မန်ချက်စတာ ယူနိုက်တက်ဟာ အတ္တလန်တာ တိုက်စစ်မှူး ဟွိုင်လန်းအတွက် တရားဝင် ကမ်းလှမ်းမှု စတင် ပြုလုပ်တော့မှာပါ။ ပီအက်စ်ဂျီဘက်ကလည်း တိုက်စစ်သမားကို ခေါ်ယူနိုင်ရေး အေးဂျင့်တွေကနေ ချိတ်ဆက်နေပါတယ်။
နောက်ခံလူ ဝမ် ဘစ်ဆာကာ ကို ယူနိုက်တက်က စာချုပ်ပါ အချက် အရ တစ်နှစ် သက်တမ်းတိုးတော့မှာ ဖြစ်ကြောင်း သတင်း ထွက်ပေါ်နေပါတယ်။ ကနဦးမှာ တန်ဟက်က ဘစ်ဆာကာ ခြေစွမ်း အပေါ် သံသယ ရှိခဲ့ပေမယ့် အခုတော့ သူ့ ပလန်တွေထဲမှာ အင်္ဂလန်သားကို ထည့်သွင်းလာပါတယ်။
နော်တင်ဟမ် ဖောရက်စ်ဟာ ယူနိုက်တက် တိုက်စစ်သမား အီလန်ဂါကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီးတဲ့နောက် ဒင်းဟန်ဒါဆန် ကိစ္စ အပြီးသတ်ဖို့ ကြိုးစားနေပါတယ်။
ယူနိုက်တက်ဟာ ဘိုင်ယန်မြူးနစ်ရဲ့ ဂေါ်ရက်စ်ကာ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အတော်ကြာပြီ ဖြစ်ကြောင်း ဂျာမန် သတင်းတွေက ဆိုပါတယ်။ အသက် ၂၈ နှစ် အရွယ် ကွင်းလယ်သမားကို ယူနိုက်တက် စောင့်ကြည့်တာ ၂နှစ်ကျော် ကြာပြီ ဖြစ်ပေမယ့် ကမ်းလှမ်းမှုတော့ မပြုလုပ်ထားပါဘူး။
ယူနိုက်တက် အသင်းခေါင်းဆောင်သစ် ဖြစ်လာတဲ့ ဘရူနို ဖာနန်ဒက်စ်က နည်းပြ တန်ဟက်ဟာ သူ့ရဲ့ စိတ်အားထက်သန်မှုကို သဘောကျတာက အဓိက အချက် ဖြစ်ကြောင်း ဖွင့်ဟလာခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ အခုချိန်ထိ ရာသီကြို မှာ ၃ ပွဲ ကစား ၃ ပွဲ နိုင်ထားပြီး နောက်ထပ် ကစားမယ့် ခြေစမ်းပွဲတွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။
- 25 July: United v Wrexham (San Diego, 19:30 local time / 03:30 BST)
- 26 July: United v Real Madrid (Houston, 19:30 local time / 01:30 BST)
- 30 July: United v Borussia Dortmund (Las Vegas, 18:00 local time / 02:00 BST)
- 5 August: United v Lens (Old Trafford, 12:45 BST)
- 6 August: United v Athletic Club (Dublin, 16:00 BST)
ယူနိုက်တက်ဟာ ဒါရင်းဖလက်ချာရဲ့ သား နှစ်ယောက် ဖြစ်တဲ့ ဂျက်နဲ့ တိုင်လာကို မန်ချက်စတာစီးတီး အကယ်ဒမီ ကနေ ဒီနွေမှာ ခေါ်ယူနိုင်လိုက်ပြီ ဖြစ်ကြောင်း အင်္ဂလန်သတင်းတွေက ဖော်ထုတ်လာပါတယ်။ လူငယ်လေး နှစ်ယောက် အတွက် ၁.၂၅ သန်းနဲ့ သဘောတူညီခဲ့တာ ဖြစ်ပြီး ၎င်းတို့ နှစ်ဦးလုံးက ၁ဝ နှစ် မပြည့်ခင်တည်းက စီးတီး အကယ်ဒမီ ရောက်နေတာပါ။