လက်ရှိ အာဆင်နယ် စီနီယာ အသင်းကြီး လူစာရင်းဟာ တန်ကြေး ၁.၂၁ ဘီလီယံ ရှိတယ်လို့ Transfermarkt ရဲ့ တွက်ချက်မှုတွေ အရ သိရပါတယ်။ ဒါဟာ လက်ရှိ ဘောလုံးလောကမှာ တန်ကြေး အမြင့်ဆုံး အသင်းလည်း ဖြစ်ပါတယ်။
ရေးစ် နယ်ဆန်ဟာ ကံမကောင်းစွာပဲ ခြေထောက် ဒဏ်ရာ ရှိနေပြီး သီတင်းပတ် အနည်းငယ် အာဆင်နယ် အသင်းနဲ့ ပါဝင် လေ့ကျင့်ဖို့ လွဲချော်မှာ ဖြစ်ပါတယ်။
နည်းပြ အာတီတာဟာ အာဆင်နယ်မှာ မယုံနိုင်စရာတွေ လုပ်ပြနေသူဖြစ်ပြီး ပထမရာသီမှာ အက်ဖ်အေဖလား အနိုင်ရခဲ့သလို မနှစ်ကလည်း မန်စီးတီးကို အဓိက ဖိအားပေးနိုင်ခဲ့ပါတယ်လို့ မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း ဝိန်းရွန်းနီက ချီးကျူးလိုက်ပါတယ်။
ဒါ့အပြင် နောက်ရာသီမှာ မန်စီးတီးကို အဓိက စိန်ခေါ်မယ့် အသင်းက အာဆင်နယ် ဖြစ်လာမယ် လို့လည်း ရွန်းနီက မှတ်ချက်ပြုခဲ့ပါတယ်။
ဒီကလန်ရိုက်စ်က အာဆင်နယ်အသင်း လေ့ကျင့်ရေး အစီအစဉ်မှာ ပါဝင်ခဲ့ပေမယ့် ရာသီကြို နောက်ကျခဲ့ခြင်းကြောင့် ကြံ့ခိုင်မှု ရာနှုန်းပြည့် ကောင်းနေခြင်း မရှိပါဘူး။ သူ့ကို အနည်းငယ် ဂရုစိုက်ပေးပြီး ပုံမှန် ကြံ့ခိုင်ရေး ပြန်ရလာအောင် စီမံပေးမယ်လို့ အာတီတာက ပြောပါတယ်။
ရိုက်စ် ကတော့ အာဆင်နယ် အသင်း အတွက် ၁၁ဝ% ပေးဆပ် ကစားသွားမယ်လို့ ကတိစကား ထုတ်ဖော် ပြောကြားလာပါတယ်။
အာဆင်နယ်အသင်းရဲ့ ရာသီကြို ပြင်ဆင်နေမှုကို အသင်းပိုင်ရှင် တစ်ဦးဖြစ်တဲ့ ဂျော့ခရွန်ကီ လာရောက် ကြည့်ရှုပါတယ်။
သောမက်စ် ပါတေးကို အာဆင်နယ်က ဒီနွေမှာ အလျင်စလို ရောင်းထုတ်မှာ မဟုတ်ပါဘူး။ သူ့အတွက် တန်ကြေးကြီး ကမ်းလှမ်းမှုရဖို့ စောင့်ဆိုင်းသွားမှာပါ။
ကွင်းလယ်လူသစ် ခေါ်ယူရေးအတွက် အာဆင်နယ်ဘက်က အေဂျက်အသင်း ပေါင် သန်း ၄၀ ဈေးသတ်မှတ်ထားတဲ့ ခူးဒက်စ်ကို စိတ်ဝင်စားနေပါတယ်။
အားကစားဒါရိုက်တာ အီဒူးအတွက် တီရာနေး၊ ဆီဒရစ်၊ ပေပေ၊ လိုကွန်ဂါ၊ တာဘာရိစ်နဲ့ ဟိုးဒင်းတို့ကို ရောင်းချနိုင်ရေးဟာ ဒီနွေအတွက် ဦးစားပေး ကိစ္စတွေ ဖြစ်ပါတယ်။