ဂရင်းဝုဒ် အနေနဲ့ ပွဲ မကစားရတာ သိပ်ကို ကြာသွားပြီ ဖြစ်တာကြောင့် ပြန် ကစားခွင့် ရဖို့ကို ဦးစားပေးပြီး ဆုံးဖြတ်ချက် မှန်မှန်ကန်ကန် ချမှတ်ရမယ် လို့ ရွန်းနီက တိုက်တွန်း သတိပေးလိုက်ပါတယ်။
ယူနိုက်တက် နောက်ခံလူ အဲလက်စ် တဲလက်စ် အား ဆော်ဒီကလပ် အယ်နက်ဆာ အသင်းက ပြောင်းရွှေ့ကြေး ပေါင် ၄ သန်း + ထပ်ဆောင်းကြေးတွေနဲ့ ခေါ်ဖို့ သဘောတူညီမှု ရသွားပြီ ဖြစ်ကြောင်း သတင်းထောက် ရိုမန်နိုက ဖော်ပြလာပါတယ်။
အသက် ၃၅ နှစ် အရွယ် သရဲနီဟောင်း ဗဟိုခံစစ်မှုး ဂျွန်နီ အီဗန်စ် ဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ ကာလတို စာချုပ် ချုပ်ဆိုလိုက်ပါတယ်။ အီဗန်စ်ကို ရာသီကြို ခြေစမ်းပွဲတွေမှာ ပါဝင် ကစားတာ မြင်ရဖို့ ရှိနေပါတယ်။
ယူနိုက်တက်ဟာ အတ္တလန္တာ တိုက်စစ်မှုး ဟွိုင်လန်းကို ခေါ်ဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရသွားပြီ ဖြစ်ပါတယ်။ ပြောင်းရွှေ့ကြေးကတော့ ကလပ်နှစ်သင်းကြား ညှိနှိုင်းဆဲ ဖြစ်ပြီး အတ္တလန္တာ ဘက်ကတော့ ပေါင် ၈၅ သန်း ထိ တောင်းဆိုနေတာပါ။
အင်တာမီလန် ဂိုးသမား အိုနာနာဟာ ဆေးစစ်မှု ခံယူပြီး အပြောင်းအရွှေ့ အပြီးသတ်ဖို့ မန်ချက်စတာ သို့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ တရားဝင် ကြေညာမှုကို ဒီရက်ပိုင်းမှာ ပြုလုပ်နိုင်ဖွယ် ရှိပါတယ်။
ယူနိုက်တက် အသင်းခေါင်းဆောင် ရာထူးက ဖယ်ရှားခံလိုက်ရတဲ့ မက်ဂွဲရား ကို ခေါ်ယူဖို့ ချယ်ဆီးအသင်းက အံ့အားသင့်ဖွယ် ချိန်ရွယ်လာပါတယ်။
မက်ဂွဲရား အတွက် ဝက်စ်ဟမ်းက အငှားနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ယူနိုက်တက်က ဒီရက်ပိုင်းထဲမှာပဲ ငြင်းဆန် ပယ်ချထားပါတယ်။
မာလာစီယာ က ဒဏ်ရာကြောင့် ယူနိုက်တက်ရဲ့ ရာသီကြို ခရီးစဉ်ကို လွဲချော်မှာ ဖြစ်ပါတယ်။ အသက် ၂၃ နှစ် အရွယ် ကစားသမား ပြီးခဲ့တဲ့ ရာသီက လုခ်ရှောနဲ့ အပြိုင် ပွဲကစားခွင့်ကို စိန်ခေါ်နိုင်ခဲ့သူပါ။
မန်ချက်စတာ ယူနိုက်တက်မှာ အငှား လာကစားပြီး မိခင်ကလပ် ဘိုင်ယန်မြူးနစ်ထံ ပြန်သွားတဲ့ ကွင်းလယ် ကစားသမား ဆာဘစ်ဇာ ဟာ မနေ့ညက ဘိုင်ယန်နဲ့ အပျော်တမ်းကလပ် FC Rottach-Egern တို့ ခြေစမ်းပွဲမှာ ဝင် ကစားခဲ့ပြီး မိနစ် ၂ဝ အတွင်း ၅ ဂိုး ဆက်တိုက် သွင်းယူခဲ့ပါတယ်။ ထိုပွဲမှာ ဘိုင်ယန်က ၂၇-ဝ နဲ့ အပြတ်အသတ်ကြီး နိုင်ခဲ့တာပါ။
