ကစားသမား ရောင်းဖို့ ပိုအားစိုက်နေခြင်း၊ ကွင်းလယ် ပစ်မှတ်များ၊ ဘာလိုဂန်၊ ဆာကာတို့နဲ့ နောက်ဆုံးရ အာဆင်နယ် ထူးခြား သတင်းများ

အင်တာမီလန်က သူတို့ ဦးစားပေး ခေါ်ယူသင့်တဲ့ တိုက်စစ်သမားက ဘာလိုဂန်လို့ ယုံကြည်နေပြီး အာဆင်နယ် တောင်းဆိုတဲ့ ယူရို သန်း ၄၀ ထက် ပိုနည်းတဲ့ ပမာဏဖြင့် ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။

ဇန်နဝါရီမှာတုန်းက အာဆင်နယ်ဟာ ဖရတ်စနာဒါကို လက်မှတ်ထိုးဖို့ အတော်လေး နီးစပ်ခဲ့ပါတယ်။ ဒါပေမယ့် ကစားသမားရဲ့ ကိုယ်စားလှယ်တွေက ရာသီကုန်ထိ စပိန်မှာပဲ ဆက်ကစားစေတာက ပိုအဆင်ပြေမယ် ယူဆခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ လိုချင်တဲ့ ကစားသမားတွေကို ရခဲ့ပြီမို့ လက်တလောမှာ အထွက် စာရင်းဘက်ကို ပိုမို အာရုံစိုက်နေပြီး ပေပေအတွက် အသင်းသစ်ရှာပေးဖို့ ကြိုးစားမယ်လို့ ရိုမန်နိုက ဖော်ထုတ်လာပါတယ်။

အာဆင်နယ်က အေဂျက် ကွင်းလယ်လူ ခူးဒက်စ်ကို သေချာလေး စောင့်ကြည့်နေကြောင်း လန်ဒန် သတင်းထောက်တွေ က ဖော်ပြလာနေကြပါတယ်။

မေဂျာလိဂ် အောစတား ပွဲစဉ်အပြီး အာဆင်နယ် ပရိသတ်ငယ် တစ်ဦးကို ဆာကာက သူ့ရဲ့ ဘောလုံးကန်ဖိနပ် လက်ဆောင်ပေးခဲ့တဲ့ ဗီဒီယိုဟာ လူမှုကွန်ယက်မှာ အတော်လေး ရေပန်းစားနေပါတယ်။

စပါးအသင်းက ပစ်မှတ်ထားနေတဲ့ အက်စတွန်ဗီလာ ကွင်းလယ်လူ ဒေါက်ကလက်စ် လူးဝစ်ဟာ အာဆင်နယ်ရဲ့ ရေဒါထဲမှာ ရှိနေဆဲ ဖြစ်ပါတယ်။

အာဆင်နယ် နောက်ခံလူ ဆီဒရစ်ကို ခေါ်ယူလိုတဲ့ ကလပ် ၄ သင်းထိ ရှိနေပြီး အားလုံးက ပရီးမီးယားလိဂ် ပြင်ပ ကလပ်တွေ ဖြစ်ပါတယ်။