မန်ချက်စတာ ယူနိုက်တက်ဟာ မက်ဂွဲရား အတွက် ဝက်စ်ဟမ်း အသင်းက ပေါင် သန်း ၂ဝ နဲ့ ကမ်းလှမ်းလာတာ ကို ငြင်းဆန် ပယ်ချလိုက်ပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ ယူနိုက်တက် ကွင်းလယ် ကစားသမား တော်မီနေး အတွက်လည်း နှုတ်နဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့သေးပြီး ပြောင်းရွှေ့ကြေး က ယူနိုက်တက် သတ်မှတ်ထားတဲ့ ပေါင် ၄၅ သန်း မဟုတ်တာကြောင့် မန်ချက်စတာ ကလပ်က ငြင်းဆန်ခဲ့ပါတယ်။
ချယ်ဆီးအသင်းဟာ ဘဏ္ဍာရေးရှင်းတမ်း တင်သွင်းမှုမှာ အချက်အလက် မပြည့်စုံမှုတွေ ရှိတာကြောင့် ယူအီးအက်ဖ်အေ က ယူရို ၁ဝ သန်း ဒဏ်ကြေး ချမှတ်လိုက်ပြီး အနောက်လန်ဒန်ကလပ်ကလည်း ထို ပြစ်ဒဏ်ကို လက်ခံခဲ့ပါတယ်။
ဂျူဗင်တပ် အသင်းရဲ့ ဘဏ္ဍာရေး ရှင်းတမ်းကလည်း မူမမှန်မှုတွေ ပါဝင်နေတယ် လို့ ယူအီးအက်ဖ်အေက သတ်မှတ်ခဲ့ပြီး တစ်ရာသီ ဥရောပ ပြိုင်ပွဲ ပါဝင်ခွင့်ကနေ ဖယ်ရှားလိုက်ပါတယ်။ ဒါကြောင့် ဂျူဗင်တပ်ဟာ လာမယ့်ရာသီ ယူရိုပါကွန်းဖရင့်လိဂ် ပါဝင် ကစားဖို့ ရှိနေရာကနေ ဖယ်ထုတ်ခံရပြီ ဖြစ်ပါတယ်။
စီ ရော်နယ်ဒို ဟာ ဘောလုံးထက် ငွေကြေးကို ဦးစားပေးလို့သာ ဆော်ဒီဘက်ကို ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့ ယူနိုက်တက်မှာ အငှား ကစားသွားတဲ့ တိုက်စစ်မှုးဟောင်း အီဂါလိုက စွပ်စွဲလိုက်ပါတယ်။
ဘရန့်ဖို့ဒ် ဂိုးသမား ဒေးဗစ် ရာယာ ကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ် အသင်းက ချဥ်းကပ်နေပါတယ်။
တိုက်စစ်မှုး ဘာလိုဂန် အတွက် အင်တာမီလန်က ပေါင် သန်း ၃ဝ နဲ့ ကမ်းလှမ်းလာပေမယ့် အာဆင်နယ်က ချက်ချင်း ပယ်ချလိုက်ပါတယ်။ အင်တာ အနေနဲ့ ကြေးကို ထပ်တိုး ကမ်းလှမ်းဖို့ ဂန်းနားတွေ့ အကြောင်းပြန်ခဲ့ပါတယ်။
ကိုင်စီဒိုနဲ့ သူ့ အေးဂျင့်တွေဟာ ဘရိုက်တန် အသင်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ကစားသမား အတွက် ပေါင် သန်း ၁ဝဝ ဈေးသတ်မှတ်ထားကနေ လျှော့ပေးဖို့ တောင်းဆိုတော့မှာ ဖြစ်ပါတယ်။ ချယ်ဆီးက ကိုင်စီဒို အတွက် ပေါင် သန်း ၈ဝ နဲ့ ကမ်းလှမ်းထားပြီး ဘရိုက်တန်က လက်မခံသေးပါဘူး။
ဘိုင်ယန်မြူးနစ်ဟာ တိုက်စစ်သမား ဆာဒီယို မာနေး အတွက် အယ်နာဆာအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီ ဖြစ်ပါတယ်။
မန်စီးတီးဟာ ဒီနွေမှာ အမ်ဘာပေ ကို ခေါ်ယူရေး ပြိုင်ဆိုင်မှုတွေထဲ ဝင်ပါသွားမှာ မဟုတ်ပါဘူး။ ပီအက်စ်ဂျီကတော့ သူ့ ကစားသမားကို ခေါ်ဖို့ ဥရောပအသင်းကြီးတွေထံ ချိတ်ဆက် မေးမြန်းနေပါတယ်။
ဥရောပ ထိပ်သီးကလပ်တွေဟာ စက်တင်ဘာလထဲမှာ သူတို့ အဓိက ကစားသမားတွေကို ဆော်ဒီပရိုလိဂ်ထံ လက်လွှတ်ရမှာ စိုးရွံ့နေပါတယ်။ ထို ကာလမှာသာ ဆိုရင် အစားထိုးဖို့လည်း ကစားသမားသစ် ပြန် ခေါ်နိုင်မှာ မဟုတ်ပါဘူး။