီအတိုင္းပဲ ဆက္ျဖစ္ေနတယ္။ ရီစီ ဂ်ိမ္းစ္ ဆို သိပ္ေကာင္းပါတယ္ တိုက္စစ္ကို သိပ္လိုက္နုိင္တယ္။ ဒါေပမယ့္ ခံစစ္မွာဆို အဲဗာတန္ကိုေတာင္ မတားဆီးနုိင္ဘူး။ ” လို႔ ကပ္စ္ကာရီနို က သံုးသပ္ သတိေပးလိုက္ပါတယ္။