လီဗာပူး ကမ်းလှမ်းနေတဲ့ လာဗီယာ အတွက် စိန့်တွေ ပေါင် သန်း ၅ဝ ကနေ လုံးဝ မလျှော့နိုင်တာ မန်စီးတီးကြောင့်ပါ

ဆောက်သမ်တန် အသင်းဟာ သူတို့ ကွင်းလယ် ကစားသမား လာဗီယာ အတွက် လီဗာပူးအသင်းရဲ့ ပေါင် ၄၁ သန်း ကမ်းလှမ်းမှုကို ထပ်မံ ပယ်ချလိုက်ပြန်ပါတယ်။

လာဗီယာ အတွက် စိန့်တွေက ရောင်းဈေး ပေါင် သန်း ၅ဝ လို့ သတ်မှတ်ထားပြီး နည်းနည်မှ လျှော့ပေးလိုခြင်း မရှိပါဘူး။ ဒါကလည်း မန်စီးတီးကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

အကြောင်းကတော့ မန်စီးတီးဟာ လာဗီယာ ကို ဆောက်သမ်တန်ထံ ရောင်းချစဉ်က အောက်ပါ အချက်တွေ ထည့်သွင်း ထားတာကြောင့် ဖြစ်ပါတယ်။

– မန်စီးတီးဟာ လာဗီယာ ကို နောက်နှစ် နွေမှာ ပေါင် သန်း ၄ဝ နဲ့ ပြန်ဝယ်ခွင့် ထည့်သွင်းထားပါတယ်။

– အဲဒီမတိုင်ခင် ဒါမှမဟုတ် ဆောက်သမ်တန်က တခြားအသင်းကို ရောင်းချမယ် ဆိုရင် ပြောင်းရွှေ့ကြေးရဲ့ ၂ဝ % ကို မန်စီးတီး အား ပေးဖို့ sell on clause စာချုပ်မှာ ပါဝင်ပါတယ်။

ဒါကြောင့် ဆောက်သမ်တန် အနေနဲ့ ဒီနွေမှာ လာဗီယာ ကို ရောင်းပြီး ပေါင် သန်း ၄ဝ ငွေ ဖော်ချင်ရင် ပေါင် သန်း ၅ဝ ဈေးတင်ရောင်းမှသာ ရနိုင်မှာ ဖြစ်ပါတယ်။ ထို ပမာဏထက် ဆောက်သမ်တန်က နည်းနည်းမျှ လျှော့ပေးလိုခြင်း မရှိပါဘူး။

လာဗီယာ ဟာ ၂၀၂၀ မှာ အန်ဒါလက်ချ်ကနေ မန်စီးတီးထံ ရောက်ခဲ့ပြီး ပြီးခဲ့တဲ့ နွေကမှ ဆောက်သမ်တန်အသင်းထံ ၅ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့လာတာ ဖြစ်ပါတယ်။

လီဗာပူးအသင်းကတော့ သူတို့ ကွင်းလယ်လူ ဖာဘင်ညို အား ပေါင် သန်း ၄ဝ နဲ့ ဆော်ဒီဘက် ရောင်းထုတ်ပြီးကာမှ အစားထိုးဖို့ ကွင်းလယ် ခံစစ်သမား ရှာရ ခက်နေဆဲ ဖြစ်ကာ လာဗီယာ ကို ၂ကြိမ်တိုင် ကမ်းလှမ်းထားပါတယ်။