ဟွိုင်လန်း ခေါ်ယူရေး လက်နှေးနေတဲ့ မန်ချက်စတာ ယူနိုက်တက်ကို ကျော်တက်ဖို့ တကယ် ထ လုပ်လာတဲ့ ပီအက်စ်ဂျီ

မန်ချက်စတာ ယူနိုက်တက် ပစ်မှတ် ကစားသမား ဖြစ်တဲ့ အတ္တလန်တာ တိုက်စစ်မှူး ဟွိုင်လန်းအတွက် ယူရို သန်း ၅၀ ဖြင့် ပီအက်စ်ဂျီအသင်းက တရားဝင် ကမ်းလှမ်းမှု စတင်လိုက်ပြီ ဖြစ်ကြောင်း The Athletic က ဖော်ပြလာပါတယ်။

အတ္တလန်တာ ကတော့ သူတို့ ကြယ်ပွင့် တိုက်စစ်သမားအတွက် များပြားတဲ့ ပြောင်းရွှေ့ကြေးမျိုး မျှော်လင့်ထားပြီး ယူရို သန်း ၁ဝဝ အနည်းဆုံး တန်တယ်လို့ ဆိုထားပါတယ်။

ပီအက်စ်ဂျီကတော့ ထိုဈေးထိ ညှိနှိုင်းကာ ခြေချုပ်မိခံနေမှာ မဟုတ်ဘဲ ယူရို သန်း ၅၀ တန် ကမ်းလှမ်းမှုကို လက်မခံဘူးဆိုရင် ဒိန်းမတ်သားကို ခေါ်ယူရေး ထပ်မံ ကြိုးစားမှာ မဟုတ်ဘဲ အခြား ပစ်မှတ်တွေကို ပြောင်းလဲ ချိတ်ဆက်မှာဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ကပဲ မန်ချက်စတာ ယူနိုက်တက်ဟာ ဟွိုင်လန်းအတွက် ကမ်းလှမ်းမှုတစ်ခု လုပ်ထားခဲ့သေးတာပါ။ မန်ချက်စတာ ကလပ်ကတော့ ယူရို သန်း ၅၀ + ယူရို ၁၀ သန်း ပေးမယ်လို့ နှုတ်အားဖြင့် အရင် ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

ဟွိုင်လန်း ကိုယ်တိုင်ကတော့ အတ္တလန်တာကနေ ထွက်လိုကြောင်း သတင်းပို့ထားသလို သူဟာ ပြင်သစ်ကလပ်နဲ့ ပုဂ္ဂိုလ်ရေး ကိစ္စ အကောင်းမြင်စရာ အခြေအနေမှာ ရှိနေပါတယ်။ ယူနိုက်တက်ကလည်း တိုက်စစ်သမားနဲ့ ပုဂ္ဂိုလ်ရေးပိုင်း စကားပြောမှု အဆင်ပြေထားခဲ့ပြီး ဖြစ်ပါတယ်။

အတ္တလန်တာဟာ ဟွိုင်လန်းအတွက် ကစားသမား အလဲအထပ် မလိုချင်ဘဲ ငွေသား သီးသန့် ရလိုနေတာကြောင့် ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းမှုကို လက်ခံမလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ယူနိုက်တက် နည်းပြ တန်ဟက်ကတော့ ဒီနေ့ နံနက်ပိုင်းက ရီးရဲလ်မက်ဒရစ် ကို ရှုံးနိမ့်တဲ့ ခြေစမ်းပွဲ အပြီးမှာ သူ့အသင်းက နံပါတ် ၉ (အထောင်) တိုက်စစ်မှုး လိုကို လိုအပ်နေကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါသေးတယ်။