လီဗာပူးအသင်းဟာ ပီအက်စ်ဂျီ တိုက်စစ် ကြယ်ပွင့် အမ်ဘာပေအား အငှား တစ်ရာသီနဲ့ ခေါ်ယူရန် ပြောဆို ဆွေးနွေးနေကြောင်း ပြင်သစ်သတင်းတွေက ဖော်ပြနေပါတယ်။
မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟက်က တိုက်စစ်မှုး ရက်ဖို့ဒ်အား နောက်ရာသီ မှာ ဘောလုံးရာသီကောင်း ပိုင်ဆိုင်မယ်လို့ အာမခံချက် မရှိတာ သတိပေးလိုက်ပြီး အပြင် လူမှုဘဝ၊ ပရဟိတတွေနဲ့ အသင်း အပေါ် အားထုတ်မှု ဟန်ချက်ညီအောင် ထိန်းဖို့ ပြောဆိုလိုက်ပါတယ်။
ချယ်ဆီးအသင်းဟာ ကိုင်စီဒို မရရင် ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ် ကစားသမား ဗယ်ဗာဒီအား အရန် ပစ်မှတ်အဖြစ် ချိတ်ဆက်နေပြီ ဖြစ်ပါတယ်။
အာဆင်နယ် အသင်းမှ ဒီကလန်ရိုက်စ်၊ ဇင်ချန်ကိုနဲ့ ဘာလိုဂန် တို့ဟာ ကွန်မြူနတီ ဒိုင်းပွဲမှာ ပါဝင် ကစားဖို့ အချိန်မီ ကြံ့ခိုင်မှု ပြန်ပြည့်လာနိုင်အောင် ကြိုးစားနေကြပါတယ်။
ယူနိုက်တက် လူငယ်ကြယ်ပွင့် မိုင်နူး ဒဏ်ရာက ဘောလုံးရာသီ ပထမ တဝက်လုံး လွဲချော်ဖွယ် ရှိတာကြောင့် တော်မီနေးရဲ့ အိုးထရက်ဖို့ဒ်က ထွက်ခွာဖို့ အခြေအနေကလည်း အပြောင်းအလဲ ဖြစ်လာဖွယ် ရှိပါတယ်။
ဆော်ဒီကလပ် အယ်အက်တီဖက်အသင်းဟာ ဂျော်ဒန် ဟန်ဒါဆန်ကို ခေါ်ယူကြောင်း ကြေညာခဲ့တဲ့ သတင်းပို့စ် အောက်မှာ ဟန်ဒါဆန်ရဲ့ LGBT ထောက်ခံတဲ့ လှုပ်ရှားမှု ပြယုဂ် – သက်တန့်ရောင် လက်ပတ်နဲ့ ပုံတွေ comment လာပေးကြတဲ့ ရာပေါင်းများစွာသော reply တွေကို Hide လုပ်သွားခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် ဂိုးသမား နက်သန် ဘီရှော့ဟာ အသင်းကနေ အပြီး ထွက်ခွာဖို့ ပြင်ဆင်နေကြောင်း သတင်းထွက်ပေါ်လာပါတယ်။
ချယ်ဆီးအသင်းဟာ ရေးနက်စ်အသင်းထံမှ ကွင်းလယ် ကစားသမား Lesley Ugochukwu အား ယူရို ၂၇ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ကာ ဒီရက်ပိုင်း ဆေးစစ်တော့မှာ ဖြစ်ပါတယ်။