အာဆင်နယ်အသင်းဟာ ဘရန့်ဖိုဒ့် ဂိုးသမား ဒေးဗစ် ရာယာကို ခေါ်ယူဖို့ အံ့အားသင့်ဖွယ် ကြိုးစားလာကြောင်း အင်္ဂလန် သတင်းတွေ က ဖော်ပြလာပါတယ်။
မြောက်လန်ဒန်ကလပ်ဟာ စပိန်လက်ရွေးစင် ဂိုးသမားကို ပွဲထွက်နေရာအတွက် ရမ်းစ်ဒယ်နဲ့ ယှဉ်ပြိုင်စေဖို့ အလိုရှိနေတာပါ။
ဘရန့်ဖို့ဒ် နည်းပြ သောမတ်စ် ဖရန့်ကလည်း ရာယာ က အသင်းပြောင်းလိုကြောင်း အသိပေးထားတယ် လို့ ဝန်ခံလိုက်ပြီး ကစားသမား အတွက် သတ်မှတ် တန်ကြေးကိုပါ အင်တာဗျူးမှာ ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောဆိုထားပါတယ်။
” ကျနော်တို့ကတော့ ရောင်းဖို့ စောင့်နေတာပါ၊ ကမ်းလှမ်းမှုကောင်း ရမယ် မျှော်လင့်ပါတယ်။ ဒေးဗစ် (ရာယာ) ကိုယ်တိုင်ကလည်း သွားချင်တယ်။ ဒါက အဆင်ပြေပါတယ်။
ကလပ် တစ်သင်းသင်းက သူ့ကို ဝယ်ချင်ရင် ဈေးလာမေးရမှာပဲ။ ဒါက ရိုးရှင်းပါတယ်။ ဒါပေမယ့် ရိုးရိုးလေးကို ခက်အောင် လုပ်နေကြတာပါ။
သူက ပေါင် သန်း ၄ဝ တန်တယ်။ သူ့အတွက် ဒီလောက်တော့ ကျနေ်ာတို့ ရချင်တယ်။ သူ က ပြီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဂိုးသမား ၄ ယောက်ထဲ ပါပါတယ်။” လို့ နည်းပြ ဖရန့်က ပြောဆိုထားတာ ဖြစ်ပါတယ်။
ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ်ကလည်း ဂိုးသမားနေရာအတွက် ရာယာ ကို ချိန်ရွယ်ထားပြီး တစ်ရာသီ အငှား ခေါ်ယူလိုပါတယ်။ ဘရန့်ဖိုဒ့်ကတော့ နောက်နှစ် နွေမှာ စာချုပ်ကုန်မယ့် ဂိုးသမားဖြစ်သူကို သက်တမ်းတိုးဖို့ ဦးစားပေး ဖြစ်ပါတယ်။
ရာယာ ကိုယ်တိုင်ကတော့ အာဆင်နယ်ကို ပြောင်းရွှေ့လိုပြီး ဘရန့်ဖိုဒ့် ဂိုးနည်းပြဟောင်း ကန်နာနဲ့ ပြန်ပြီး လက်တွဲလိုစိတ်ရှိတယ်လို့ သိရပါတယ်။