ကန်ဆယ်လိုရဲ့ အသင်းသစ်၊ ဂျေးဆု နာသွားခြင်း၊ ဂျူဗီနဲ့ သဘောတူညီမှု ရသွားတဲ့ လူကာကူနဲ့ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ

မန်စီးတီး နောက်ခံလူ ကန်ဆယ်လို ဟာ ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရသွားခဲ့ပြီ ဖြစ်ပါတယ်။ ကန်ဆယ်လိုဟာ ရာသီကုန်ထိ ကနဦး အငှားနဲ့ အရင် သွားရဖွယ် ရှိပြီး လစာကတော့ အသားတင် ယူရို သန်းလောက် ရမယ်လို့ သတင်းထောက် ရိုမန်နိုက ဖော်ထုတ်သွားပါတယ်။

ဟွိုင်လန်းကို လက်လွှတ်လိုက်ရတဲ့ ပီအက်စ်ဂျီဟာ ဘင်ဖီကာ တိုက်စစ်မှူး ဂွန်ကာလို ရာမိုစ့်ကို ယူရို သန်း ၈၀ ဖြင့် ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။

စပါးအသင်းဟာ အာဂျင်တီးနား ကလပ် Rosario Central အသင်းမှ အသက် ၂၀ အရွယ် တိုက်စစ်မှူး ဗယ်လစ်ကို ခေါ်ယူဖို့ စကားပြောဆိုနေပါပြီ။

လူကာကူနဲ့ ဂျူဗင်တပ်တို့ဟာ ၃ နှစ်စာချုပ်အပြင် နောက်ထပ် ၁ ရာသီ စာချုပ်ချုပ်ခွင့်နဲ့ သဘောတူညီမှု ရခဲ့ပါပြီ။ ပြောင်းရွှေ့ကြေး ပေါင် သန်း ၄၀ ဝန်းကျင် တန်ကြေးရှိမှာဖြစ်ကာ ချယ်ဆီးဘက်က ဗလာဟိုဗစ်ကို ခေါ်ယူလိုမလား စောင့်ဆိုင်းနေဆဲ ဖြစ်ပါတယ်။

အာဆင်နယ် တိုက်စစ်မှူး ဘာလိုဂန်ကို ခေါ်ယူရေးကနေ နောက်ဆုတ်ခဲ့တဲ့ အင်တာမီလန်ဟာ ဝက်စ်ဟမ်း တိုက်စစ်သမား စကမ်မက်ကာကို ယူရို ၂၅ သန်းဖြင့် ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။

မန်စီးတီးဟာ လိုက်ဇစ် ခံစစ်မှူး ဂါဗာဒီအောကို ယူရို သန်း ၉၀ ဖြင့် ခေါ်ယူဖို့ သဘောတူညီခဲ့ပြီဖြစ်ကာ ထပ်တိုးကြေးတွေနဲ့ ဆိုရင် ယူရို သန်း ၁၀၀ ကို ရောက်ရှိနိုင်ပါတယ်။

အာဆင်နယ်အသင်းမှာ တိုက်စစ်မှူး ဂျေဆု ဒူးဒဏ်ရာ ရသွားခဲ့တာမို့ သူ့နေရာမှာ ဘာလိုဂန်ကို ယာယီ အသုံးပြုရဖွယ် ရှိနေပါတယ်။

စင်္ကာပူခရီးစဉ်မှာ လီဗာပူး ကွင်းလယ်လူ မက်ကယ်လစ္စတာ ဒူးဒဏ်ရာ ရခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့ သိရပါတယ်။

အာဆင်နယ် တိုက်စစ်မှူး နီကိုးလပ်စ် ပေပေကို ခေါ်ယူဖို့ တူရကီကလပ် ဘက်ဆစ်တက် အသင်းက စိတ်ဝင်စားလာနေပါတယ်။

စပါးအသင်းဟာ ဝုဒ်ဘတ် ခံစစ်မှူး ဗန်ဒီဗန်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စတွေက အချိန်အတော်ကြာကြာတည်းက အောင်မြင်ထားပါပြီ။