ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးနဲ့ ဒုတိယနေရာ ရခဲ့တဲ့ အာဆင်နယ် အသင်းတို့ဟာ ကွန်မြူနတီဒိုင်း ပွဲစဉ် ကစားပြီး ဘောလုံးရာသီရဲ့ ပထမဆုံး ဆုဖလားကို ရယူဖို့ ပြိုင်ဆိုင် ကြိုးစားကြတော့မှာ ဖြစ်ပါတယ်။
ဒီပွဲစဉ်ဟာ ဘယ်လိုတွေ ကစားကြမလဲ၊ ဘယ်ရလဒ် ထွက်လာမလဲ ဆိုတာကို နာမည်ကျော် AI ပလက်ဖောင်း ဖြစ်တဲ့ ChatGPT ကို မေးမြန်းရာ အသေးစိတ်ကို ပြန် ဖြေကြားလာတယ် လို့ သိရပါတယ်။
” ကွန်မြူနတီဒိုင်း ပွဲစဉ်မှာ မန်စီးတီးက က ဘာနာဒို ဆေးလ်ဗား သွင်းဂိုးနဲ့ ပထမပိုင်း အပြီးမှာ ဦးဆောင် ထားမှာပါ။ ဒုတိယပိုင်း မှာတော့ အာဆင်နယ်တို့ ပြန် ကြိုးစားလိုက် ကစားလာပြီး ပွဲချိန် ၅၇ မိနစ်မှာတော့ အာဆင်နယ် ခံစစ်မှုး ဂါဘရီရယ်လ်က ချေပဂိုး သွင်းယူခဲ့ပါတယ်။
ဒါပေမယ့်လည်း မန်ချက်စတာ စီးတီး တိုက်စစ်မှုး ဟာလန်းက ၂ဂိုး ထပ်မံ သွင်းယူ ခဲ့တာကြောင့် အဆုံးမှာတော့ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးက ၃-၁ နဲ့ နိုင်ပြီး ကွန်မြူနတီဒိုင်းကို သိမ်းပိုက်သွားပါမယ်။ ” လို့ ChatGPT ရဲ့ ခန့်မှန်း အဖြေထဲမှာ ဖော်ပြထားပါတယ်။
ChatGPT ရဲ့ ပွဲ ရလဒ် ခန့်မှန်း ကတော့ မန်ချက်စတာ စီးတီး ၃-၁ အာဆင်နယ် ဖြစ်ပါတယ်။
ကွန်မြူနတီဒိုင်း အဖြစ် မန်စီးတီးနဲ့ အာဆင်နယ် အသင်းတို့ဟာ ပွဲစဉ်လာမယ့် သြဂုတ်လ ၆ ရက်၊ တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၉နာရီခွဲ အချိန်မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။