အနာဂတ် အသင်းခေါင်းဆောင်၊ လွဲဦးမယ့် ခူးဒက်စ်နဲ့ ကန်ဆယ်လို၊ ဂိုးပစ်မှတ် ဒေးဗစ်ရာယာနဲ့ နောက်ဆုံးရ အာဆင်နယ် သတင်းများ

စမစ်ရိုးဟာ အာဆင်နယ်မှာ နေရာရဖို့ ခက်ခဲမယ်ဆိုတာ နားလည်ထားပေမယ့် သူ့ရဲ့ အခွင့်အရေးအတွက် ကိုယ်တိုင် ကြိုးစားကြည့်ဖို့ စိတ်ဆန္ဒ ပြင်းပြနေပါတယ်။

ဝက်စ်ဟမ်း အသင်းခေါင်းဆောင်ဟောင်း နိုဘယ်က ဒီကလန်ရိုက်စ်ဟာ အာဆင်နယ်ရဲ့ အနာဂတ် အသင်းခေါင်းဆောင် ဖြစ်လာမယ့်သူလို့ ဟောကိန်းထုတ်လိုက်ပါတယ်။

အာဆင်နယ်ပရိသတ်ဖြစ်တဲ့ ရပ်ပါ Jay-Z ဟာ မြောက်လန်ဒန် ဒါဘီကလပ် စပါးအသင်းကို ဝယ်ယူလိုနေကြောင်း သတင်းကြီးလာပါတယ်။

အာဆင်နယ်ဟာ ဂိုးသမားပိုင်း အင်အားဖြည့်ဖို့ ဘရန့်ဖိုဒ့်အသင်းမှ ဒေးဗစ် ရာယာကို ခေါ်ယူလိုနေပါတယ်။ သူ့ကို ရမ်းစ်ဒယ်ရဲ့ အရန်အဖြစ် ထားဖို့ မဟုတ်ဘဲ ပွဲထွက်ခွင့် ပြိုင်ဆိုင်စေဖို့ ဖြစ်ပါတယ်။

သတင်းထောက် ဘန် ဂျက်ကော့စ် ကတော့ အာဆင်နယ်ဟာ ကစားသမား ရောင်းချမှုတွေ လုပ်နိုင်ခဲ့ရင်တောင်မှ အေဂျက် ကွင်းလယ်လူ ခူးဒက်စ်အတွက် ကြိုးစားတော့မှာ မဟုတ်ဘူးလို့ ဖော်ပြလာပါတယ်။

မန်စီးတီးဟာ ကန်ဆယ်လိုကို အာဆင်နယ်ထံ ရောင်းချဖို့ အစီအစဉ် မရှိပါဘူး။ ပေါ်တူဂီသားကို ဘာစီလိုနာကလည်း ခေါ်ယူလိုနေပြီး ဒမ်ဘီလီ အပြောင်းအရွှေ့ ပြီးရင် ချိတ်ဆက်မှု လုပ်ဖွယ် ရှိပါတယ်။

ပရီးမီးယားလိဂ် ဝါရင့် ခန့်မှန်းဆရာကြီး ပေါမာဆန်က မန်စီးတီးတို့ ဒီနွေမှာ အားဖြည့်မှု နည်းပါးနေခြင်းက ပိုမို တောင့်တင်းလာနေတဲ့ အာဆင်နယ်အတွက် အားသာချက်ပါလို့ ထုတ်ပြောလာပါတယ်။

အင်တာမီလန်ဟာ အာဆင်နယ် တိုက်စစ်မှုး ဘာလိုဂန်ကို ခေါ်ယူဖို့ မတိုင်ခင် သူတို့ တိုက်စစ်သမား ကော်ရဲရာကို ရောင်းချနိုင်ဖို့ ကြိုးစားနေပြီ ဖြစ်ပါတယ်။