နစ်နာရတဲ့ ဇင်ချန်ကို ဒဏ်ရာ၊ အံ့သြနေတဲ့ ရိုက်စ်၊ သန်း ၃ဝ အထက်နဲ့ ရောင်းမယ့် တိုက်စစ်မှုးနဲ့ နောက်ဆုံးရ အာဆင်နယ် သတင်းများ

ကွင်းလယ်လူ တစ်ဦး ခေါ်ယူလိုနေတာကြောင့် အာဆင်နယ်ဘက်က ဆယ်တာဗီဂို ကြယ်ပွင့် ဗီဂါကို ချိတ်ဆက်မယ် ဆိုတဲ့ သတင်းတွေ ထွက်ရှိလာပြန်ပါတယ်။

အာတီတာလို နည်းပြမျိုးကို တွေ့မှပဲ ကိုယ်က ဘောလုံးနဲ့ပတ်သက်လာရင် ဘာမှကို မသိသေးပါလားဆိုတဲ့ အသိ ဝင်သွားခဲ့တယ်လို့ ဒီကလန်ရိုက်စ်က ပြောလာပါတယ်။ ရိုက်စ်ဟာ လေ့ကျင့်ရေးက ထိခိုက်ခဲ့မှုကြောင့် ဘာစီလိုနာပွဲကို လွဲချော်ခဲ့ပါတယ်။

ပဲလေစ့်အသင်းဟာ ဒီနွေဈေးကွက်မှာ အာဆင်နယ် လူငယ်တိုက်စစ်မှူး အန်ကတ်တီးယားကို ခေါ်ယူလိုနေကာ ပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀ အထက်မှာ ရှိမှာဖြစ်ပါတယ်။

နောက်ခံလူ ဇင်ချန်ကိုမှာ ကြွက်သား ဒဏ်ရာ ရှိနေခဲ့ပြီး ပြန်သက်သာလာအောင် ကြိုးစားနေကြောင်းနဲ့ အမေရိကန် ခရီးစဉ်မှာ အသင်းနဲ့အတူ သူ မပါနိုင်ခဲ့တာ နစ်နာကြောင်းလို့ အာတီတာက ပြောဆိုခဲ့ပါတယ်။

ခြေစမ်းပွဲမှာ အာဆင်နယ်က အဓိက ကစားသမားတွေကို ပွဲချိန်ပြည့် နီးပါး ထုတ်သုံးခဲ့တာနဲ့ အင်တိုက် အားတိုက် ကစားခဲ့တာ ကို ဘာစီလိုနာ နည်းပြဇာဗီက အတော်လေး သဘောမကျဖြစ်နေပါတယ်။

သောမက်စ် ပါတေး ဆက်နေဖွယ် ရှိနေခြင်းကို အာဆင်နယ်ဘက်ကလည်း သဘောကျမှု ရှိထားပါတယ်။ များပြားတဲ့ ပမာဏဖြင့် ကမ်းလှမ်းမှု မဟုတ်ခဲ့ရင် ပါတေးကို ထွက်ခွင့်ပေးမှာ မဟုတ်ပါဘူး။

ပါတေး ဆက်ရှိနေဖို့ များတာကြောင့် အာဆင်နယ်ဘက်က ဆောက်သမ်တန် ကွင်းလယ်လူ လာဗီယာကို ခေါ်ယူဖို့ ကြိုးစားသွားမှာ မဟုတ်ပါဘူး။ လက်တလောမှာ လာဗီယာကို လီဗာပူးအသင်းက စတင် ကမ်းလှမ်းနေပါပြီ။

အာဆင်နယ် အပါအဝင် ပရီးမီးယားလိဂ် ကလပ်အချို့ရဲ့ စောင့်ကြည့်ခြင်းကို ခံနေရတဲ့ ဖာရန် တောရက်စ်က သူ ဘာစီလိုနာမှာပဲ ဆက်နေမယ့်အကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။